
“တိန်”
==========
Unicode
တစ်ရွာလုံး နင့်ကြောင့် AIDS ဖြစ်ကုန်တော့မယ်…
လက်ရှိနိုင်ငံခြားတွင် အလုပ်လုပ်နေသူတဦး AIDS ဖြစ်လို့ သူ့အမေ ဆီကို ဖုန်းဆက်တယ် ….
ကယ်ပါ ဦးအမေ ကျနော် AIDS ဖြစ်နေပြီ
အမလေး ဖြစ်မှ ဖြစ်ရလေ ငါ့သားလေးရယ် …. ဒါဆို သား အိမ်ပြန်မလာ နဲ့တော့ နော် ….
“ဟာ …. ရက်စက် လိုက်တာ အမေရာ ဘာ့ကြောင့် ဒီလောက်ထိ ပြောထွက် ရတာလဲ”
“ဟဲ့ နင်ဘာသိလို့လဲ အရူးရဲ့ နင်ပြန်လာရင် နင့်မိန်းမဆီ ရောဂါ ကူးမှာပေါ့။ နင့်မိန်းမမှာ ရောဂါ ရရင် နင့်အကိုဆီ ရောဂါ ကူးမယ်။
နင့်အကိုမှာ ရောဂါရရင် အိမ်ဖော် ကောင်မလေးဆီ ကူးမယ်။ အိမ်ဖော် ကောင်မလေးမှာ ရောဂါရရင် နင့်အဖေဆီ ကူးမယ်။
နင့်အဖေဆီ ရောဂါရရင် ငါ့ညီမဆီ ကူးမယ်၊ ငါ့ညီမမှာရောဂါ ရရင် သူ့ယောက်ကျားဆီ ကူးမယ်
သူ့ယောက်ကျား ရောဂါ ရရင် ငါ့ဆီ ကူးပြီပေါ့ဟဲ့ ….
ငါရောဂါ ရရင် အိမ်က ကားဒရိုင်ဘာဆီ ကူးမှာပဲ။ ကားဒရိုင်ဘာဆီ ရောဂါ ကူးမှတော့ နင့်ညီမလည်း မလွတ်တော့ဘူး …
အဲ နင့် ညီမသာ A ကိုက်လို့ ကတော့ ရွာလုံးကျွတ် ဒုက္ခ ရောက်ပြီသာ မှတ်
ဒါကြောင့် … နင်မလာနဲ့ …. မလာနဲ့တော့ …
တရွာလုံးရဲ့ အသက်ကို ကယ်ပါ သားရယ် နင်အဲ့မှာပဲ အေးအေး ဆေးဆေး သေတော့နော် သား …”
“တိန်”
ခရက်ဒစ် မူရင်း မေတ္တာဖြင့် အပြုံး᠌
https://thadinyatkwat.com/archives/18578
No comments:
Post a Comment