ads

sponsor

Thursday, January 31, 2019

သင္သာထီေပါက္ခဲ့ရင္ ဘယ္လို ထုတ္ရမလည္းဆိုတာ သိခ်င္တဲ့သူေတြ အတြက္

သင္သာထီေပါက္ခဲ့ရင္ ဘယ္လို ထုတ္ရမလည္းဆိုတာ သိခ်င္တဲ့သူေတြ အတြက္

ရံုးခ်ဳပ္ေရာက္ရင္ အေပါက္ဝမွာ အဝင္အထြက္စစ္ေဆးတဲ့ အန္တီ(သို့)ဦးေလးကို ထီသြားထုတ္မလို့ ေျပာျပီး နာမည္ရယ္ မွတ္ပံုတင္ရယ္ေရး လက္မွတ္ထိုးရပါမယ္ ျပီးရင္ ၃လႊာကို ဓါတ္ေလွကား (သို့) ရိုးရိုးေလွကားက တတ္သြားပါ ဝင္ဝင္ခ်င္း ဓါတ္ေလွကားဘယ္ဘက္ျခမ္းမွာ ထီဆုေငြမ်ားထုတ္ယူရန္ဆိုျပီး ေရးထားတယ္ အာ့မွာ ေပါက္တဲ့ ထီလက္မွတ္ေတြကို ထုတ္ေပးပါတယ္။
အာ့ ထီလက္မွတ္ေနာက္ေက်ာ ဘယ္ဘက္ျခမ္းမွာ ဘက္လက္မနဲ့ လက္ေဗြႏွိပ္ရပါတယ္ ျပီးရင္ လက္ေဗြနားမွာ လက္မွတ္ထိုးေပးရမယ္ အိမ္ေထာင္စုစာရင္းမိတၱဴ မွတ္ပံုတင္မိတၱဴေတြကို ေပးရပါမယ္ ျပီးရင္ သူတို့ေတြက ေဖာင္ျဖည့္ဖို့အတြက္ ေဖာင္ ေပးလိမ့္မယ္ဆုေသးေတြဆိုရင္ေတာ့ တရက္နဲ့ ျပီးပါတယ္ ဆုေငြျကီးရင္ေတာ့ ရက္ခ်ိန္းတရက္ျပန္ခိိ်န္းပါတယ္ ခ်က္လက္မွတ္ရဖို့အတြက္ ေဖာင္ထဲက ေနရပ္လိပ္စာကို အိမ္ေထာင္စုစာရင္းထဲမွာပါတဲ့အတိုင္းထည့္ေပးရမွာေနာ္
ေဖာင္ျဖည့္ျပီးရင္ ခဏထိုင္ေစာင့္ရပါတယ္ နာမည္ေခၚတာနဲ့ ေဖာင္ထဲမွာ လက္ေဗြထပ္နွိပ္ရပါတယ္ တံဆိပ္ေခါင္းဖိုး ၅၀၀ ေပးရပါတယ္ ျပီးရင္ ေဘးနားက အခန္းကို ဝင္သြားပါ အာ့မွာ စာေရးမ အန္တီျကီးေတြက သူတို့ အဆင့္ဆင့္ လုပ္ေဆာင္ျပီးေနာက္ လက္မွတ္ထိုးေပး ဆက္သြယ္ရန္ ph no. ေရးေပး ျပီးရင္ ခ်က္လက္မွတ္တစ္ခုေပးလိုက္လိမ့္မယ္အာ့ ခ်က္လက္မွတ္ကို လသာလမ္းနဲ့ ကမ္းနားလမ္းက ျမန္မာ့စီးပြားေရးဘဏ္ ၅ မွာ သြားထုတ္ရပါမယ္။
(မွတ္ခ်က္)ဆုေသးရင္ေတာ့ ကိုယ္ သြားထိုးခဲ့တဲ့ ထီဆိုင္မွာပဲ ထုတ္တာ ေကာင္းပါတယ္ နို့မို့ဆို သြားရမယ့္ ကားခ တံဆိပ္ေခါင္းခ လူေစာင့္ရတာနဲ့ အရမ္းအလုပ္ရႈပ္ပါတယ္ ခ်က္လက္မွတ္ရလို့ လသာကို သြားထုတ္ေတာ့လည္း ကားခထပ္ကုန္ေသး ဗိုက္ဆာလို့ မုန့္ဝယ္စားရင္လည္း ပိုက္ဆံက ထပ္ကုန္ေသးေတာ္ေသးျပီ ဒီေလာက္ပါပဲ။
Crd-ShoonLeiKayKhine
ရုံးချုပ်ရောက်ရင် အပေါက်ဝမှာ အဝင်အထွက်စစ်ဆေးတဲ့ အန်တီ(သို့)ဦးလေးကို ထီသွားထုတ်မလို့ ပြောပြီး နာမည်ရယ် မှတ်ပုံတင်ရယ်ရေး လက်မှတ်ထိုးရပါမယ် ပြီးရင် ၃လွှာကို ဓါတ်လှေကား (သို့) ရိုးရိုးလှေကားက တတ်သွားပါ ဝင်ဝင်ချင်း ဓါတ်လှေကားဘယ်ဘက်ခြမ်းမှာ ထီဆုငွေများထုတ်ယူရန်ဆိုပြီး ရေးထားတယ် အာ့မှာ ပေါက်တဲ့ ထီလက်မှတ်တွေကို ထုတ်ပေးပါတယ်။
အာ့ ထီလက်မှတ်နောက်ကျော ဘယ်ဘက်ခြမ်းမှာ ဘက်လက်မနဲ့ လက်ဗွေနှိပ်ရပါတယ် ပြီးရင် လက်ဗွေနားမှာ လက်မှတ်ထိုးပေးရမယ် အိမ်ထောင်စုစာရင်းမိတ္တူ မှတ်ပုံတင်မိတ္တူတွေကို ပေးရပါမယ် ပြီးရင် သူတို့တွေက ဖောင်ဖြည့်ဖို့အတွက် ဖောင် ပေးလိမ့်မယ်ဆုသေးတွေဆိုရင်တော့ တရက်နဲ့ ပြီးပါတယ် ဆုငွေကြီးရင်တော့ ရက်ချိန်းတရက်ပြန်ချိန်းပါတယ် ချက်လက်မှတ်ရဖို့အတွက် ဖောင်ထဲက နေရပ်လိပ်စာကို အိမ်ထောင်စုစာရင်းထဲမှာပါတဲ့အတိုင်းထည့်ပေးရမှာနော်
ဖောင်ဖြည့်ပြီးရင် ခဏထိုင်စောင့်ရပါတယ် နာမည်ခေါ်တာနဲ့ ဖောင်ထဲမှာ လက်ဗွေထပ်နှိပ်ရပါတယ် တံဆိပ်ခေါင်းဖိုး ၅၀၀ ပေးရပါတယ် ပြီးရင် ဘေးနားက အခန်းကို ဝင်သွားပါ အာ့မှာ စာရေးမ အန်တီကြီးတွေက သူတို့ အဆင့်ဆင့် လုပ်ဆောင်ပြီးနောက် လက်မှတ်ထိုးပေး ဆက်သွယ်ရန် ph no. ရေးပေး ပြီးရင် ချက်လက်မှတ်တစ်ခုပေးလိုက်လိမ့်မယ်အာ့ ချက်လက်မှတ်ကို လသာလမ်းနဲ့ ကမ်းနားလမ်းက မြန်မာ့စီးပွားရေးဘဏ် ၅ မှာ သွားထုတ်ရပါမယ်။
(မှတ်ချက်)ဆုသေးရင်တော့ ကိုယ် သွားထိုးခဲ့တဲ့ ထီဆိုင်မှာပဲ ထုတ်တာ ကောင်းပါတယ် နို့မို့ဆို သွားရမယ့် ကားခ တံဆိပ်ခေါင်းခ လူစောင့်ရတာနဲ့ အရမ်းအလုပ်ရှုပ်ပါတယ် ချက်လက်မှတ်ရလို့ လသာကို သွားထုတ်တော့လည်း ကားခထပ်ကုန်သေး ဗိုက်ဆာလို့ မုန့်ဝယ်စားရင်လည်း ပိုက်ဆံက ထပ်ကုန်သေးတော်သေးပြီ ဒီလောက်ပါပဲ။
Crd-ShoonLeiKayKhine

https://thadinyatkwat.com/archives/18649

No comments:

Post a Comment