ေလးတန္းေက်ာင္းသားေလးတဦးကို မူးယစ္ေဆးဝါးလက္၀ယ္ေတြ႔ရွိမႈျဖင့္ ဖမ္းဆီး…!

ထုိင္း/ျမန္မာနယ္စပ္ ျမ၀တီျမိဳ႕ ေသာင္ရင္းျမစ္အတြင္း ေရလယ္ကြၽန္းတြင္ေနထုိင္သည့္ ေမာင္ေအာင္ကုိၿဖိဳးဆိုသူ စတုတၳတန္းေက်ာင္းသားေလးတဦးကို ဇန္န၀ါရီ ၃၀ ရက္ နံနက္ပိုင္းက မူးယစ္ေဆးဝါးမႈျဖင့္ ထုိင္းနယ္ျခားေစာင့္ရဲက ဖမ္းဆီးလုိက္ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ဇန္နဝါရီ ၃ဝ ရက္ နံနက္ ၈ နာရီအခ်ိန္က ျမဝတီၿမိဳ႕ အ.လ.က (၃) ေက်ာင္းသုိ႔သြားရန္ ျပင္ဆင္ေနေသာ စတုတၳၳတန္းေက်ာင္းသား ေမာင္ေအာင္ကုိၿဖိဳး(၁၃)ႏွစ္သည္ ေရလယ္ကြၽန္းမွထြက္လာစဥ္ အမည္မသိ အသက္ ၄ဝ ခန္႔အမ်ဳိးသားတဦးမွ မုန္႔ဖုိး (၂ဝဝဝ) က်ပ္ေပးၿပီး စကၠဴထုပ္ေသး ၁ ထုပ္အား ေက်ာင္းသုိ႔ယူသြားေပးရန္ႏွင့္ ေက်ာင္းေရာက္လွ်င္ သူလာယူမည္ဟု ေျပာသျဖင့္
အထုပ္ကိုလက္ကကုိင္ၿပီး ေက်ာင္းသို႔သြားရန္ ဇီးေတာဂိတ္မွစက္ေလွစီးရန္ေစာင့္ဆိုင္းေနစဥ္ ထုိင္းနယ္ျခားေစာင့္တပ္ဖြဲ႔တဦးက ေမာင္ေအာင္ကုိၿဖိဳးကုိင္ထားေသာစကၠဴထုပ္အား စစ္ေဆးၾကည့္ရာ WY စာတန္းပါ ပန္းေရာင္စိတ္ႂကြ႐ူးသြပ္ေဆးျပား ၃ ျပား ေတြ႔႐ွိရသျဖင့္ ဖမ္းဆီးၿပီး မဲေဆာက္ ပုလိပ္မင္းၾကီး႐ုံးသု႔ိ ပုိ႔ေဆာင္လုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကြၽန္ေတာ္တုိ႔လည္း ထုိင္းဘက္ကုိခ်ိတ္ဆက္ၿပီး ေက်ာင္းသားေလးကုိျပန္လႊတ္ေပးဖုိ႔ ေျပာပါတယ္။ ဒါေပမဲ့ ထုိင္းႏိုင္ငံဥပေဒအရေဆာင္ရြက္ရမွာျဖစ္တဲ့အတြက္ လႊတ္ေပးလုိ႔မရေၾကာင္းနဲ႔ သူတုိ႔ႏုိင္ငံဥပေဒအရ ကေလးသူငယ္ထိန္းသိန္းေရးစခန္းမွာ ၁ လထိန္းသိမ္းထားၿပီး ေနာက္မျဖစ္ေစဖုိ႔ ဆုံးမသြန္သင္သြားရမယ္။ ၁ လျပည့္ရင္ေတာ့ ျပန္လႊတ္ေပးမွာျဖစ္ပါတယ္”ဟု ျမဝတီၿမိဳ႕မစခန္းမွဴး ဒုရဲမွဴး မင္းကုိက ေျပာသည္။
အဆုိပါျဖစ္စဥ္ႏွင့္ပတ္သက္၍ သတင္းရလွ်င္ရခ်င္း မဲေဆာက္အေျခစုိက္ အေထြေထြလူမႈကူညီေရး႐ုံးမွ မန္ေနးဂ်င္းဒါ႐ုိက္တာ ကုိသားႀကီးကလည္း ေမာင္ေအာင္ကိုျဖိဳးလြတ္ေျမာက္ေရးအတြက္ မဲေဆာက္ ပုလိပ္မင္းၾကီး႐ုံးသုိ႔လုိက္သြားၿပီး အျဖစ္မွန္ကိုတင္ျပေျပာဆိုေပးခဲ့ေၾကာင္း သိရသည္။
ကုိကုိ(ျမဝတီ)News Watch
Unicode
ထိုင်း/မြန်မာနယ်စပ် မြဝတီမြို့ သောင်ရင်းမြစ်အတွင်း ရေလယ်ကျွန်းတွင်နေထိုင်သည့် မောင်အောင်ကိုဖြိုးဆိုသူ စတုတ္ထတန်းကျောင်းသားလေးတဦးကို ဇန်နဝါရီ ၃၀ ရက် နံနက်ပိုင်းက မူးယစ်ဆေးဝါးမှုဖြင့် ထိုင်းနယ်ခြားစောင့်ရဲက ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၃ဝ ရက် နံနက် ၈ နာရီအချိန်က မြဝတီမြို့ အ.လ.က (၃) ကျောင်းသို့သွားရန် ပြင်ဆင်နေသော စတုတ္ထ္ထတန်းကျောင်းသား မောင်အောင်ကိုဖြိုး(၁၃)နှစ်သည် ရေလယ်ကျွန်းမှထွက်လာစဉ် အမည်မသိ အသက် ၄ဝ ခန့်အမျိုးသားတဦးမှ မုန့်ဖိုး (၂ဝဝဝ) ကျပ်ပေးပြီး စက္ကူထုပ်သေး ၁ ထုပ်အား ကျောင်းသို့ယူသွားပေးရန်နှင့် ကျောင်းရောက်လျှင် သူလာယူမည်ဟု ပြောသဖြင့်
အထုပ်ကိုလက်ကကိုင်ပြီး ကျောင်းသို့သွားရန် ဇီးတောဂိတ်မှစက်လှေစီးရန်စောင့်ဆိုင်းနေစဉ် ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့တဦးက မောင်အောင်ကိုဖြိုးကိုင်ထားသောစက္ကူထုပ်အား စစ်ဆေးကြည့်ရာ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၃ ပြား တွေ့ရှိရသဖြင့် ဖမ်းဆီးပြီး မဲဆောက် ပုလိပ်မင်းကြီးရုံးသို့ ပို့ဆောင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့လည်း ထိုင်းဘက်ကိုချိတ်ဆက်ပြီး ကျောင်းသားလေးကိုပြန်လွှတ်ပေးဖို့ ပြောပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံဥပဒေအရဆောင်ရွက်ရမှာဖြစ်တဲ့အတွက် လွှတ်ပေးလို့မရကြောင်းနဲ့ သူတို့နိုင်ငံဥပဒေအရ ကလေးသူငယ်ထိန်းသိန်းရေးစခန်းမှာ ၁ လထိန်းသိမ်းထားပြီး နောက်မဖြစ်စေဖို့ ဆုံးမသွန်သင်သွားရမယ်။ ၁ လပြည့်ရင်တော့ ပြန်လွှတ်ပေးမှာဖြစ်ပါတယ်”ဟု မြဝတီမြို့မစခန်းမှူး ဒုရဲမှူး မင်းကိုက ပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းရလျှင်ရချင်း မဲဆောက်အခြေစိုက် အထွေထွေလူမှုကူညီရေးရုံးမှ မန်နေးဂျင်းဒါရိုက်တာ ကိုသားကြီးကလည်း မောင်အောင်ကိုဖြိုးလွတ်မြောက်ရေးအတွက် မဲဆောက် ပုလိပ်မင်းကြီးရုံးသို့လိုက်သွားပြီး အဖြစ်မှန်ကိုတင်ပြပြောဆိုပေးခဲ့ကြောင်း သိရသည်။
ကိုကို(မြဝတီ)News Watch
https://thadinyatkwat.com/archives/18632
No comments:
Post a Comment