မေရာင္းခ်ေသးမီ ေပ်ာက္သြားတဲ့ ထီလက္မွတ္ေတြထဲကေန ေပါက္ဂဏန္းပါခဲ့ရင္ ဂဏန္းျပန္ေ႐ြးမယ္

မေရာင္းခ်ရမီ ေပ်ာက္ဆံုးသြားတဲ့ ထီလက္မွတ္ေတြထဲကေန ေပါက္ဂဏန္းပါခဲ့ရင္ ဂဏန္းျပန္လည္ေရြးခ်ယ္သြားမယ္လုိ႔ ေအာင္ဘာေလသိန္းဆုဌာနခြဲကေန ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။
Photo- ေအာင္ဘာေလ ထီ
မနက္ျဖန္ ေဖေဖာ္၀ါရီလ ၁ ရက္ေန႔မွာ ဖြင့္လွစ္မယ့္ ၂၃ ႀကိမ္ေျမာက္ က်ပ္ ၅၀၀ တန္ ေအာင္ဘာေလသိန္းဆုထီဖြင့္ပြဲအတြက္ ထီလက္မွတ္ေတြ ျဖန္႔ခ်ီရာမွာ မေရာင္းခ်ရေသးမီ လမ္းခရီးမွာ ထီလက္မွတ္အေစာင္ေရ ၁၄၁၃၅ ေစာင္ေပ်ာက္ဆုံးခဲ့တယ္လို႔သိရပါတယ္။
အဲ့ဒီထီလက္မွတ္ေတြက ေအာင္ဘာေလသိန္းဆုဌာနခြဲ(မႏၱေလးရုံးခြဲ)ကေန မေကြးတိုင္းေဒသၾကီး ပြင့္ျဖဴျမိဳ႕ကုိ စာတိုက္ေခ်ာနဲ႔ ပုိ႔ေဆာင္ရာလမ္းခရီးမွာ ေပ်ာက္ဆုံးခဲ့တာျဖစ္ပါတယ္။
ဒီထီေတြဟာမေရာင္းရေသးတာေၾကာင့္ မနက္ျဖန္ ေဖေဖာ္၀ါရီလ ၁ ရက္ ထီဖြင့္တဲ့ေန႔မွာ အဲ့ဒီ ထီလက္မွတ္ နံပါတ္ေတြက ဆုမဲေတြထြက္ေပၚလာတယ္ဆုိရင္ အထူးဆုၾကီးစနစ္ျဖစ္ေစ ဆုတစ္ဆုခ်င္းစနစ္တြင္ျဖစ္ေစ ေရာင္းခ်ရတဲ့ ထီလက္မွတ္ ဂဏန္းထြက္ေပၚလာတဲ့အထိ ျပန္လည္ဖြင့္လွစ္ေပးသြားမယ္လုိ႔ ဇန္န၀ါရီ ၁၁ ရက္က ေအာင္ဘာေလသိန္းဆုဌာနခြဲကေၾကညာထားတာပါ။
အကယ္၍ ေ၀ေ၀ဆာဆာပေဒသာ ဆုမဲစနစ္မွာ ေပါက္ေနရင္ ဆုမဲတန္ဖိုး စုစုေပါင္းအတြက္ ဖြင့္လွစ္ေပးမယ့္ ဆုမဲေတြ ေၾကညာျပီး အစားထိုးျပန္လည္ဖြင့္လွစ္ေပးသြားမယ္လုိ႔ေဖာ္ျပထားပါတယ္။
Credit
မရောင်းချရမီ ပျောက်ဆုံးသွားတဲ့ ထီလက်မှတ်တွေထဲကနေ ပေါက်ဂဏန်းပါခဲ့ရင် ဂဏန်းပြန်လည်ရွေးချယ်သွားမယ်လို့ အောင်ဘာလေသိန်းဆုဌာနခွဲကနေ ကြေညာချက် ထုတ်ပြန်ပါတယ်။
Photo- အောင်ဘာလေ ထီ
မနက်ဖြန် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဖွင့်လှစ်မယ့် ၂၃ ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲအတွက် ထီလက်မှတ်တွေ ဖြန့်ချီရာမှာ မရောင်းချရသေးမီ လမ်းခရီးမှာ ထီလက်မှတ်အစောင်ရေ ၁၄၁၃၅ စောင်ပျောက်ဆုံးခဲ့တယ်လို့သိရပါတယ်။
အဲ့ဒီထီလက်မှတ်တွေက အောင်ဘာလေသိန်းဆုဌာနခွဲ(မန္တလေးရုံးခွဲ)ကနေ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့ကို စာတိုက်ချောနဲ့ ပို့ဆောင်ရာလမ်းခရီးမှာ ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။
ဒီထီတွေဟာမရောင်းရသေးတာကြောင့် မနက်ဖြန် ဖေဖော်ဝါရီလ ၁ ရက် ထီဖွင့်တဲ့နေ့မှာ အဲ့ဒီ ထီလက်မှတ် နံပါတ်တွေက ဆုမဲတွေထွက်ပေါ်လာတယ်ဆိုရင် အထူးဆုကြီးစနစ်ဖြစ်စေ ဆုတစ်ဆုချင်းစနစ်တွင်ဖြစ်စေ ရောင်းချရတဲ့ ထီလက်မှတ် ဂဏန်းထွက်ပေါ်လာတဲ့အထိ ပြန်လည်ဖွင့်လှစ်ပေးသွားမယ်လို့ ဇန်နဝါရီ ၁၁ ရက်က အောင်ဘာလေသိန်းဆုဌာနခွဲကကြေညာထားတာပါ။
အကယ်၍ ဝေေ၀ဆာဆာပဒေသာ ဆုမဲစနစ်မှာ ပေါက်နေရင် ဆုမဲတန်ဖိုး စုစုပေါင်းအတွက် ဖွင့်လှစ်ပေးမယ့် ဆုမဲတွေ ကြေညာပြီး အစားထိုးပြန်လည်ဖွင့်လှစ်ပေးသွားမယ်လို့ဖော်ပြထားပါတယ်။
Credit
https://thadinyatkwat.com/archives/18672
No comments:
Post a Comment