Facebookမှာစာတစ်ကြောင်းနဲ့ ထောင် ၃ နှစ်ကျနိုင်သော ၆၆( ဃ )Facebook သုံးသူတိုင်းသိထားသင့်လို့ ရှဲပေးကြပါ။

Facebookမှာစာတစ်ကြောင်းနဲ့ ထောင် ၃ နှစ်ကျနိုင်သော ၆၆( ဃ )Facebook သုံးသူတိုင်းသိထားသင့်လို့ ရှဲပေးကြပါ။
၆၆။ မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ၃နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်၂ရပ်လုံးဖြစ်စေချမှတ်ရမည်။(က) ဆက်သွယ်ရေး ကွန်ယက်အတွင်းသို့ ယင်း၏ပိုင်ရှင် (သို့မဟုတ်) စီမံခန့်ခွဲခွင့်ရှိသူ၏ ခွင့်ပြုချက်မရှိပဲ ဝင်ရောက်နှောင့်ယှက်ခြင်း၊ စံချိန်စံညွှန်း သတ်မှတ်ချက်ကိုဖြစ်စေ၊ မူလအနေ အထားကိုဖြစ်စေပြောင်းလဲခြင်း (သို့မဟုတ်) ဖျက်ဆီးခြင်း။(ခ) ဆက်သွယ်ရေးကွန်ယက်ကို ထိခိုက်စေရန် ဗိုင်းရပ်စ် (သို့မဟုတ်) အခြားနည်းနဲ့ ဝင်ရောက်စေခြင်း။
(ဂ) ဆက်သွယ်ရေးကွန်ယက်ကို သုံး၍ ငွေကြေးနဲ့ပစ္စည်းကို ခိုးယူခြင်း၊ လိမ်လည်ခြင်း၊ အလွဲသုံးစားလုပ်ခြင်း (သို့မဟုတ်) အကျိုးပျက်စေခြင်း(ဃ) ဆက်သွယ်ရေးကွန်ယက်ကိုသုံးပြီး လူတစ်ယောက်ကို ခြောက်လှန့်ခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရားတားဆီး ကန့်ကွက်ခြင်း အသရေဖျက်ခြင်း၊ နှောက်ယှက်ခြင်း၊ မလျှော်သြဇာ သုံးခြင်း ၊ခြိမ်းခြောက်ခြင်း မရိုးဖြောင့်သောနည်းဖြင့် ပြန်လည် ဖြန့်ဝေခြင်း။နားရှင်အောင်ပြောရရင်(က) facebook /Gmail ကို ခိုးယူခြင်းပါ။ Password ပြောင်းခြင်း၊ Gmail ပြောင်းခြင်းပါ။(ခ) link အတုတွေကတဆင့် အချက်အလတ် password ခိုးယူခြင်းပါ။(ဂ) online shop ကတဆင့် ငွေလိမ်ယူခြင်းမျိုးပါ။
(ဃ) facebook ကတဆင့် လူတစ်ယောက်ကို ဆဲဆို ခြိမ်းခြောက်ခြင်း၊ mention ခေါ်ဆဲခြင်း၊ပုံတွေသုံး မဟုတ်သတင်းရေးခြင်း၊ ပျက်ဆီးစေမှုနဲ့ tag တွဲခြင်းpost ကို share အဖြစ်တင်ခြင်း၊ မရိုးသားသည့်သဘောဖြင့် Photo Comment ပြု လုပ်၍ မန့်ခြင်း။ စတဲ့ အပြုအမူတွေ ကျူးလွန်ရင် ကိုယ်တိုင်တရားဆွဲစရာမလိုပဲ ကြားလူတစ်ယောက်က အမှုဖွင့်ပေးရုံနဲ့ အာမခံမရှိ ထောင်၃နှစ်ချလို့ရပါတယ်။ screenshot သက်သေ အထောက်အထားနဲ့ ကျိန်းသေ ထောင်ကျအောင်ချလို့ရတယ်။ပုဒ်မ ၆၆ (ဃ) ကို ယနေ့ facebookေ ပ်ါမှာ ကျူးးလွန်နေသူတွေ အများကြီးပါ။
ချမှတ်ပြီးသား ဥပဒေအတွင်းမှာ ဟောင်းသွားတာမရှိဘူး။ ဥပဒေ မပြုရသေးခင်သာ နောက်ကြောင်းပြန် အရေးယူမရတာ။တကယ်တမ်းဉပဒေကို နားလည်သူက လူတစ်ယောက်ကို By name တပ် facebook ပေါ်စော်ကားဖို့နေနေသာ share တာတောင် သတင်း ပိုစ့် ပညာပေး ပိုစ့်လောက် share ရဲတာ Comment ပေးတာတောင် သတိထားပေးကြရတယ်။ စာတစ်ကြောင်းနဲ့ ထောင်၃နှစ် ကျနိုင်ပါတယ်။ credit to မူရင်းရေးသားဝေမျှသူ
No comments:
Post a Comment