ads

sponsor

Monday, May 20, 2019

အမေရိကန်မှ Huawei ကုမ္ပဏီအား နိုင်ငံတော် လုံခြုံရေး

Image may contain: textအမေရိကန်မှ Huawei ကုမ္ပဏီအား နိုင်ငံတော် လုံခြုံရေး
ခေါင်းစဉ်ဖြင့် ကန့်သတ်  တားမြစ်
အမေရိကန်မှ Huawei ကုမ္ပဏီအား နိုင်ငံတော် လုံခြုံရေး
ခေါင်းစဉ်ဖြင့် ကန့်သတ် / တားမြစ်

Huawei ကို အမေရိကန်မှ ကန့်သတ် တားမြစ်လိုက်သည့်အတွက် Microsoft နှင့် Google ထုတ်ကုန် အချို့ကို အသုံး
ပြု၍ ရနိုင်တော့မည်မဟုတ်ကြောင်းသိရသည်။

တကမ္ဘာလုံးတွင် ဒုတိယ အကြီးဆုံး မိုဘိုင်း ကုမ္ပဏီဖြစ်သည့် Huawei ကုမ္ပဏီ အနေဖြင့် Backup, Plan B အတွက် စဉ်းစားထားကြောင်း Mobile နှင့် Computer များအတွက် ကိုယ်ပိုင် OS များ ထုတ်ရန် ရည်ရွယ်ထားကြောင်း၊ သို့သော် ၎င်း OS များသည် Microsoft နှင့် Google တို့၏ Windows နှင့် Android စနစ်တို့နှင့် လိုက်လျှောညီထွေဖြစ်စေမည့် Ecosystem ဖြစ်စေမည်ဟု Richard Yu (CEO) က
သောကြာနေ့က ပြောကြားသည်။

ထပ်မံ ထုတ်ဝေမည့် Mobile / Tablet များသည် Google Certified ဖြစ်နိုင်တော့မည်မဟုတ်ပဲ Play store / Gmail / Google Maps တို့ကဲ့သော ဝန်ဆောင်မှုများ ရရှိနိုင်မည် မဟုတ်ပေ။

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်၏ နိုင်ငံတော် လုံခြုံရေး အကြောင်းပြသော ကြေငြာချက်ဖြင့် Huawei ကုမ္ပဏီကို နာမည်ပျက် စာရင်းသွင်းခဲ့ပြီး မကြာမီ Google မှ Huawei နှင့် တွဲဖက် လုပ်ကိုင်လျှက်ရှိသော စာချုပ်နှင့် သဘောတူညီချက်များကို ပယ်ဖျက်ကြောင်းနှင့် Update များ ရရှိနိုင်တော့မည် မဟုတ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။

ချက်ခြင်းပင် Android အကြောင်း ဖော်ပြလေ့ရှိသော အွန်လိုင်းနည်းပညာ သတင်းဌာနများစွာမှ အထက်ပါ သတင်းများကို ဖော်ပြခဲ့ကြသည်။

Android နှင့် Open Source Library များကို လွတ်လပ်စွာ အသုံးပြုနိုင်ဦးမည် ဖြစ်သော်လည်း Huawei ပေါ်တွင် အထက်တွင် ဖော်ပြခဲ့သော Play Store, Google Maps, Gmail,
Google Chrome, Google Now, Google Plus, Google
Play Games, Google Play Music, Google Search Engine အစရှိသည့် ဝန်ဆောင်မှုများ ရရှိနိုင်တော့မည်
မဟုတ်ပေ။ ထို့အတူ US နှင့် မဟာမိတ် နိုင်ငံများတွင် Huawei ကိုတင်ပို့ရောင်းချခွင့် ဆုံးရှုံးသွားမည်ဖြစ်သည်။

မိုဘိုင်းဖုန်းဖြင့်​ ဂိမ်းကစားကြ​သော လူငယ်​များအတွက်
လည်း မိုဘိုင်းဂိမ်းအ​တော်​များများမှာ Google Play Games
Apk မှ တဆင့်​ GMail သို့မဟုတ်​ Facebook အ​ကောင့်
များနှင့်​ ချိတ်​ဆက်​ပြီး Log In ၀င်​ရသည်​ဖြစ်​ရာ Google
Service မရ​တော့လျင်​ Log In ၀င်​လို့မရ​တော့ပဲ လက်
ရှိလူအများဆုံးကစား​လေ့ရှိတဲ့ Mobile Legend နဲ့ PUBG
အ​ကောင့်​များ ပျက်​သွားနိုင်​ဖွယ်​ ရှိ​နေပါတယ်​...

တရုပ်ပြည်မှ ပြုပြင် ထုတ်ဝေသော MIUI ကဲ့သို့သော Rom များ ထပ်မံအသုံးပြုနိုင်သေးသည်ဟု မျှော်လင့်ရသော်လည်း Backup Plan အနေဖြင့် ကိုယ်ပိုင် OS ထုတ်ဝေထားသင့်ကြောင်း နည်းပညာသမားများစွာကော စီးပွားရေးရပ်ဝန်းမှပါ လက်ခံထားကြသည်။

Huawei တစ်ခုတည်းသာ မဟုတ်ပဲ ZTE အပါအဝင် အများအပြားကို ကန့်သတ်တားမြစ်ထားပြီဖြစ်သည်။

အမေရိကန်အခြေပြု Google, Microsoft, Qualcomm, Intel, and NVIDIA အစရှိသည့် နည်းပညာကုမ္ပဏီများပါ ဆက်သွယ် ပတ်သက်ခွင့် ကန့်သတ်သည့်အထဲ ပါဝင်သည်ဖြစ်ရာ အခြားသော ထိခိုက်နစ်နာမှုများစွာရှိနိုင်သေးသည်။

China အနေဖြင့် ယခင်တည်းက အစိုးရသုံး စက်များတွင် Lenovo + Kylin (Ubuntu Linux - Chinese Edition) ကိုအသုံးပြုထားသည်ဖြစ်ရာ Microsoft Windows အစား Linux များကို ထပ်မံ အစားထိုး အသုံးပြုနိုင်ဖွယ်ရှိသည်။

Android အနေဖြင့် ယခင်တည်းက ၎င်းတို့ နိုင်ငံနှင့် ဘာသာဗေဒ အခြေပြု Play store အစားထိုးနှင့် Google Search အစားထိုး နည်းပညာများရှိရာ Android Update တခုမှလွဲ၍ စိုးရိမ်စရာ မရှိလှပေ။

အ​မေရိကန်​မှ အခုလို Huawei ကို Black list စာရင်းထဲ
ထည့်​ပြီး Ban လိုက်​သည့်​အတွက်​ Huawei ၏ ​ဈေးကွက်
ဝေစုများစွာ​လျော့ကျ ပြီး ကမ္ဘာ့ ဒုတိယအကြီးဆုံး ထိပ်​တန်း
မိုဘိုင်းဖုန်းကုမ္ပဏီဆို​သော ဂုဏ်​ပုဒ်​ကို စွန့်​လွှတ်​ရဖွယ်
ရှိပါသည်​။

Android AOSP, EMUI များပေါ်တွင် Google Services
အစားထိုး Software များဖြင့် Migrate ပြုလုပ်မည်လော Android Replacement OS တခုထပ်ထုတ်မည်လော
စဉ်းစား စိတ်လှုပ်ရှားဖွယ်ရာ အချိန်ပင် ဖြစ်ပေတော့သည်။

( U.S က Huawei ကို Ban တဲ့အ​ပေါ် မြန်​မာနိုင်​ငံက
ဟွာ​ဝေးသုံးစွဲသူ​တွေအ​ပေါ် ဘယ်​လိုသက်​​ရောက်​မှု
ရှိလာနိုင်​မလဲ ဆိုတာမိတ်​​ဆွေတို့ရဲ့အမြင်​​လေး​တွေကို
လည်း ၀င်​​ရောက်​​ဆွေး​နွေး​ပေးကြပါဦး)

Credit to Ko Ko Ye
https://www.facebook.com/photo.php?fbid=758811701187401&set=gm.2503214926363756&type=3&theater&ifg=1

No comments:

Post a Comment