ads

sponsor

Tuesday, May 28, 2019

ကုသိုလ်လဲရ ဝမ်းလဲဝ

ကုသိုလ်လဲရ ဝမ်းလဲဝImage may contain: one or more people, people sitting, shoes, shorts and outdoor
***** ကုသိုလ်လဲရ ဝမ်းလဲဝ *****

ဆိုတဲ့ ခံယူချက်နဲ့ တချိန်က Sakura ဆေးရုံဖွင့်ခဲ့တာပါ

ယနေ့ အခြေအနေတွေ ကို တော့ မသိတော့ပါ
ကျွန်တော် ဆေးရုံ လုပ်ငန်း ကို ၁၉၉၇ ကနေ ၂၀၀၉ အထိ ၁၂ နှစ်လောက်လုပ်ကိုင်ခဲ့ဘူးပါတယ်
အမေရိကား တို့ ဂျပန် တို့ က ဆေးရုံ တွေ စီမံခန့်ခွဲ ပုံတွေ လေ့လာပါတယ်
နောက်ပီး Hospital Management စါ အုပ် တစ်အုပ် နဲ့ A&E practical treatment စါအုပ် တစ်အုပ် ကို Chicago ရောက်မန္တလေးဆေးတက္ကသိုလ်ဆင်း မြန်မာ ဆရာဝန် Chicago Children Hospital Medical University က Professor Dr.Paul Lim Chu နဲ့ ခင်ပွန်းဖြစ်သူ Dr. Myo Chit တိုရဲ့ ကူညီလမ်းညွန်မှု နဲ့ ဝယ်ယူခဲပြီး ဆေးရုံအုပ်ကြီးနဲ့ ဆရာဝန် သူနာပြုတွေ ကို ဆေးရုံ မဖွင့်ခင် ၃ လလောက် ကြို တင်ပြီး လစါတွေ ပေးပြီး လေ့ကျင့်သင်ကြားပေးခဲ့ဘူးပါတယ်
ကျွန်တော် ဆရာဝန် တဦး မဟုတ်ပါဘူး ဒါပေမဲ့ ၁၉၈၅ ခုနှစ်လောက်မှာ ကျွန်တော်ညီအစ်ကို လိုခင်သူ တဦးရဲ့ ဖခင် ရနိကုန် ဆေးရုံ ကြီး မှာ တက်ကုသမှု ခံယူ စဉ် က တွေ့ရှိခံစါးခဲ့ရတဲ့
ဆေးရုံ အပေါက်စေါင့်ကစလို့  သန့်ရှင်းရေးဝန်ထမ်း အဆုံး သူနာပြု အကူ နဲ့ သူနာပြု ဆိုတာကတော့ မြင်တာနဲ့ တင် အော့ကျောလံ ရွံကြောက်ကြောက်ရတဲ့ ခေတ်
တချို ဆရာဝန်တွေ က သဘောကောင်းကြပြီး တချို့ ဆရာဝန်တွေ ကတော့ တွေ့တာနဲ့ အိမ်က မွေးထားတဲ့ ခွေးလို ပဲ မြင်မြင် သမျှ ဟောင် တော့ တာတွေ လဲ ကြုံခဲ့ရဘူးတယ်
*** ဒါနဲ့ အဆင့်မြင့် ဆေးရုံ တခု နိုင်ငံခြားစတိုင် ဖွင့်ခြင်တဲ့ အိမ်မက် စိတ်ကူး တခု ပေါ်ခဲ့တယ် ဒါပေမဲ့ ၁၀ နှစ်လောက် ကြာသွားခဲ့တယ်
*** ဒီလို နဲ့ ၈၈ အရေးအခင်ဖြစ် ၉၀ ရွေးကောက်ပွဲ တွေ ဖြစ် အပြောင်အလဲတွေ ဖြစ်လာမယ်လို့ မျှော်လင့်ခဲ့တယ် ဒါနဲ့ ဟိုတယ် Chain တခု ပြည်တွင်း မှာ အကောင်အထည်ဖေါ်မယ်ဆိုပြီး ရူးခဲ့တယ်

*** ရန်ကုန်ဘူတာကြီးရှေ့ မှာ ၉၃ မှာ အစေါဆုံး
Cherry Hotel ဆိုတာ စဖွင့်ဖြစ်ခဲ့တယ်
*** နောက်တော့ ဦးဝိစါရလမ်း ထိပ်က အမျိုသားရေ
ကူး ကန် ဝင်းထဲ မှာ အိုလံပစ် ဟိုတယ် ကို ၉၆ မှာ
ဖွင့်ခဲ့တယ်
*** Sakura Hotel ဆိုပြီး Sakura ဆေးရုံ ကို MIC
ရဲ့ ကြိုတင်ခွင့်ပြုချက်နဲ့ ၁၉၉၄ မှာစတင်ဆောက်
လုပ်ခဲ့တယ်
*** နောက် ပုဂံမြိုသစ်မှာ ထန်းဥယျာဉ် ဟိုတယ်
( ယခု Myanmar Treasure Resort Hotel)
ကို ဒေါ်လာ သန်းချီ အကုန်ခံပြီး ဆောက်ခဲ့ တယ်
*** ဒါပေမဲ့ တိုင်းပြည် နိုင်ငံရေး အခြေ အနေတွေဟာ
အနိုင်ရ နိုင်ငံရေးသမားတွေ အာဏာ မရလို့ ဆန့်ကျင် မှုတွေ နိုင်ငံတကာ ကိုစီးပွားရေး ပိတ်ဆို့ မှုတွေ လုပ်ပြီး တပ်မတော် အစိုးရကို ဖြုတ်ချ ဖို့ အမျိုးမျို အရှိန်မြှင့် လုပ်ကိုင်လာတာကြောင့် ၉၆ လောက်စပြီး ဟိုတယ် လုပ်ငန်းများ ကြဆင်းလာခဲ့ ဒါကြောင့် အချိန်မီ အပြောင်း အလဲ လုပ် ဖို့ စဉ်းစါးတဲ့ အခါမှာ ဆေးရုံ ဖွင့် ဖို့ အိမ်မက်စိတ်ကူး က ပြန် ပေါ်လာ တော့ ဆေးရုံ ဖွင့်ဖြစ်သွားတာပါ

*** ဒါကြောင့် Sakura Hotel အစါး
Sakura Hospital လို့ ဖြစ်လာရတာပါ
ဆေးရုံ ဖွင့်စ ၁နှစ် ၂နှစ်လောက်ပဲ အချိန်ပြည့်ဦးစီးပြီး

*** အခြား ဟိုတယ် လုပ်ငန်းတွေ နဲ့ SIEC လို
နာမည်တွင်ခဲ့ တဲ့ Sakura International
Education Center ကို ပညာရေး ဝန်ဆောင်မှု လုပ်ငန်းအဖြစ် GCE 'O' level GCE 'A' နဲ့ စင်္ကာပူ Poly tech ကျောင်ဝင်ခွင့် စတဲ့ လုပ်ငန်းတွေ ကို အစေါ ဆုံး စတင်ခဲ့ဘူးပါတယ်
တခါတရံ ရင်နှီးတဲ့ မိတ်ဆွေ များ ဆေး ရုံ လာတက် တဲ့ အခါ မျိုးလောက်ပဲ လူနာမေးရင် ဆေးရုံ ကို ရောက်ဖြစ်ပါတော့ တယ် ဇနီး နဲ့ လွဲထားတဲ့ အတွက် ဂရုတစိုက် မကြည့်ဖြစ်ခဲ့တာလဲ ကျွန်တော့် အမှားပါ
မကြာခဏ လူနာရှင်တွေရဲ့ Complaints တွေ များလာတော့ မနေသာတော့ ပဲ ဝင်ပြီး ဖြေရှင်းရတဲ့ အခြေအနေ ရောက် လာတော့ မှ ဆေး ရုံ မှာ အထူးကုကု ဆရာဝန်ကြီးတချို ရဲ့ မမှန်မကန်လုပ်ရပ်တွေ ကို သိလာရတယ်
ဒီနေရာမှာ ကိုယ့်ဆေးရုံက လက်ထောက် ဆရာဝန် တချို့ ကလဲ အားပေး ကူညီတာတွေ လဲ လေ့လာ သိရှိခဲ့ ရလို့ တတ်နိုင်သလောက် ထိပ်တိုက်မတွေ အောင် နဲ့ အကောင်းဆုံး ဖြစ် နိုင်တဲ့ နည်းလမ်းတွေကို ရှာကြံ
ပြီး စည်းကမ်းသတ်မှတ်တာ တို့  လူနာရှင်နဲ့ တွေ့ပြီး မလိုအပ် လို့  မခွဲ စိတ် ဖို့  အာမခံပြီး လောင်းကြေးထပ် အကြံပြုခဲ့ ရဘူးတာတွေ လဲ ရှိခဲ့ ပါတယ်
*** ရေးရမယ် ဆိုရင် သူနာပြုလော က ဆရာဝန် လော က မှာ ကောင်းတဲ့ သူတွေ အများ ကြီးရှိသလို *** မကောင်းတဲ့ သူတွေ ကြောင့်လဲ ဆေးပညာ လောက နာ မည်ပျက်ခဲ့ ရတာတွေ ကလည်း နည်း နည်း ကနေ အကျယ်အကျယ်ဖြစ်ကုန်တာပါပဲ

*** အခန်းဆက်*** ပြောရ*** ရေးရ***ဖေါ်ရ***မယ်ဆိုရင်တော့*** ပေါ်စရာရှိတာတွေ*** အကုန် ပေါ် ကုန် မှာ ဖြစ်ပေ မဲ့ *** 😆😆😆

စါဖတ်သူတွေ အတွက်တော့ အနည်းနဲ့ အများ ဗဟုသုတ ရလို့ ဆင်ခြင်နိုင်ကြမယ် မြင်နိုင်ကြမယ်🤣🤣🤣
ဆိုရင်ဖြင့် ကျွန်တော့အတွက် အမုန်းခံပြီး ရေးရကြိုး *တင်ပြ* ရကြိုးနပ်မယ်ထင်ပါတယ်
https://www.facebook.com/photo.php?fbid=202531317375492&set=a.101338024161489&type=3&theater

No comments:

Post a Comment