ads
sponsor
Wednesday, May 29, 2019
ဘုရားသခင်​မရှိ​ကြောင်း ကမ္ဘာ့ပညာရှိများ​ပြောကြား
ဘုရားသခင်​မရှိ​ကြောင်း ကမ္ဘာ့ပညာရှိများ​ပြောကြား
ဘုရားသခင်​မရှိ​ကြောင်း ကမ္ဘာ့ပညာရှိများ​ပြောကြားImage may contain: sky and nature"ဘုရားသခင်​မရှိ​ကြောင်း ကမ္ဘာ့ပညာရှိများ​ပြောကြား"
ဘုရားသခင်​ရှိ​ကြောင်းသက်​​သေပြနိုင်​လျှင်​ ရာထူးက နုတ်​ထွက်​​ပေးမည်​ဟု ဖိလစ်​ပိုင်​သမ္မတ ဒူတာ​တေး​ရဲ့ဝေဖန်​မှုအ​ပေါ် ခရစ်​ယာန်​ဘာသာဝင်
တို့က ​ဒေါမနဿဖြစ်​မည်​မှာ ​မြေကြီးလက်​ခတ်​မလွဲ​ပေ၊ ဒူတာ​တေးက ခရစ်​ယာန်​ဘာသာဟာ လက်​​တွေ့အကျင့်​မရှိပဲ စိတ်​ကူးယဉ်​ဆန်​​နေ​တယ်
ဆိုတာကို ​ပြောချင်​ပုံရပါတယ်​၊
ဒူတာ​တေးမှ ​ပြောတာမဟုတ်​​သေးပါဘူး ​ရှေးပညာရှိ​တွေ အ​တွေး​ခေါ်ရှင်​​တွေလည်း ဘုရားသခင်​မရှိ​ကြောင်းကို ​ပြောခဲ့ပြီးပါပြီ၊
၁၂ ရာစု လောက်​က စပိန်​နိုင်​ငံမွတ်​ဆလင်​ ပညာရှိတစ်​ဦးကဘုရားသခင်​မရှိ​ကြောင်းငြင်းဆိုခဲ့လို့ ကလစ်​ဖ်(​သမ္မ)နန်း​တော်​မှ နှင်​ထုတ်
ခံခဲ့ရဖူးတယ်​၊
၁၄၃၇- ၁၅၄၃ ခုနှစ်​ ခရစ်​ယာန်​​ကျောင်းမှာ ကမ္ဘာကြီးကို ​နေနှင့် အခြား
ဂြိုလ်​များက လှည့်​ပတ်​​နေသည်​ဟုသင်​ကြား ခြင်းကို၊ကိုးပါးနီးကပ်​က ကမ္ဘာကသာ ​နေကိုလှည့်​ပတ်​​ကြောင်း​ပြောပြီး ၎င်း​ကျောင်းကိုဆန့်​ကျင်​ခဲ့လို့ ခရစ်​ယာန်​​တွေရဲ့ ၀ိုင်းပယ်​ခြင်းကိုခံခဲ့ရဖူးတယ်​၊
စပင်​နိုဇာက အရာအားလုံး၏အ​ခြေခံတရားက ရုပ်​သာဖြစ်​၍ ဖန်​ဆင်းရှင်​က ဖန်​ဆင်းတာမဟုတ်​​ကြောင်း ငြင်းဆိုလို့ ဂျူးနှင့်​ခရစ်​ယာန်​တို့ရဲ့ ပယ်​ခြင်းကိုခံခဲ့ရဖူးတယ်
အင်္ဂလန်နိုင်ငံသား ​​ဂျွန်​​လော့က ခရစ်​ယာန်​ဘာသာကို မနှစ်​သက်​ဘူးတဲ့၊
စ​ကော့တလန်နိုင်ငံမှ ​​​ဒေးဗစ်​ဟယွမ်းကလည်း ဘုရားသခင်​ကို အာရုံအားဖြင့်​မသိနိုင်​ဘူးတဲ့
ပြင်​သစ်​နိုင်​ငံက ဟိုးလ်​ဘက်​ခ်ျ​က ကမ္ဘာသည်​အလို အ​လျောက်​​ရွေ့လျား​နေတာဆိုပြီး ဖန်​ဆင်းရှင်​၀ါဒကို ငြင်းဆိုခဲ့တယ်​၊
အင်္ဂလန်​နိုင်​ငံသား ချားဒါဝင်​က တစ်​စစဖြစ်​​ပေါ်မှု သ​ဘော
တရားကိုတင်​ပြပြီး ဖန်​ရှင်​၀ါဒကို ငြင်းဆိုခဲ့ပြန်​တယ်​၊
အိုင်​စတိုင်းက ဘုရားသခင်​သည်​ လူအား အပြစ်​ဒဏ်​နှင့်​ဆုလာဒ်​​ပေးခြင်းမှာ သူ့ကိုယ်​သူ အား​ပေးရာ​ရောက်​​နေတယ်​ဆိုပြီး ​ လှောင်​​ပြောင်​ခြင်းသ​ဘောနဲ့ငြင်းပယ်​ခဲ့တယ်​၊
လယ်​တီဆရာ​တော်​နှင့်​ မဟာစည်​ဆရာ​တော်​တို့က ဘုရားသခင်​ဟာ အဘယ်​​ကြောင့်​ ဆင်းရဲ ချမ်းသာနဲ့ က​လေး​တွေကို ​စော​စောဆီးဆီး ​သေ​အောင်​ဖန်​ဆင်းခဲ့တာလဲဆိုပြီး အ​မေးနဲ့ရှုံ့ချခဲ့ဖူးတယ်​၊
ဘာထရန်​ရပ်​ဆယ်​ က ကျွန်ုပ်​တို့ဘာ​ကြောင့်​ခရစ်​ယာန်​ မဖြစ်​သနည်း
ဆိုပြီးစာအုပ်​ထုတ်​​ဝေခဲ့ဖူးတယ်
ဝီလျံက ပရမတ္ထ၀ါဒက ​ပြောင်းလဲမှုမရှိ​သော်​လည်း ပညတ္ထ၀ါဒမှာ ​ပြောင်​လဲခြင်း​ရှိတယ်​ဆိုပြီးဖန်​ဆင်းရှင်​၀ါဒကို ငြင်းဆိုခဲ့ဖူးတယ်​။
အဆိုပါ ​ပြောခဲ့​သော စကား​တွေအရဆိုရင်​ ဘုရားသခင်​ဆိုတာထက်​ ဖန်​ဆင်းရှင်​ဟုဆိုလျှင်​ ခရစ်​ယာန်​ဘာသာ သာမဟုတ်​ပဲ ဟိန္ဒူ နှင့်​ အစ္စလာမ်
ထိုဘာသာ​တွေဟာ စိတ်​ကူးယဉ်​ဆန်​ပြီး လက်​​တွေ့မကျတဲ့ လူပြိန်းကြိုက်​ဘာသာ ဟု သုံးသပ်​နိုင်​ပါတယ်​၊
စစ်​မှန်​တဲ့ဘာသာ မဟုတ်​တာ​ကြောင့်​ စစ်​မှန်​တဲ့တရားကို မရရှိနိုင်​သလို
စစ်​မှန်​တဲ့အကျင့်​သီလကိုလည်း မကျင့်​သုံးနိုင်​ကြ​ပေ
ဒါဆိုကမ္ဘာမှာ ဘ့ာ​ကြောင့်​ခရစ်​ယာန်​တို့ အစ္စလာမ်​တို့ဘာသာဦး​ရေများပြား​နေကြသလဲဆိုရင်​ ဦး​ရေများပြားတိုင်းလည်းဘာသာကစစ်​မှန်​​ရောလား ဒါဆို တိရစ္ဆာန်​နှင့်​ လူ ဘယ်​သူက ပိုများသလဲ၊
ဥပတိဿနဲ့​ကောလိတနှစ်​ဦးကို သိဉ္စည်းဆရာကြီး က လူလိမ္မာ​တွေက ​ဂေါတမ ဆီသွားပြီ လူမို​က်​​တွေကငါ့ဆီ လာလိမ့်​မယ်​လို့ ​ပြောခဲ့ဖူးတယ်​၊ 
ဘာသာတစ်​ခုကို အလွယ်​နည်းနဲ့မယုံကြည်​ကြဖို့ ကာလာမသုတ္တန်​မှာ ကာလာမသတိုးသားကို မြတ်​ဗုဒ္ဓဆုံးမခဲ့ဖူးတယ်​၊
ဒါ​ကြောင့်​မို့ အ​နောက်​တိုင်းကပညာရှင်​အချို့တို့မှာ ဖန်​ဆင်းရှင်​ဆိုတဲ့ ညံ့ဖျင်းတဲ့​ခေါင်းစဉ်​လှလှ​အောက်​မှာ ​လောကီ လူ့​ဘောင်​ဟာ မ​အေးချမ်းမှန်းနားလည်​လာကြပြီမို့ ဗုဒ္ဓ​ဟောခဲ့တဲ့ သစ္စာ​လေးပါးတရားကို
ရှာ​ဖွေ​နေကြပြီ မဂ္ဂင်​ရှစ်​ပါးတရားတို့နဲ့ ထိ​တွေ့ဖို့ ကြိုးစား​နေကြပြီ၊
အဲလိုနဲ့ ဖန်​ဆင်းရှင်​၀ါဒဟာ အဓိပ္ပါယ်​မဲ့​ကြောင်း တစ်​​နေ့ လူ​တွေသ​ဘော​ပေါက်​နားလည်​သွားကြရင်​ ​ရေစုန်​ကို ​လှေကြုံနဲ့မလိုက်​ကြ​တော့ပ
စစ်​မှန်​တဲ့ ဗုဒ္ဓဘာသာဝင်​ သူ​တော်​စင်​​တွေ ဖြစ်​လာကြလိမ့်​မယ်​လို့ အကြွင်းမဲ့ယုံကြည်​ပါတယ်​။
#ဗုဒ္ဓမြတ်စွာဘုရားကလဲဖန်ဆင်းရှင်မရှီးကြောင်းဟေားထားတော်မူတယ်
(ဖန်ဆင်းရှင် ရှိ / မရှိ ဗုဒ္ဓ မိန့်ကြားပုံ)
{သို့မဟုတ်}
(ပန်းတိုင် မရှိသော ခရီး)
အခါတစ်ပါး၌ အသိဗန္ဓက၏ သား ရွာသူကြီး တစ်ဦးက မြတ်စွာဘုရား ရှင်အား ဖန်ဆင်းရှင် လောက၌ ရှိ / မရှိ ကို မေးလျှောက်ရာ မြတ်ဗုဒ္ဓ ဘုရားရှင် က ယခုလို မိန့်ကြားတော်မူလေသည် ။ 
ဗုဒ္ဓ=ဖန်ဆင်းရှင် ကို မြင်လဲမမြင်းဖူး , မည်သည့်နေရာ၌ ရှိသည်ဟူ၍လဲ မသိပါပဲလျှက် ထို ဖန်ဆင်းရှင် နေရာ ဘုံဌာနသို့ ရောက်ရှိကြရန် ကျင့်ကြံနေခြင်း ၊ ဆုတောင်း ခြင်းတို့သည်....
၁=မည်သည့် အရပ်၌ ရှိ၍ မည်သည့် အမျိုးအနွယ် အမည်နာမ ရှိသည် ၊ မည်မျှ လှပသည်ဟု < မသိမမြင် ဖူး > သော = ( စိတ်ကူးယဉ် အလှမယ် ) ကို လိုချင် နေကြသကဲ့သို့ လည်းကောင်း ။ 
၂=မည်သည့် အရပ်၌ ရှိ၍ မည်သို့ ဆောက်လုပ်ထားသည် ၊ မည်မျှနိမ့်သည် ၊ မြင့်သည် ၊ ကျယ်သည်
ဟု...မသိရသော ..အဆောက်အအုံကြီးကို { ထောင်ပြီး တတ်ရန် လှေကား ပြုလုပ်နေကြ } သကဲ့သို့ လည်းကောင်း ။ 
၃=ဟိုမှာဘက်က မြစ်ကြီး , ဒီဘက်သို့ ရောက်ပါစေ ဟု ယုတ္တိ မဲ့စွာ ဆုတောင်း နေကြသကဲ့သို့ လည်းကောင်း.. .. ( ပန်းတိုင် မရှိသော ခရီးသည် အဆုံးမရှိ နိုင်ချေ ) ထို့ကြောင့် အချည်းအနှီးသာတည်း ဟု မိန့်တော်မူ၏။ 
ကိုးကား
သီလက္ခန္ဓ တေ၀ိဇ္ဇသုတ်
https://www.facebook.com/photo.php?fbid=310612553194330&set=a.122066585382262&type=3
No comments:
Post a Comment