ads

sponsor

Monday, May 13, 2019

မန်းမှာ အုပ်စုဖွဲ့ပြီး ညပိုင်းလိုက်ကိုက်နေတဲ့ခွေးတွေ တကယ်ဖမ်းတော့ တကယ်မိပြီတဲ့။


Image may contain: one or more peopleImage may contain: one or more people, people standing and people sittingImage may contain: one or more people and people standingImage may contain: one or more people and people standingImage may contain: one or more people and people standingImage may contain: one or more people and people standing
မန်းမှာ အုပ်စုဖွဲ့ပြီး ညပိုင်းလိုက်ကိုက်နေတဲ့ခွေးတွေ
တကယ်ဖမ်းတော့ တကယ်မိပြီတဲ့။
မန္တလေးမြို့တွင် အုပ်စုဖွဲ့ရမ်းကားသူများအား ဖော်ထုတ်ဖမ်းဆီး အရေးယူ
မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မန္တလေးခရိုင်ရဲတပ်ဖွဲ့နယ်မြေအတွင်း ဒုစရိုက်မှုခင်းများ မဖြစ်ပွားစေရေးနှင့် ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ ဖမ်းဆီးအရေးယူဆောင်ရွက်နိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစိတ်မှ တပ်ဖွဲ့ဝင်များ၊ မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေး ဌာနစိတ်မှ တပ်ဖွဲ့ဝင်များသည် ယူနီဖောင်းဝတ်/အရပ်ဝတ်/အသွင်ယူခြင်းဖြင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ရာ အုပ်စုဖွဲ့ရမ်းကားသူများ၊ ဆိုင်ကယ်ခိုးယူခဲ့သူများအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။
၅-၅-၂၀၁၉ ရက်နေ့ ည ၁၀ နာရီခွဲအချိန် ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၃၀လမ်း၊ ၅၆x၅၇လမ်းကြားအရောက် မှောင်ရိပ်တစ်ခုတွင် လူငယ် (၃)ဦးအား ထိုင်နေသည်ကို မသင်္ကာဖွယ်တွေ့ရှိ၍ စစ်မေးရာ ၄င်း တို့(၃)ဦး၌ ဇင်မင်းထွန်း(၁၈)နှစ် ဒေးဝန်းအနောက်ရပ်ကွက်နေသူ၏ လက်အတွင်း၌ (အနက်ရောင်)သံပိုက်ဓါးရိုးတပ် အရိုးအသွား (၁၉)လက်မခွဲခန့်ရှိ ဓါးဦးချွန် ဓါးရှည်တစ်ချောင်းအားတွေ့ရှိ၍ အမှတ်(၃)နယ်မြေရဲစခန်း(ပ)၂၆၅/၂၀၁၉ လက်နက်ပုဒ်မ၁၉(င) ဖြင့်လည်းကောင်း၊ မှောင်ရိပ်ခိုသူ ဇော်ဇင်ထွန်း(၁၉)နှစ်၊ ၉၂ လမ်း၊ ၃၂x၃၃လမ်းကြား၊ ဒေးနောက်ရပ်ကွက်နေသူနှင့် ဇော်ဇော်မင်း (၁၈)နှစ်၊ အကွက်(၃၁၂)၊ ဒေးဝန်းအနောက်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်နေသူတို့ (၂)ဦးအား အမှတ်(၃)နယ်မြေရဲစခန်း(ပ) ၂၆၆/၂၀၁၉ ရဲအက်ပုဒ်မ ၃၅(ခ)ဖြင့် လည်းကောင်း၊ ၅-၅-၂၀၁၉ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်တွင် ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါရပ်ကွက်၊ ၇၃x၃၃ လမ်းထောင့်ရှိ စားသောက်ဆိုင်၌ လူတစ်စုမှ စားသောက်နေသည်ကို ပြည်သူများထိန်လန့်ခြောက်ခြားစေရန် ဓါးကိုင်ဆောင်ကာ မူးယစ်ဆူပူသောင်းကျန်းနေကြောင်းသတင်းအရ သွားရောက်ဖမ်းဆီးရာ မျိုးလှိုင် (၃၄)နှစ်၊ ကန်တော်ကြီးတိုက်တန်း၊ ဒေါနခြံရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မျိုးမျိုး(ခ)မျိုးကြီး (၃၃)နှစ်၊ အမြောက်တန်းရပ် စင်္ကြာနွယ်စဉ်ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်၊ ကိုချစ်(၃၃)နှစ်၊ အမြောက်တန်းရပ်၊ အမြောက်တန်းရပ် စင်္ကြာနွယ်စဉ်ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်၊ ခင်မောင်ဝင်း (၄၁)နှစ်၊ မောရဂီဝါရပ်ကွက်၊ချမ်းအေးသာစံမြို့နယ်နေသူနှင့် သိန်းဇော်ဦး(၁၉)နှစ်၊ အမြောက်တန်းရပ်၊ စင်္ကြာနွယ်စဉ်ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်နေသူတို့ (၅)ဦးအား ၄င်းတို့ ထိုင်နေသော စားပွဲပေါ်တွင် အရိုးအသွှားအရှည်(၁)ပေ(၈)လက်မခန့်ရှိ ဓါးဦးချွန်၊ ဓါးအိမ်တပ်လျက်ဓါး(၁) ချောင်း၊ အရိုးအသွား (၁၀)လက်မကျော်ခန့် ဓါးဦးချွန်အသွားထက်ဓါး (၁)ချောင်း တို့အားတွေ့ရှိ၍ ချမ်းအးသာစံမြို့မရဲစခန်း (ပ)၄၅၁/၂၀၁၉၊ လက်နက်ပုဒ်မ ၁၉(င)ဖြင့် လည်းကောင်း၊ ၅-၅-၂၀၁၉ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်တွင် မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၅၇x၅၈ လမ်းကြား၊ ၃၇ လမ်းအရောက်တွင် HAOBOM အမျိုးအစား(ဖြူ/နက်ရောင်) ဆိုင်ကယ်တစ်စီး၊ ဆိုင်ကယ်ဆော့ကဒ်၊ သော့အုံအားဖျက်၍ ခိုးယူရာတွင် အသုံးပြုသည် T ပုံစံမာစတာကီး(၁)ချောင်း၊ ပလာယာ(၁)ချောင်း၊ ကျောက်လှည့်(၁)ချောင်း၊ ကတ် ကြေး(၁)ချောင်း၊ စပန်တာဂွေသေး(၁)ချောင်း၊ ၈x၁၀ ဂွင်း/ဂွ(၁)ချောင်း တို့ဖြင့်မသင်္ကာဖွယ်တွေ့ရှိသူ ကျောက်သက် (၂၄)နှစ်၊ ရပ်ကွက်ကြီး (၁၀)၊ ကားကြီးဝန်းအနီး၊ ပြင်ဦးလွင်မြို့ နိုင်ဝင်းစံ(ခ)အငယ်ကောင်(၂၅)နှစ်၊ ထုံးဘိုရပ်ကွက်၊ ပြင်ဦးလွင်မြို့နယ်နေသူနှင့် နိုင်ဝင်စိုး(ခ)အကြီး ကောင်(၂၅)နှစ်၊ တောင်ရေချမ်းအိုးရွာ၊ ပြင်ဦးလွင်မြို့နယ်နေသူတို့ (၃)ဦးအား စစ်မေးရာ လွန်ခဲ့သော(၁၅) မိနစ်ခန့်က ၅၆x၅၇လမ်းကြား၊ ၃၇လမ်း ကိုယ်ပိုင်အထက်တန်းကျောင်းရှေ့လမ်းဘေးတွင် ရပ်ထားသော အဆိုပါဆိုင်ကယ်အား ၄င်းတို့(၃)ဦးအတူ ခိုးယူစီးနင်းလာခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် မမစ(၉)(ပ)၄၆၁/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄ ဖြင့်လည်းကောင်း၊ ၅-၅-၂၀၁၉ ရက်နေ့ ည ၉ နာရီအချိန်ခန့်တွင် မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံး မှုခင်း အကူဌာနစိတ်မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မန္တလေးမြို့ပေါ်တွင် အုပ်စုဖွဲ့ရမ်းကားသူများအား ဖော်ထုတ်ဖမ်းဆီး ရမိစေရေးအတွက် ဖမ်းဆီးရမိရေးဆောင်ရွက်နေစဉ် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၂)ရပ်ကွက်၊ ၆၆လမ်းနှင့်ငုရွှေဝါလမ်းထောင့် အရောက်တွင် အမည်မသိလူငယ်(၅)ဦးမှဆိုင်ကယ်(၂)စီးဖြင့် မောင်းနှင်လာပြီး ၄င်းတို့နောက်လိုက်ပါပြီး ၀ါးဆစ်ပိတ်တုတ်ရှည် ၁ ချောင်း၊ ခဲများဖြင့် ရိုက်ခွဲ၍ ကား၏နောက်မှန်ကွဲသွားပြီး ၄င်းတို့လူငယ်(၅)ဦးအား တာဝန်အရ တားမြစ်ဆောင်ရွက်နေစဉ် ဆိုင်ကယ်ပေါ်မှဆင်းလာပြီး တုတ်/ဓါး၊ ခဲများဖြင့် ထပ်မံပစ်ပေါက်သဖြင့် ဖမ်းဆီးခဲ့ရာ အာကာ(၁၇)နှစ်၊ ဇီးအုပ်ကွက်သစ်၊ ပုသိမ်ကြီးမြို့နယ်နေသူအား ဖမ်းဆီးရမိပြီး ကျန်(၄)ဦးမှာထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ညီမင်းခန့်(ခ)မင်းခန့်(၁၈) နှစ်၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်းထွန်းဝင်း (၁၈)နှစ်၊ မြို့သစ်(၂) ရပ်ကွက်၊ချမ်းမြသာစည်မြို့နယ်၊ ချစ်မွှေး(ခ)မိုးတိမ်ရံ(၁၉)နှစ်၊ ကျောက်ရောင်းဝယ်၊ စိန်းပန်းရပ် မဟာအောင်မြေမြို့နယ်နေသူနှင့် ထွန်းအောင်ဝေ(၁၆)နှစ်၊ မြို့သစ်(၂)ရပ်ကွက် ချမ်းမြ သာစည်မြို့နယ်နေသူတို့ (၅)ဦးအားဖမ်းဆီးရမိပြီး အမှတ်(၁၁)နယ်မြေရဲစခန်း(ပ)၂၇၇/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၄၄၀/၃၅၃/၄၂၇/၁၁၄ အရလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစိတ်မှ တပ်ဖွဲ့ဝင်များသည် ချမ်းမြသာစည်မြို့နယ်အတွင်း လှည့်လည်ဆောင်ရွက်ခဲ့ရာ ၅-၅-၂၀၁၉ ရက်နေ့ ည ၁၀ နာရီ ၄၀ အချိန် ၆၅ လမ်း၊ မနော်ဟရီလမ်းနှင့်စိန်ပန်းလမ်းကြား၊ ဘီယာဆိုင်အနီးတွင် လမင်းဦး(ခ)မိုတိုင်အား မသင်္ကာဖွယ်တွေ့ရှိ၍ စစ်ဆေးရှာဖွေခဲ့ရာ ၄င်းယာလက်အတွင်းမှ အရိုးအသွား(၉)လက်မခွဲခန့်ရှိ ခေါက်ဓါး (၁)ချောင်းအားတွေ့ရှိသဖြင့် အမှတ်(၁၁)နယ်မြေရဲစခန်း (ပ)၂၇၈/၂၀၁၉၊လက်နက်-၁၉(င)အရလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးရုံး၊ မှုခင်းအကူဌာနစိတ်မှ တပ်ဖွဲ့ဝင်များသည် ပြည်ကြီးတံခွန်မြို့နယ်အတွင်းနှင့် အမရပူရ မြို့နယ်အတွင်း၌ လည်းကောင်း လှည့်လည်ဆောင်ရွက်ခဲ့ရာ ၆-၅-၂၀၁၉ ရက်နေ့ နံနက် ၁ နာရီအချိန် ပြည်ကြီးတံခွန်မြို့နယ်၊ (က)ရပ်ကွက်၊ ၆၉လမ်းနှင့် မြ၀တီမင်းကြီးလမ်း ထောင့်အနီးတွင်သန်းထွဋ်လင်းမောင်မောင်းနှင်ပြီး ဇော်ဇော်အောင်နှင့် အောင်အောင်စိုး တို့လိုက်ပါလျှက်ဆိုင်ကယ်အား ရပ်တန့်ခိုင်းရာ ရပ်မပေးဘဲ မောင်းနှင်ထွက်ပြေးသွား သဖြင့် လိုက်လံဖမ်းဆီးရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ အရိုးအသွား(၉)လက်မ ခန့်ရှိ ဓါးဦးချွန်(၁)ချောင်း နှင့်အရှည်(၁၈)လက်မခန့်ရှိ (၃)ဆစ်သံတုတ်တစ်ချောင်းတို့ အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသဖြင့် ပြည်ကြီးတံခွန်မြို့မရဲစခန်း (ပ) ၄၇၀/၁၉ လက်နက် ၁၉(င)အရလည်းကောင်းအသီးသီးအမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
MDY Police
#TheMandalayNewsJournal
https://www.facebook.com/naethit.moe/posts/1143687002452760

No comments:

Post a Comment