မန္တလေးမှာ ဒီနေ့ည ၇နာရီခွဲလောက် မနက်ဖြန်ပွဲတခုရှိလို့ အင်္ကျီဝယ်ဖို့အပြင်ထွက်လာရင်းသားအဖ၂ယောက်diamond နားကနေ
https://www.facebook.com/suero.hnine.9/posts/666560700432651
မန္တလေးမှာ ဒီနေ့ည ၇နာရီခွဲလောက် မနက်ဖြန်ပွဲတခုရှိလို့ အင်္ကျီဝယ်ဖို့အပြင်ထွက်လာရင်းသားအဖ၂ယောက်diamond နားကနေ ၃ဘီးဆိုင်ကယ်ငှားစီးလာတာ ၄၁လမ်းနားကဆိုင်မှာ အင်္ကျီဆင်းဝယ်နေတုန်း ရိုရိုကတော့အင်္ကျီဆိုင်ထဲဝင်သွားပီး အဖေ့ကို ၃ဘီးပေါ်ဘဲခနစောင့်ဆိုပီး
ဝင်သွားလိုက်တာ ၃မိနှစ်လောက်ဘဲရှိသေးတယ် ပြန်ထွက်လာတော့ ဆိုင်ကယ်နဲ့လူ၃ယောက်က ၃ဘီးဆိုင်ကယ်သမားနဲ့ အဖေ့ကိုပြဿနာရှာနေကြတာ ရိုလဲတွေ့တော့ လန့်သွားတာ ကိုယ်ကမိန်းကလေးဆိုတော့ သူတို့ကဖုန်းတွေထုတ်ပီးခင်ဗျားကိုပုံလဲရိုက်ထားရမယ်ဆိုပီးအဖေ့ကိုမျက်နှာနားထိပုံတွေရိုက် ၃ဘီးဆိုင်ကယ်သမားကိုလဲပုံတွေရိုက်ပီး ပြောဆိုနေကြတာ ရုတ်တရက်ဆိုတော့ကြောင်ပီးရပ်နေတာ အဲ့နားမသွားရဲဘူး ဒါမဲ့ကိုယ့်အဖေပါနေတော့ လန့်ပီး အဲ့နားသွားမေးတာပေါ့ ဘဘ ဘာဖြစ်တာလဲလို့
အဲ့တော့အဲ့ဆိုင်ကယ်နဲ့ပြဿနာရှာတဲ့၃ယောက်ထဲက၁ယောက်က ဒီမှာကြည့်တဲ့သူခြေထောက်ကိုလက်ညိုးထိုးပြတယ် နင်တို့၃ဘီးတိုက်သွားတာတဲ့ ကြည့်လိုက်တော့ သူ့ခြေထောက်ခြေသန်းနားမှာ သွေးနဲနဲလေးထွက်နေတာ တွေ့လားတဲ့ဘယ်လိုလုပ်မလဲတဲ့ထိမိသွားတာတဲ့ လက်ညိုးထိုးပီး နင်က အင်္ကျီဝယ်မယ်ဆို လမ်းဘေးရပ်ခိုင်းလေတဲ့ တကယ်က လမ်းဘေးမှာကပ်ရပ်ထားတာရယ် ဘယ်လိုလုပ်မလဲ ရဲစခန်းမှာရှင်းမလား ဘယ်ရုံးမှာရှင်းမလဲနဲ့ လက်ညိုးတထိုးထိုးနဲ့ အဲ့ဒါနဲ့ ကိုယ်ကလဲ ညီမတို့နဲ့မဆိုင်ဘူးလေလို့ ညီမတို့ကငှားစီးလာတာလို့ဆိုတော့ ဆိုင်ဆိုင်မဆိုင်ဆိုင်နင်တို့စီးလာတာတဲ့ တက်ရဲစခန်းမှာရှင်းမယ်တဲ့ အဲ့ဒါနဲ့ အရမ်းကြောက်တော့ မတက်ရဲဘူး အဖေ့ကိုဆင်းဆင်းလို့ ဆိုပီး ဖုန်းထုတ်ပီး ဆက်ရတာပေါ့ သူတို့နားလဲမကပ်ရဲဘူး သူ့တို့ကဟိုဘက်အခြမ်းကနေ တက်ခိုင်းတာအတင်း၃ဘီးပေါ်ကို ၃ဘီးသမားရောကိုယ်ရော ခနလေးဖုန်းဆက်လိုက်ဦးမယ်ဆိုတော့ အဲ့ထဲက၁ယောက်က ဟဲ့ ကောင်မ တက်စမ်းတဲ့ အဖေကလဲ ကျွန်တော့သမီးနဲ့မှမဆိုင်တာလို့ပြောတဲ့ နင်တို့စီးလာတာခုချက်ချင်းတက်ပီးလိုက်ခဲ့တဲ့ သူတို့ကဆိုင်ကယ်ပေါ်မှာ၃ယောက် တက်စမ်းကောင်မတဲ့ သူတို့နားတာနီးရင် ဆွဲတက်ခိုင်းလောက်တယ် ကိုယ်လဲမတက်ဘူး အဖေ့ကိုဆင်းခိုင်းပီး ဆိုင်ထဲခေါ်ပီး ဖုန်းကိုင်ထားတော့ တက်စမ်းကောင်မ နင်တို့တွေ ဆိုင်ရာပိုင်ရာတွေကို ဖုန်းဆက်မနေနဲ့တက်တဲ့ လက်ညိုးကြီးထိုးပီး တက်စမ်းကောင်မ မတက်ရင် နင့်ကိုသတ်ပစ်မယ်တဲ့ သေတော့မယ်ကြောက်လွန်းလို့ ဒူးတွေလဲယိုင်ပီး အဖေ့ခေါ်ပီးဆိုင်ထဲပြန်ဝင်ရတယ် လူတွေလဲ အသံကြားတော့ နဲနဲနဲနဲဒီဘက်ကိုကြည့်လာကြတာ အဲ့တော့ လိုက်ခဲ့ဆိုပီးပြောဆိုပီးရှေ့ကထွက်သွားတာ သူတို့ထွက်သွားမှ၃ဘီးဆိုင်ကယ်သမားကို ကျမတို့ဒီမှာဘဲနေခဲ့မယ် ရှင်လဲသွားတော့ဆိုပီး ပိုက်ဆံရှင်းပေးပီးသွားခိုင်းလိုက်တယ် သားအဖ၂ယောက်ဆိုင်ထဲဝင်ထိုင်ပီးကျန်နေခဲ့တာ
ကိုယ့်မှာတော်တော်နဲ့မထနိုင်ဘူး ရင်တွေအရမ်းတုန်ပီး ဒူးတွေချောင်ပီး ငိုချင်နေတာ တော်သေးတယ် အဖေပါလို့ တယောက်ထဲဆို မတွေးဝံ့စရာဘဲ ကြောက်စိတ်ကြောင့်မထနိုင်လို့ ခနနားပီး နာရီဝက်လောက်ကြာမှ သူငယ်ချင်းတယောက်ကိုအကူညီတောင်းပီး နေတဲ့နေရာကိုလိုက်ပို့ခိုင်းရတယ် အရမ်းလဲမိုးမချုပ်သေးဘူး
7:30လောက်မှာဖြစ်တာပါ
နေတဲ့နေရာပြန်ရောက်လို့အဖေ့ကိုမေးကြည့်တော့ ဘဘတို့နဲ့တိုက်မိတာလားဆိုတော့ မဟုတ်ဘူးတဲ့ သူတို့ဟာသူတို့ ဘယ်နားကနေထွက်လာပီး ပြဿနာ
ရှာလဲမသိဘူးတဲ့
အရင်ကမန္တလေးမှာနေခဲ့တာ ၇နှစ်လောက်ရှိပီ မကြုံခဲ့ဖူးဘူး ခုတော့ဘဝမှာပထမဦးဆုံးကြုံလိုက်ရတာဘဲ
အားလုံးဘဲသတိထားစေချင်တယ် ၃ဘီးဆိုင်ကယ်ငှားစီးရင်လဲ ကိုယ့်အတွက် စိတ်ချရတဲ့ ဖုန်းထဲကနေ appနဲ့ ချိတ်ပီးခေါ်လို့ရတဲ့ဟာမျိုးနဲ့သွားကြပါ

မန္တလေးကို အဲ့လောက်ဆိုးမှန်း တကယ်မထင်ခဲ့ဘူး
အားလုံးဘဲအန္တရယ်ကင်းကြပါစေ🙏🏻🙏🏻🙏🏻
အားလုံးဘဲအန္တရယ်ကင်းကြပါစေ🙏🏻🙏🏻🙏🏻
စိတ်ပူပေးတဲ့တယောက်စီတိုင်းကိုလဲကျေးဇူးပါရှင်
ခနက စိတ်အရမ်းလှုပ်ရှားနေလို့မပြောပြနိုင်တာပါ

May 10.5.2019😢 https://www.facebook.com/suero.hnine.9/posts/666560700432651https://www.facebook.com/suero.hnine.9/posts/666560700432651
No comments:
Post a Comment