ဟိုတယ္၌ အတူတည္းခိုသူ အမ်ိဳးသားကို အမ်ိဳးသမီးအေဖာ္ျဖစ္သူက ဘီယာခြက္အတြင္း အိပ္ေဆးခတ္တိုက္ကာ

https://updatenew.net/archives/21102
ဟိုတယ္၌ အတူတည္းခိုသူ အမ်ိဳးသားကို အမ်ိဳးသမီးအေဖာ္ျဖစ္သူက ဘီယာခြက္အတြင္း အိပ္ေဆးခတ္တိုက္ကာ


ဟိုတယ္၌ အတူတည္းခိုသူ အမ်ိဳးသားကို အမ်ိဳးသမီးအေဖာ္ျဖစ္သူက ဘီယာခြက္အတြင္း အိပ္ေဆးခတ္တိုက္ကာ
ဘီယာကို အိပ္ေဆးခတ္တိုက္၊ အတူတည္းခိုသူ၏ ရတနာပစၥည္း မ်ား ခိုးယူမႈ လင္မယားႏွစ္ဦးကို ဖမ္းမိ
24 , May , 2019
ေ႐ႊျပည္သာၿမိဳ႕နယ္ အမွတ္(၁) ရပ္ကြက္ရွိ SMART PALACE ဟိုတယ္၌ အတူတည္းခိုသူအမ်ိဳးသားကို အမ်ိဳးသမီးအေဖာ္ျဖစ္သူက ဘီယာခြက္အတြင္း အိပ္ေဆးခတ္တိုက္ကာ လက္ဝတ္ရတနာပစၥည္းမ်ား ခိုးယူသြားမႈတြင္ ယင္းအမ်ိဳးသမီးႏွင့္ ခင္ပြန္းတို႔ကို ျမ၀တီၿမိဳ႕၌ ဖမ္းမိခဲ့ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕ထံမွ သိရသည္။
ျဖစ္စဥ္မွာ ေမ ၈ ရက္ ည ၇ နာရီခြဲခန္႔က ကို——–.သည္ အဆိုပါဟိုတယ္၌ အမ်ိဳးသမီးအေဖာ္ျဖစ္သူက ဘီယာခြက္အတြင္း အိပ္ေဆးခတ္ကာ ၎ပိုင္ပစၥည္း ေ႐ႊဟန္းခ်ိန္း၊ ဆြဲႀကိဳး၊ ၾကဳတ္၊ န၀ရတ္ကိုးသြယ္ လက္စြပ္တစ္ကြင္း၊ ဖုန္းႏွစ္လုံးႏွင့္ ေငြႏွစ္သိန္းခြဲ စုစုေပါင္းတန္ဖိုး ၁၀၃ သိန္းေက်ာ္ ယူေဆာင္သြားသျဖင့္ ေ႐ႊျပည္သာၿမိဳ႕မရဲစခန္းသို႔ အမႈဖြင့္တိုင္တန္းခဲ့သည္။
ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ တိုင္း/ခ႐ိုင္/ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕ဝင္မ်ားက အခင္းျဖစ္ရပ္ ပတ္ဝန္းက်င္အား စစ္ေဆးခဲ့ရာ ျပစ္မႈက်ဴးလြန္သူသည္ မခ်ိဳမင္းသူျဖစ္ေၾကာင္း၊ ၎သည္ ျမ၀တီၿမိဳ႕သို႔ တိမ္းေရွာင္သြားေၾကာင္း စုံစမ္းသိရွိရသျဖင့္ ဖမ္းဆီးရမိ ႏိုင္ေရးအတြက္ ကရင္ျပည္နယ္ရဲတပ္ဖြဲ႕ႏွင့္ခ်ိတ္ဆက္ေဆာင္႐ြက္ခဲ့သည္။
မခ်ိဳမင္းသူကို ျမ၀တီၿမိဳ႕၌ ဖမ္းဆီးရမိခဲ့ၿပီး အေသးစိတ္ စစ္ေဆးခဲ့ရာ သူငယ္ခ်င္းျဖစ္သူ သႏၲာဗိုလ္က ေနအိမ္သို႔ လာေရာက္၍ ဖုန္းနံပါတ္ တစ္လုံး ေပးၿပီး အဆိုပါ ဖုန္းသို႔ဆက္ကာ ေငြခ်ဴရန္ ေျပာဆို သျဖင့္ ဖုန္းဆက္ခ်ိန္းဆိုကာ ကားေလးဂိတ္မွတ္တိုင္ ရွိ လက္ဖက္ရည္ ဆိုင္တြင္ သႏၲာဗိုလ္ႏွင့္ အတူ သုံးဦး ေတြ႕ဆုံ ခဲ့ရာ ဖုန္းပိုင္ရွင္က မုန္႔ဖိုးေငြက်ပ္ ရွစ္ေသာင္း ေပးမည္ဟုဆိုကာ လိုက္ခဲ့ရန္ ေျပာဆိုေၾကာင္း ရဲတပ္ဖြဲ႕ထံ ထြက္ဆိုခဲ့သည္။

၎ေနာက္ သႏၲာဗိုလ္က ဆိုင္ေနာက္သို႔ သြားရန္ မ်က္စပစ္ျပသျဖင့္ မခ်ိဳမင္းသူက ဆိုင္ေနာက္သို႔ လိုက္သြားခဲ့ရာ အိပ္ေဆးမႈန္႔ တစ္ထုပ္ေပးခဲ့ေၾကာင္း၊ စားပြဲဝိုင္းသို႔ ေရာက္ေသာအခါ ၎အမ်ိဳး သားႏွင့္အတူ ဆိုင္ကယ္ျဖင့္ လိုက္သြားခဲ့ရာ ယင္း ဟိုတယ္ရွိ တည္းခိုမည့္အခန္းသို႔ ေရာက္ရွိၿပီးေနာက္ ယင္းအမ်ိဳးသားက ဘီယာေသာက္ခ်င္ေၾကာင္း ေျပာဆိုရာ ဘီယာခြက္အတြင္း အိပ္ေဆးမႈန္႔ခတ္ တိုက္ကာ ၎အမ်ိဳးသားကိုယ္၌ ဝတ္ဆင္ထားေသာ ရတနာပစၥည္းမ်ား၊ ေငြက်ပ္ ႏွစ္သိန္းခြဲႏွင့္ ဖုန္း ႏွစ္လုံးတို႔ကို ယူေဆာင္လာခဲ့ေၾကာင္း စစ္ေဆးေပၚ ေပါက္ခဲ့သည္။
ထို႔ေနာက္ ခင္ပြန္းျဖစ္သူ ေသာမက္(စ္)ႏွင့္ သႏၲာဗိုလ္တို႔ကို ဆိုင္ကယ္ျဖင့္ လာႀကိဳခိုင္းခဲ့ေၾကာင္း၊ ရတနာပစၥည္းမ်ား ထုခြဲေရာင္းခ်၍ သႏၲာဗိုလ္ႏွင့္ ခြဲေဝယူခဲ့ ၾကေၾကာင္း၊ မခ်ိဳမင္းသူႏွင့္ ေသာမက္(စ္) တို႔သည္ ျမ၀တီၿမိဳ႕တြင္ အိမ္ငွား၍ ေရွာင္ပုန္းေနခဲ့ ေၾကာင္း၊ ဆက္လက္ေပၚေပါက္ခ်က္အရ က်န္ရွိ သက္ေသခံပစၥည္းမ်ား သိမ္းဆည္းရမိေရး၊ ျပစ္မႈ က်ဴးလြန္ရာတြင္ ပူးေပါင္းပါဝင္သူ သႏၲာဗိုလ္ကို အျမန္ဆုံး ဖမ္းဆီးရမိေရး ေဆာင္႐ြက္လ်က္ရွိ ေၾကာင္းရန္ကုန္ရဲတပ္ဖြဲ႕ကသတင္းထုတ္ျပန္ခဲ့သည္။
ဓာတ္ပုံ–ရန္ကုန္ရဲ-sdtimedaily
Unicode
ဟိုတယ်၌ အတူတည်းခိုသူ အမျိုးသားကို အမျိုးသမီးအဖော်ဖြစ်သူက ဘီယာခွက်အတွင်း အိပ်ဆေးခတ်တိုက်ကာ
ဘီယာကို အိပ်ဆေးခတ်တိုက်၊ အတူတည်းခိုသူ၏ ရတနာပစ္စည်း များ ခိုးယူမှု လင်မယားနှစ်ဦးကို ဖမ်းမိ
24 , May , 2019
ရွှေပြည်သာမြို့နယ် အမှတ်(၁) ရပ်ကွက်ရှိ SMART PALACE ဟိုတယ်၌ အတူတည်းခိုသူအမျိုးသားကို အမျိုးသမီးအဖော်ဖြစ်သူက ဘီယာခွက်အတွင်း အိပ်ဆေးခတ်တိုက်ကာ လက်ဝတ်ရတနာပစ္စည်းများ ခိုးယူသွားမှုတွင် ယင်းအမျိုးသမီးနှင့် ခင်ပွန်းတို့ကို မြဝတီမြို့၌ ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ မေ ၈ ရက် ည ၇ နာရီခွဲခန့်က ကို——–.သည် အဆိုပါဟိုတယ်၌ အမျိုးသမီးအဖော်ဖြစ်သူက ဘီယာခွက်အတွင်း အိပ်ဆေးခတ်ကာ ၎င်းပိုင်ပစ္စည်း ရွှေဟန်းချိန်း၊ ဆွဲကြိုး၊ ကြုတ်၊ နဝရတ်ကိုးသွယ် လက်စွပ်တစ်ကွင်း၊ ဖုန်းနှစ်လုံးနှင့် ငွေနှစ်သိန်းခွဲ စုစုပေါင်းတန်ဖိုး ၁၀၃ သိန်းကျော် ယူဆောင်သွားသဖြင့် ရွှေပြည်သာမြို့မရဲစခန်းသို့ အမှုဖွင့်တိုင်တန်းခဲ့သည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တိုင်း/ခရိုင်/ မြို့နယ်ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်ရပ် ပတ်ဝန်းကျင်အား စစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်သူသည် မချိုမင်းသူဖြစ်ကြောင်း၊ ၎င်းသည် မြဝတီမြို့သို့ တိမ်းရှောင်သွားကြောင်း စုံစမ်းသိရှိရသဖြင့် ဖမ်းဆီးရမိ နိုင်ရေးအတွက် ကရင်ပြည်နယ်ရဲတပ်ဖွဲ့နှင့်ချိတ်ဆက်ဆောင်ရွက်ခဲ့သည်။
မချိုမင်းသူကို မြဝတီမြို့၌ ဖမ်းဆီးရမိခဲ့ပြီး အသေးစိတ် စစ်ဆေးခဲ့ရာ သူငယ်ချင်းဖြစ်သူ သန္တာဗိုလ်က နေအိမ်သို့ လာရောက်၍ ဖုန်းနံပါတ် တစ်လုံး ပေးပြီး အဆိုပါ ဖုန်းသို့ဆက်ကာ ငွေချူရန် ပြောဆို သဖြင့် ဖုန်းဆက်ချိန်းဆိုကာ ကားလေးဂိတ်မှတ်တိုင် ရှိ လက်ဖက်ရည် ဆိုင်တွင် သန္တာဗိုလ်နှင့် အတူ သုံးဦး တွေ့ဆုံ ခဲ့ရာ ဖုန်းပိုင်ရှင်က မုန့်ဖိုးငွေကျပ် ရှစ်သောင်း ပေးမည်ဟုဆိုကာ လိုက်ခဲ့ရန် ပြောဆိုကြောင်း ရဲတပ်ဖွဲ့ထံ ထွက်ဆိုခဲ့သည်။
၎င်းနောက် သန္တာဗိုလ်က ဆိုင်နောက်သို့ သွားရန် မျက်စပစ်ပြသဖြင့် မချိုမင်းသူက ဆိုင်နောက်သို့ လိုက်သွားခဲ့ရာ အိပ်ဆေးမှုန့် တစ်ထုပ်ပေးခဲ့ကြောင်း၊ စားပွဲဝိုင်းသို့ ရောက်သောအခါ ၎င်းအမျိုး သားနှင့်အတူ ဆိုင်ကယ်ဖြင့် လိုက်သွားခဲ့ရာ ယင်း ဟိုတယ်ရှိ တည်းခိုမည့်အခန်းသို့ ရောက်ရှိပြီးနောက် ယင်းအမျိုးသားက ဘီယာသောက်ချင်ကြောင်း ပြောဆိုရာ ဘီယာခွက်အတွင်း အိပ်ဆေးမှုန့်ခတ် တိုက်ကာ ၎င်းအမျိုးသားကိုယ်၌ ဝတ်ဆင်ထားသော ရတနာပစ္စည်းများ၊ ငွေကျပ် နှစ်သိန်းခွဲနှင့် ဖုန်း နှစ်လုံးတို့ကို ယူဆောင်လာခဲ့ကြောင်း စစ်ဆေးပေါ် ပေါက်ခဲ့သည်။
ထို့နောက် ခင်ပွန်းဖြစ်သူ သောမက်(စ်)နှင့် သန္တာဗိုလ်တို့ကို ဆိုင်ကယ်ဖြင့် လာကြိုခိုင်းခဲ့ကြောင်း၊ ရတနာပစ္စည်းများ ထုခွဲရောင်းချ၍ သန္တာဗိုလ်နှင့် ခွဲဝေယူခဲ့ ကြကြောင်း၊ မချိုမင်းသူနှင့် သောမက်(စ်) တို့သည် မြဝတီမြို့တွင် အိမ်ငှား၍ ရှောင်ပုန်းနေခဲ့ ကြောင်း၊ ဆက်လက်ပေါ်ပေါက်ချက်အရ ကျန်ရှိ သက်သေခံပစ္စည်းများ သိမ်းဆည်းရမိရေး၊ ပြစ်မှု ကျူးလွန်ရာတွင် ပူးပေါင်းပါဝင်သူ သန္တာဗိုလ်ကို အမြန်ဆုံး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိ ကြောင်းရန်ကုန်ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ခဲ့သည်။
ဓာတ်ပုံ–ရန်ကုန်ရဲ-sdtimedaily
No comments:
Post a Comment