ads

sponsor

Tuesday, May 21, 2019

တစ်ပတ်အတွင်း တစ်ညတစ်ယောက်နှုန်းနဲ့ အမျိုးသား ခုနစ် ​ယောက်​နဲ့ တွဲခဲ့တဲ့ အမျိုးသမီး

တစ်ပတ်အတွင်း တစ်ညတစ်ယောက်နှုန်းနဲ့ အမျိုးသား ခုနစ် ​ယောက်​နဲ့ တွဲခဲ့တဲ့ အမျိုးသမီး

တစ်ပတ်အတွင်း တစ်ညတစ်ယောက်နှုန်းနဲ့ အမျိုးသား ခုနစ် ​ယောက်​နဲ့ တွဲခဲ့တဲ့ အမျိုးသမီး ……..


အချိန် ၇နှစ်ကြာအိမ်ထောင်ရေး ဆုံးခန်းတိုင်ခဲ့ပြီးတဲ့နောက် Nadia Bokody ဆိုသူ သူမဟာ လ အတော်ကြာ ဝေးကွာနေခဲ့တဲ့ လိင်မှုကိစ္စကို ဆန္ဒပြင်းပြလာခဲ့ပါတယ်။
သူမဟာ သြစတေးလျနိုင်ငံသူ စာရေးဆရာမတစ်ဦးဖြစ်ပြီး သူမ ပြီးခဲ့တဲ့လတွေက တစ်ကိုယ်တည်း အထီးကျန်နေခဲ့တဲ့အကြောင်းကို ဝေမျှခဲ့ပါတယ်။
ဒါ့ကြောင့် လုပ်ဖော်ကိုင်ဖက်တစ်ဦးက သူမကို အကြံတစ်ခုပေးခဲ့ပါတယ်။ ဒါကတော့ သူမ လိုပဲ ပျော်ပါးချင်တဲ့ အမျိုးသားတစ်ဦးဦးကို မက်ဆေ့ခ်ျပြီး အပျော်တမ်း ချိန်းတွေ့ကြည့်ဖို့ပါပဲ။

Nadia လည်း အဲဒီ့အကြံဉာဏ်ကို ယူပြီး သူမနဲ့ အရင်က ချိန်းတွေ့ခဲ့ဖူးသူ Ryan ကို လှမ်းဆက်သွယ်ခဲ့ပါတယ်။Ryan ကလည်း သူမဆီလာတွေ့ခဲ့ပါတယ်။ တွေ့ဆုံပြီးကြတော့ Nadia က ဝမ်းသာလွန်းလို့မျက်ရည်တောင်ကျတယ်လို့ဆိုပါတယ်။

ဘာလို့လဲဆိုတော့ သူမ လိုအပ်နေတာ လိင်မှုကိစ္စတစ်မျိုးတည်းမဟုတ်ဘဲ အခုလို အပြောင်းအလဲအနေနဲ့ အပျော်တမ်းချိန်းတွေ့တဲ့ အခြေအနေမျိုး လိုနေတာဆိုတာ သိသွားလို့ပါပဲ။

သူမဟာ သဘောခွေ့သွားပြီး တစ်ပတ်အတွင်း တစ်နေ့တစ်ယောက် ချိန်းတွေ့၊ တစ်ညကို တစ်ယောက်ပြောင်းပြီး တူတူနေတယ်လို့ ဆိုပါတယ်။ သူမ ချိန်းတွေ့ချင်တိုင်း တစ်ယောက်ယောက်ကို မက်ဆေ့ချိပို့လိုက်ရုံပဲမို့ အရမ်းရိုးရှင်းအဆင်ပြေတယ်လို့ပြောပါတယ်။
စာအပို့ခံရတဲ့ သူအတော်များများကလည်း သူမဆီချက်ချင်းရောက်လာတတ်ကြပါတယ်။ ဒီလိုနဲ့ တစ်ယောက်ပြီးတစ်ယောက် သူမ ချိန်းတွေ့ခဲ့လို့ မတူတဲ့အတွေ့အကြုံတွေအများကြီးရတယ်လို့ ပြောပါတယ်။


အတွေ့အကြုံတွေအပြင် သူမဟာ အရင်လိုမဟုတ်ဘဲ ပေါ့ပါးလန်းဆန်းနေပြီ အားပြည့်တက်ကြွနေတယ်လို့ အခိုင်အမာဆိုထားပါသေးတယ်။
http://www.thadinmann.com/2019/04/blog-post_80.html

No comments:

Post a Comment