ads

sponsor

Friday, May 24, 2019

သားျဖစ္သူ၏ လုပ္အားခ ၂၁ သိန္း ဘဏ္မွထုတ္ျပီးအျပန္ ခါးပိုက္ႏႈိက္ခံရ

သားျဖစ္သူ၏ လုပ္အားခ ၂၁ သိန္း ဘဏ္မွထုတ္ျပီးအျပန္ ခါးပိုက္ႏႈိက္ခံရ

သားျဖစ္သူ၏ လုပ္အားခ ၂၁ သိန္း ဘဏ္မွထုတ္ျပီးအျပန္ ခါးပိုက္ႏႈိက္ခံရ


သားျဖစ္သူ၏ လုပ္အားခ ၂၁ သိန္း ဘဏ္မွထုတ္ျပီးအျပန္ ခါးပိုက္ႏႈိက္ခံရ
အိအိမြန္
မံုရြာ၊ေမ-၂၄
ဖားက
န္႔တြင္ အလုပ္လုပ္သည့္ သားျဖစ္သူမွ လုပ္အားခေငြ ၂၁သိန္း လႊဲလိုက္သျဖင့္ မံုရြာကေမာၻာဇဘဏ္မွ ေငြထုတ္ျပီး အျပန္တြင္ ခါးပိုက္ႏႈိက္ခံရေၾကာင္း ခါးပိုက္ႏႈိက္ခံရသည့္ ဦးဘိုမင္းကေျပာသည္ ။
ယေန႔ ေမ ၂၄ ရက္ နံနက္ပိုင္းက ဘဏ္မွ အျပန္ အိုးရွင္းစူပါမားကတ္၏ ေျမာက္ဘက္ လွ်ပ္စစ္ပစၥည္းဆိုင္တြင္ ခဏဝင္စဥ္ ဆိုင္ကယ္ တူးေဘာက္အတြင္းမွ ေငြကို အမ်ိဳးသားႏွစ္ဦးမွ ထုတ္ယူသြားျခင္းျဖစ္ေၾကာင္း CCTV မွတ္တမ္းမ်ားအရ သိရသည္ ။
“ပစၥည္းေစ်း ခဏဝင္ေမးတဲ႔အတြင္းကို ယူသြားတာ။ဘဏ္ကတည္းက လိုက္တာတဲ႔သေဘာရွိတယ္။သားကိုေတာင္ မေျပာေသးဘူး ။ စိတ္မေကာင္းျဖစ္ေနမွာဆိုးလို႔”ဟု ဦးဘိုမင္းက ေျပာသည္ ။

လွ်ပ္စစ္ပစၥည္းဆိုင္တြင္ တပ္ဆင္ထားေသာ CCTV မွတ္တမ္းအရ လူငယ္၂ဦးက ၂မိနစ္ခန္႔အတြင္း တူးေဘာက္ကို ဖြင့္သြားကာ ေငြယူျပီး မံုရြာျမိဳ႕ ေတာင္ဘက္သို႔ ထြက္သြားျခင္း ျဖစ္သည္ ။
နံနက္ ၉နာရီ ၄၅မိနစ္ ခန္႔က ျဖစ္ပြားျခင္းျဖစ္ျပီး ခ်က္ခ်င္း မံုရြာအမွတ္ ၁ ရဲစခန္းသို႔ အေၾကာင္းၾကားထားသည္ဟု သိရသည္ ။
ဓာတ္​ပံု –စီစီတီဗီမွတ္​တမ္​းအရ ဆိုင္​ကယ္​အတြင္​းမွ ​ေငြအား ႏိႈက္​ယူ​ေနစဥ္ ​။
မံုရြာေဂဇက္
Unicode
သားဖြစ်သူ၏ လုပ်အားခ ၂၁ သိန်း ဘဏ်မှထုတ်ပြီးအပြန် ခါးပိုက်နှိုက်ခံရ
အိအိမွန်
မုံရွာ၊မေ-၂၄
ဖားကန့်တွင် အလုပ်လုပ်သည့် သားဖြစ်သူမှ လုပ်အားခငွေ ၂၁သိန်း လွှဲလိုက်သဖြင့် မုံရွာကမ္ဘောာဇဘဏ်မှ ငွေထုတ်ပြီး အပြန်တွင် ခါးပိုက်နှိုက်ခံရကြောင်း ခါးပိုက်နှိုက်ခံရသည့် ဦးဘိုမင်းကပြောသည် ။
ယနေ့ မေ ၂၄ ရက် နံနက်ပိုင်းက ဘဏ်မှ အပြန် အိုးရှင်းစူပါမားကတ်၏ မြောက်ဘက် လျှပ်စစ်ပစ္စည်းဆိုင်တွင် ခဏဝင်စဉ် ဆိုင်ကယ် တူးဘောက်အတွင်းမှ ငွေကို အမျိုးသားနှစ်ဦးမှ ထုတ်ယူသွားခြင်းဖြစ်ကြောင်း CCTV မှတ်တမ်းများအရ သိရသည် ။
“ပစ္စည်းစျေး ခဏဝင်မေးတဲ့အတွင်းကို ယူသွားတာ။ဘဏ်ကတည်းက လိုက်တာတဲ့သဘောရှိတယ်။သားကိုတောင် မပြောသေးဘူး ။ စိတ်မကောင်းဖြစ်နေမှာဆိုးလို့”ဟု ဦးဘိုမင်းက ပြောသည် ။
လျှပ်စစ်ပစ္စည်းဆိုင်တွင် တပ်ဆင်ထားသော CCTV မှတ်တမ်းအရ လူငယ်၂ဦးက ၂မိနစ်ခန့်အတွင်း တူးဘောက်ကို ဖွင့်သွားကာ ငွေယူပြီး မုံရွာမြို့ တောင်ဘက်သို့ ထွက်သွားခြင်း ဖြစ်သည် ။
နံနက် ၉နာရီ ၄၅မိနစ် ခန့်က ဖြစ်ပွားခြင်းဖြစ်ပြီး ချက်ချင်း မုံရွာအမှတ် ၁ ရဲစခန်းသို့ အကြောင်းကြားထားသည်ဟု သိရသည် ။
ဓာတ်​ပုံ –စီစီတီဗီမှတ်​တမ်​းအရ ဆိုင်​ကယ်​အတွင်​းမှ ​ငွေအား နှိုက်​ယူ​နေစဉ် ​။
မုံရွာဂေဇက်
https://updatenew.net/archives/21107

No comments:

Post a Comment