ေတာင္ႀကီး ၄ ေလာင္းၿပိဳင္လူသတ္မႈမွ ျပစ္မႈက်ဴးလြန္သူအား ဖမ္းဆီးရမိ
.
https://www.kanbawzatainews.com/2019/05/blog-post_91.html?fbclid=IwAR0ATrygrORLz4drzooh6DymJT4zkNm0uid-HaGhmpD-ZoBY9bt5Rovcy40
ေတာင္ႀကီး ၄ ေလာင္းၿပိဳင္လူသတ္မႈမွ ျပစ္မႈက်ဴးလြန္သူအား ဖမ္းဆီးရမိ
ကေမၻာဇတိုင္း
.
ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕၊ ကံသာရပ္ကြက္တြင္ ၿပီးခဲ့သည့္ ဧၿပီလ ၂၈ ရက္က ျဖစ္ပြားခဲ့သည့္ အသက္ ၇ လသားအရြယ္ ကေလးငယ္တစ္ဦး အပါအဝင္ ၄ ေလာင္းၿပိဳင္လူသတ္မႈမွ ျပစ္မႈက်ဴးလြန္သူအား ဖမ္းဆီးရမိခဲ့ၿပီ ျဖစ္ေၾကာင္း ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕မွဴး႐ံုးမွ သိရသည္။
.
![]() |
ဓါတ္ပံု - ရဲဇာနည္ |
.
ေတာင္ႀကီးၿမိဳ႕၊ ကံသာရပ္ကြက္၊ မဂၤလာလမ္း၊ အမွတ္ (၁၁၈) ရွိ ျမင္းျဖဴႏွစ္ေကာင္ ေဆးတိုက္တြင္ ဧၿပီလ ၂၈ ရက္၊ နံနက္ပိုင္းက စိုင္းေဆမြန္း (၂၇)ႏွစ္၊ နန္းခမ္းလိႈင္ (၂၃)ႏွစ္၊ ေမာင္ဖဖ (၇)လ၊ မေအးမိုး (၁၇) ႏွစ္တို႔ ေသဆံုးေနျခင္းအား ေတြ႕ရွိခဲ့ရျခင္းျဖစ္ၿပီး ေသဆံုးသူမ်ား၏ ႐ုပ္အေလာင္းမ်ားအား ဧၿပီလ ၃၀ ရက္၊ ေန႔လယ္ပိုင္းတြင္ ေတာင္ႀကီးၿမိဳ႕၊ တုိင္းရင္းသားေပါင္းစံုသုႆာန္၌ မီးသၿဂိဳဟ္ခဲ့ေၾကာင္း သိရသည္။
“ရဲဇာနည္မွာ သတင္းထုတ္ျပန္ထားေပးပါၿပီ။ ေျပာႏိုင္သေလာက္ေလးကို ထုတ္ျပန္ေၾကညာေပးပါထားပါတယ္။ ေနာက္ဆက္တြဲ ထပ္မံဆက္လက္ေဖာ္ထုတ္ရဦးမွာ ျဖစ္တဲ့အတြက္အေသးစိတ္ကို မေျပာႏိုင္ေသးပါဘူး။ ေဖာ္ထုတ္ ရသမွ် ဆက္လက္ထုတ္ျပန္ ေၾကညာသြားေပးပါ့မယ္'' ဟု ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕မွဴး႐ံုးမွ ေျပာေရးဆိုခြင့္ ရွိသူ ဒုရဲမွဴးႀကီးစန္းဝင္းက ကေမ႓ာဇတိုင္းသို႔ ေျပာၾကားခဲ့သည္
.
ျမန္မာနိုင္ငံရဲတပ္ဖြဲ႕အေနျဖင့္ ျပစ္မႈက်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ႏိုင္ေရး ေဆာင္ရြက္ခဲ့ရာ တာဝန္သိ ျပည္သူတစ္ဦး၏ သတင္းေပးပို႔ခ်က္အရ မသကၤာသူကို သတင္းကြင္းဆက္ရရွိၿပီး အခင္းျဖစ္အရပ္၌ က်န္ရွိသည့္ သဲလြန္စပစၥည္းမ်ားႏွင့္ ဆက္စပ္အတည္ျပဳေဖာ္ထုတ္ခ်က္အရ ဧၿပီလ ၂၉ ရက္တြင္ တရားခံ တင္အုန္း (ခ) အိုက္အံုး (၆၀ ႏွစ္) အား ေက်ာက္မဲၿမိဳ႕နယ္၊ အထက္ျမင္းကြင္းေက်းရြာရွိ ၎၏ ေနအိမ္၌ ဖမ္းဆီးရမိခဲ့ၿပီး ၎၏ထြက္ဆိုခ်က္ အရ သက္ေသခံ ေရႊထည္ပစၥည္းမ်ိဳးစုံ ၁ ပိႆာနီးပါးခန္႔ႏွင့္ ေငြ ၇ သိန္း ၂ ေသာင္းက်ပ္ တို႔ကို ၎၏ ေနအိမ္တြင္ ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း သိရသည္။
.
ရဲတပ္ဖြဲ႕၏ စစ္ေဆးခ်က္အရ ျပစ္မႈက်ဴးလြန္သူ တင္အုန္း(ခ)အိုက္အုံးသည္ မူးယစ္ေဆးဝါးစြဲေနသူ တစ္ဦး ျဖစ္ၿပီး ျမင္းျဖဴႏွစ္ေကာင္တိုင္းရင္းေဆးတိုက္ပိုင္ရွင္ ေဒၚေအးေရႊႏွင့္ ေမာင္ႏွမဝမ္းကြဲေတာ္စပ္ကာ ေဒၚေအးေရႊ၏ ခင္ပြန္းမွာလည္း ကြယ္လြန္သြားၿပီျဖစ္ၿပီး တင္အုန္း(ခ)အိုက္အုံး၏ ပထမအိမ္ေထာင္ႏွင့္ရရွိထားသူ စိုင္းဝင္းေမာင္အား ေဒၚေအးေရႊမွ ေမြးစားထားခဲ့သည့္အျပင္ ယခုေသဆုံးသူ မနန္းခမ္းလိႈင္ကိုလည္း ေဒၚေအးေရႊမွပင္ လြန္ခဲ့သည့္ ႏွစ္ ၂၀ ေက်ာ္ခန္႔က သမီးအျဖစ္ ထပ္မံေမြးစားခဲ့ကာ မနန္းခမ္းလိႈင္မွာ ေဒၚေအးေရႊႏွင့္အတူေနထိုင္ၿပီး ေဆးတိုက္ လုပ္ငန္းကိုလည္းကိုယ္တိုင္ဦးစီးလုပ္ကိုင္ေနသူျဖစ္ေၾကာင္း သိရသည္။
.
သို႔ျဖစ္၍ အေမြခြဲေဝမႈမ်ား ရွိလာပါက ေမြးစားမိခင္ႏွင့္ အတူေနထုိင္သူ မနန္းခမ္းလိႈင္က ပိုမိုရရွိၿပီး သားျဖစ္သူ အေမြ အရနည္းမည္ကို စိုးရိမ္မႈေၾကာင့္လည္းေကာင္း၊ ကိုယ္တုိင္ ေငြေၾကးလိုအပ္မႈေၾကာင့္လည္းေကာင္း အိုက္အံုးမွ အျခားသူမ်ားႏွင့္ ပူးေပါင္းကာ မနန္းခမ္းလိႈင္ႏွင့္ မိသားစုအား သတ္ျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
.
ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕အေနျဖင့္ က်န္ကြင္းဆက္တရားခံမ်ားအား ဆက္လက္ဖမ္းဆီးရမိေရးႏွင့္ သက္ေသခံပစၥည္းမ်ား သိမ္းဆည္းရမိေရးအတြက္ ဆက္လက္ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။
.
တောင်ကြီး ၄ လောင်းပြိုင်လူသတ်မှုမှ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိ
.
ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကံသာရပ်ကွက်တွင် ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်က ဖြစ်ပွားခဲ့သည့် အသက် ၇ လသားအရွယ် ကလေးငယ်တစ်ဦး အပါအဝင် ၄ လောင်းပြိုင်လူသတ်မှုမှ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိခဲ့ပြီ ဖြစ်ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
.
တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ မင်္ဂလာလမ်း၊ အမှတ် (၁၁၈) ရှိ မြင်းဖြူနှစ်ကောင် ဆေးတိုက်တွင် ဧပြီလ ၂၈ ရက်၊ နံနက်ပိုင်းက စိုင်းဆေမွန်း (၂၇)နှစ်၊ နန်းခမ်းလှိုင် (၂၃)နှစ်၊ မောင်ဖဖ (၇)လ၊ မအေးမိုး (၁၇) နှစ်တို့ သေဆုံးနေခြင်းအား တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး သေဆုံးသူများ၏ ရုပ်အလောင်းများအား ဧပြီလ ၃၀ ရက်၊ နေ့လယ်ပိုင်းတွင် တောင်ကြီးမြို့၊ တိုင်းရင်းသားပေါင်းစုံသုဿာန်၌ မီးသဂြိုဟ်ခဲ့ကြောင်း သိရသည်။
.
“ရဲဇာနည်မှာ သတင်းထုတ်ပြန်ထားပေးပါပြီ။ ပြောနိုင်သလောက်လေးကို ထုတ်ပြန်ကြေညာပေးပါထားပါတယ်။ နောက်ဆက်တွဲ ထပ်မံဆက်လက်ဖော်ထုတ်ရဦးမှာ ဖြစ်တဲ့အတွက်အသေးစိတ်ကို မပြောနိုင်သေးပါဘူး။ ဖော်ထုတ် ရသမျှ ဆက်လက်ထုတ်ပြန် ကြေညာသွားပေးပါ့မယ်'' ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့် ရှိသူ ဒုရဲမှူးကြီးစန်းဝင်းက ကမေ႓ာဇတိုင်းသို့ ပြောကြားခဲ့သည်
.
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်နိုင်ရေး ဆောင်ရွက်ခဲ့ရာ တာဝန်သိ ပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ မသင်္ကာသူကို သတင်းကွင်းဆက်ရရှိပြီး အခင်းဖြစ်အရပ်၌ ကျန်ရှိသည့် သဲလွန်စပစ္စည်းများနှင့် ဆက်စပ်အတည်ပြုဖော်ထုတ်ချက်အရ ဧပြီလ ၂၉ ရက်တွင် တရားခံ တင်အုန်း (ခ) အိုက်အုံး (၆၀ နှစ်) အား ကျောက်မဲမြို့နယ်၊ အထက်မြင်းကွင်းကျေးရွာရှိ ၎င်း၏ နေအိမ်၌ ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက် အရ သက်သေခံ ရွှေထည်ပစ္စည်းမျိုးစုံ ၁ ပိဿာနီးပါးခန့်နှင့် ငွေ ၇ သိန်း ၂ သောင်းကျပ် တို့ကို ၎င်း၏ နေအိမ်တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
.
ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ပြစ်မှုကျူးလွန်သူ တင်အုန်း(ခ)အိုက်အုံးသည် မူးယစ်ဆေးဝါးစွဲနေသူ တစ်ဦး ဖြစ်ပြီး မြင်းဖြူနှစ်ကောင်တိုင်းရင်းဆေးတိုက်ပိုင်ရှင် ဒေါ်အေးရွှေနှင့် မောင်နှမဝမ်းကွဲတော်စပ်ကာ ဒေါ်အေးရွှေ၏ ခင်ပွန်းမှာလည်း ကွယ်လွန်သွားပြီဖြစ်ပြီး တင်အုန်း(ခ)အိုက်အုံး၏ ပထမအိမ်ထောင်နှင့်ရရှိထားသူ စိုင်းဝင်းမောင်အား ဒေါ်အေးရွှေမှ မွေးစားထားခဲ့သည့်အပြင် ယခုသေဆုံးသူ မနန်းခမ်းလှိုင်ကိုလည်း ဒေါ်အေးရွှေမှပင် လွန်ခဲ့သည့် နှစ် ၂၀ ကျော်ခန့်က သမီးအဖြစ် ထပ်မံမွေးစားခဲ့ကာ မနန်းခမ်းလှိုင်မှာ ဒေါ်အေးရွှေနှင့်အတူနေထိုင်ပြီး ဆေးတိုက် လုပ်ငန်းကိုလည်းကိုယ်တိုင်ဦးစီးလုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ အမွေခွဲဝေမှုများ ရှိလာပါက မွေးစားမိခင်နှင့် အတူနေထိုင်သူ မနန်းခမ်းလှိုင်က ပိုမိုရရှိပြီး သားဖြစ်သူ အမွေ အရနည်းမည်ကို စိုးရိမ်မှုကြောင့်လည်းကောင်း၊ ကိုယ်တိုင် ငွေကြေးလိုအပ်မှုကြောင့်လည်းကောင်း အိုက်အုံးမှ အခြားသူများနှင့် ပူးပေါင်းကာ မနန်းခမ်းလှိုင်နှင့် မိသားစုအား သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ကျန်ကွင်းဆက်တရားခံများအား ဆက်လက်ဖမ်းဆီးရမိရေးနှင့် သက်သေခံပစ္စည်းများ သိမ်းဆည်းရမိရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
No comments:
Post a Comment