ads

sponsor

Monday, May 20, 2019

ဗလအားကိုးနဲ့ အနိုင်ကျင့်တဲ့ ကိုလူထွားကြီး၊ တစ်ချက်တည်းနဲ့ သတိလစ်သွားခဲ့တဲ့အဖြစ်(ရုပ်သံ)

ဗလအားကိုးနဲ့ အနိုင်ကျင့်တဲ့ ကိုလူထွားကြီး၊ တစ်ချက်တည်းနဲ့ သတိလစ်သွားခဲ့တဲ့အဖြစ်(ရုပ်သံ)

ဗလအားကိုးနဲ့ အနိုင်ကျင့်တဲ့ ကိုလူထွားကြီး၊ တစ်ချက်တည်းနဲ့ သတိလစ်သွားခဲ့တဲ့အဖြစ်(ရုပ်သံ)

 အခုလက်တလော တရုတ်နိုင်ငံ လူမှုကွန်ရက်တွေပေါ်မှာ ခေတ်စားနေတဲ့ ဗွီဒီယိုဖိုင်ထဲမှာတော့ လူကောင်ကြီးကြီး၊ ဗလကောင်းကောင်း အမျိုးသားတစ်ယောက်ဟာ လူ့ဖလံခန္ဓာကိုယ်သေးသေး အမျိုးသားတစ်ယောက်ကို အနိုင်ကျင့်နေတဲ့ ဗွီဒီယိုဖိုင်ပါ။

ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံက Gym လေ့ကျင့်ရေးခန်းမတစ်ခုမှာ ဖြစ်ပျက်ခဲ့ပုံရပါတယ်။ သူတို့ချင်း ဘယ်လိုက ဘယ်လို စပြီးအချင်းများခဲ့တယ်ဆိုတာ မသိပေမယ့် သူတို့ ဖြစ်ပျက်သမျှကို Gym မှာတပ်ဆင်ထားတဲ့ CCTV တွေက မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။
ဗလကောင်းကောင်း အမျိုးသားဟာ သူ့ထက် အရွယ်အစား အလွန်ကွာခြားတဲ့ လူရွယ်ကို တွန်းထိုးရင်း စိန်ခေါ်နေတာပါ။ လူရွယ်အမျိုးသားက ခပ်ရွံ့ရွံ့ ခပ်ကြောက်ကြောက် ပုံစံနဲ့၊ ဘာမှ မတုန့်ပြန်ပါဘူး။ ဒါပေမယ့် ဗလကြီးက သူကို တစ်ချက် လှမ်းရိုက်လိုက်တာကို တွေ့ရပါတယ်။
 အဲဒီနောက်မှာတော့ လူရွယ်ဟာ ဗလကြီးကို ပြန်တိုက်ခိုက်ဖို့ ကိုယ်ကို ခပ်ယို့ယို့အမူအယာလုပ်လိုက်ပြီး၊ အားပါတဲ့ လက်သီးတစ်ချက်နဲ့ ဗလကြီးရဲ့မေးအောက်ပိုင်းကို ထိအောင်ထိုးနိုင်ခဲ့ပါတယ်။ ဗလကြီးမှာ ဘာမှ မတုန့်ပြန်နိုင်တော့ဘဲ နေရာမှာတင် ဘုန်းဘုန်းလဲကျ သတိလစ်သွားပါတော့တယ်။

မှတ်ချက်ရေးသူတစ်ဦးက “ ဗလကြီးတွေထွက်ဖို့ Gym သွားဖို့ မလိုဘူး … လက်သွက်ဖို့ပဲ လိုတယ် ”လို့ ရေးခဲ့သလို၊ တရုတ်လူမှုကွန်ရက်မှာတော့ လူကောင်သေးသေး အမျိုးသားကို ကွန်ဖူးဆရာအဖြစ် တင်စားနေကြပါတယ်။ သိရသလောက်တော့ ဗလကြီးဟာ အဲဒီ Gym မှာ သင်ကြားရေးဝန်ထမ်းတစ်ဦးလို့ ဆိုပါတယ်။

credit-လင်းသုတ (Shwemom)

http://www.thadinmann.com/2019/05/blog-post_861.html?fbclid=IwAR3uU6lwr9KZohKeMGUiKea4lK0iLAbJ-5-1lHaU9vhYObYw-9Fnqm3cloM

No comments:

Post a Comment