ဆာကူရာဆေးရုံ မှ လူနာသေးဆုံးမှု ဆာကူရာဆေးရုံ မှ လူနာသေးဆုံးမှု 
***** ဆာကူရာဆေးရုံ မှ လူနာသေးဆုံးမှု *****
**************************************
*** ကျွန်တော် ဆာကူရာဆေး ရုံ ပိုင်ရှင် မဟုတ်တော့ သည်မှာ ၁၀ နှစ်တိတိပင်ပြည့်ပါတော့မည် ***
ယခု ရက်ပိုင်းအတွင်း လူနာရှင်တဦး၏ ခံစါးချက် ကို FB ပေါ်တွင် တွေ့လာရပြီး အခြေအနေ တွေ အားလုံး မှာ ဆေးရုံ အပေါ် ဝိုင်းပြီး အပြစ်တင်နေကြ တာ ကို တွေ့ လိုက်ရလို့ ဒီစါလေး ကို ရေး လိုက်ရခြင်းပါ
လူနာရှင်ရဲ့ စိတ် ခံစါး မှု ကို လည်း ဝမ်းနည်းစွာ နားလည်းခံစါးရပါတယ်
အချို့ဆေးရုံအုပ်ချုပ်သူဆရာဝန်တွေ နဲ့ အထူကု များ ပေါင်းစါးနေသည်ဟုလည်း အသံတွေကြားနေရပါသည်
အဲဒီ အကြောင်းတော့ ကျွန်တော် ပေါင်းမစါးခဲ့ဘူး လို့  နားမလည် လို့  လက်ရှိအခြေအနေတွေ ကို တော့ မသိတာ အမှန်ပါ
ကျွန်တော် ကိုယ်တိုင်လည်း ထိုင်းနိုင်ငံက နာမည်ကြီး ဆေးရုံ တခု မှာ နာမည်ကြီး အထူးကု ဆရာဝန် တယောက်ရဲ့ မဆင်မခြင် ဆုံးဖြတ်ခဲ့မှု ကို မရှု မလှ ခံစါးခဲ့ရပြီး
ဂျပန်နိုင်ငံသို့ ပြောင်း၍ သွားရောက်ကုသရင်း ယခုအခါ ကျန်မာရေး ကောင်း၍ လူမှုရေး စီးပွားရေးလုပ်ငန်းများ အချိန်ပြည့် လုပ်ဆောင် နိုင်နေပြီဖြစ်ပါသည်
ကျွန်တော် တို့ မြန်မာပြည် ဆေးရုံ များ စီမံခန်ခွဲ မှု မှာ ထိုင်းနိုင်ငံ စင်္ကာပူ နိုင်ငံ များ ကဲ့ သို့ပင် အထူးကု ဆရာဝန် နှင့် ဆေးရုံ စီမံခန့်ခွဲ မှု ဟာ လုံးဝတိုက်ရိုက် ပါတ်သက်မှု မရှိနေခြင်းသည် အဓိက လူနာတွေ အတွက် လုံခြုံ စိတ်ခြရမှု အားနည်းချက်ပင်ဟု ဆိုရမည်ပင်
မြန်မာပြည်ရှိ ပုဂ္ဂလိက ဆေးရုံ များ ဟာ
*** OPD ခေါ် ပြင်ပလူနာစမ်းသပ်ခန်း များတွင်ပေးရသော အထူးကု ဆရာဝန်များ ၏စမ်းသပ်ခများမှာ ရာနုန်းပြည့် ဆေးခန်းထိုင်သော ဆရာဝန်ကြီးများအား ပေးလိုက်ရပြီး ဆေးရုံ ပိုင်ရှင် မှ သူနာပြုများ အကူသူနာပြုများ အားလစါပေးခန့်ထားရပြီး လူနာထံ မှ ကောက်ခံသော ဆားဗစ် ခ သာလျင် ရရှိ ကြောင်း စါဖတ်သူများသိစေခြင်ပါသည်
***လူနာများအား ဆေးရုံတင်သည့်အခါတွင်လည်း ဆေးရုံ ပိုင်ရှင် မှ အထူကု ဆရာဝန်အား ဆေးရုံတင်သည့်လူနာထံမှ ရရှိသည့် အခန်းခ မှ ၅% ( သို့) ၁၀% ကော်မရှင်အဖြစ် ပြန်ပေးရခြင်း နှင့် နေ့စဉ် လာရောက်ကြည်ရှုခအားလည်း % ပြည့်တောင်းပေးရပါသည်
*** ခွဲခန်း တွင် လူနာ အား ခွဲ စိပ်ကုသပါကလည်း ဆေးရုံ မှ ခွဲခန်းခ နှင့် စက်ပစ္စည်း သုံးစွဲခ အခြား ဆေးနှင့် ဝန်ဆောင်ခသာလျင်ရရှိပြီး
ခွဲခန်းသူနာပြု စရိတ်နှင့် အထူကု ဆရာဝန်စရိတ် မေးဆေး ဆရာဝန်စရိတ် လက်ထောက် ဆရာဝန် စရိတ်များ အားလုံးမှာ ဆေးရုံ မှ လူနာထံ မှ တောင်းခံပေးခြင်သာလျင်ဖြစ်ပြီး % ပြည့် အထက်ပါ ပုဂ္ဂိုလ်များအား ပြန်လည်ခွဲဝေပေးသည့်စနစ်ကြီးဖြစ်ပါသည်
*** ဓါတ်မှန်၊ဓါတ်ခွဲခန်း နှင့် အာတရာဆောင်း အစရှိသည့် ရောဂါရှာဖွေ သည့် စရိတ်များမှာလည်း လူနာ မှ ၁၀၀ ပေးရသော်လည်း ဆေးရုံ မှ ၅၀% သာလျင်ရရှိပြီး အထူကုဆရာဝန် ကျွမ်းကျင်သူ စရိတ် နှင့် ဆေးပစ္စည်ဖိုးများ မှာ ခွဲဝေပေးရသည်မှာ ၅၀% ခန့်ဖြစ်နေပါသည်
ဆေးရုံပိုင်ရှင်မှာ စက်ပစ္စည်းများ အတွက် သန်းပေါင်းများစွာရင်နှီးထားရသော်လည်း ၅၀% ခန်သာလျင် ရရှိပြီး အရင်း ကြေရန် ၁၀နှစ် မကကြာနိုင်သည့် ရင်းနှီးမြုတ်နှံ ရသည့် လုပ်ငန်းမျိုးဖြစ်နေပါသည်
*** အထူးကု ဆရာဝန်မှာ မိမိကုသသည့်လူနာအား အဓိက တာဝန်ယူရသူဖြစ်ပြီး
ဆေးရုံ မှ လက်ထောက် ဆရာဝန် နှင့် သူနာပြုများမှာ အထူးကု ဆရာဝန်၏ ညွန်ကြာချက် အတိုင်းသာ လိုက်နာ ကုသပေးရသူများဖြစ်သည်
လူနာ၏အခြေအနေအား စဉ်ဆက်မပြတ် သတင်းပို့ပေးနေသော်လည်း ဆေးရုံ ဆေးခန်းများ တခုပြီး တခု လှည့်လယ်၍ လူနာများ ကြည်နေရသဖြင့် အရေးကြီးသည့်လူနာအား သေသေခြာခြာ ဂရုစိုက်နိုင်ရန် % ပြည့် မဖြစ်နိုင်ခြင်းများသည် မြန်မာပြည် ဆေးရုံများ၏ မပြည့်စုံသော စနစ်ကြီးတခုဟု ပြောရမလို ပင်ဖြစ်နေပါသည်
အချိုသော လက်ထောက်ဆရာဝန်များမှာ အတွေ အကြုံ ကောင်းများ ရှိနေသော်လည်း အထူကုဆရာဝန်များအား ဆရာလုပ်စေါဒက မတက်ရဲ ခြင်းမှာလည် မြန်မာပြည် ဆေးရုံလောကရဲ့ အားနည်းချက်တခုဟုပင် ဆိုပေတော့မည်
ကျွန်တော် ဆေးရုံးလုပ်ငန်း ကို ဆက်မလုပ်တော့ပဲ ရောင်းခြခဲ့ရခြင်းသည်လဲ အထက်ပါ အချက်များ ကြောင့်လဲ အပါအဝင်ဖြစ်ပါသည်
ကျွန်တော့်လက်ထက်ကလည်း လူနာ တဦးခွဲခန်းဝင်ရာမှ ကိုမာရသွား၍ တဘဝလုံး အသိစိတ်မရှိတော့ပဲ ပက်လက် မျောနေရသော သနားစရာ ဘဝ ကို ရင်နာစွာတွေ့ရှိခံစါးခဲ့ရဘူးပါတယ်
အမှန်တကယ်တော့ အထူးကု ဆရာဝန်ကြီး၏ လိုအပ်ချက်ကြောင့် တဘဝလုံး အသိမေ့ဝေဒနာခံစါးနေရခြင်ဖြစ်ရပ်မှန်ပါ
ဒါပေမဲ့ အဲဒီ အထူးကုဆရာဝန်ကြီးတွေ တာဝန်မယူတဲ့အပြင် သူတို့ကုသမှုမှားယွင်းတယ်လို့ ဝန်မခံကြပါဘူး
ကျွန်တော် မှ ထောက်ပံ့ကြေးပေးသင့်ကြောင်းတိုက်တွန်းခဲ့သဖြင် သိန်းတရာ နှင် ကျွန်တော် မှ သိန်းတရာ စုစုပေါင်း သိန်း၂၀၀ တန်ဖိုး ထောက်ပံ့ ပေးခဲ့ရဘူးတဲ့ဖြစ်စဉ်များရှိခဲ့ပါတယ်
ကျွန်တော်တို့နိုင်ငံအပါအဝင် အာဆီယံ နိုင်ငံ များမှာ ပြဿနာ တခုခုဖြစ်ပြီ ဆိုလျင် အထူးကု ဆရာဝန်များ မှာ တာဝန်ယူမှု တာဝန်ခံမှု မရှိပဲ ဆေးရုံ မှသာလျင် နာမည်ပျက်တာဝန်ခံကြရသော အခြေအနေ မျိုးဖြစ်နေပါတော့သည်
*** အဖြစ်မှန်တခု မှာ ဟာသသဖွယ် ဖြစ်ရပ်မှန်အဖြစ်ဖေါ်ပြရလျင်
*** ကျွန်တော် ဆာကူရာ ဆေး ရုံ မရောင်းမှီ ၂၀၀၇ ခုနှစ်လောက်က အဖြစ်အပျက် အမှန်တခုပါ
*** အထူးကုဆရာဝန်ကြီးက လူနာကလည်းတအားများ ဆေးရုံ တွေ ရှိသမျှ လှည့်ပြီး ဆေးခန်းထိုင် လူနာကြည့်တာများတော့ ကျွန်တော့်ဆေးရုံ ကို အချိန်နောက်ကြမှ ရောက်လာသဖြင့် တခန်းဝင် တခန်ထွက် လူနာများအား လိုက်ကြည့်ရာတွင် လူနာတဦးမှာဗိုက်ပေါ် ခေါင်းအုံးတင်၍ စေါင်ခြုံ အိပ်နေသည်ကို နားကျပ်ဖြင်စမ်းသပ်ရာ ခေါင်အုံးပေါ် သို့ နားကျပ်ကြီး တင်၍ လူနာအား အခြေအနေ ကောင်းသည်ဟုအိပ်မုံစုံဝါးဖြင့် ပြောဆိုနေသဖြင့် လူနာမှာ အသဲအသန်လူနာဖြစ်ပြီးကျွန်တော်၏ မိတ်ဆွေဖြစ်သဖြင့် အဆိုပါဆရာဝန်ကြီး ရှေ့တွင်ပင် ခေါင်းအုံးအားဖယ်ပေးလျက် ပြန်လည်စမ်းသပ်ပေးရန် ပြောကြားခဲ့ရဘူးလေပြီ ***
အချုပ်ဆိုရသော် လူနာနှင့် ဆရာဝန် အချိုး မမျှ ခြင်း
ဆရာဝန်အချို့ မှာ လောဘကြီး၍ လူနာအား အချိန် မပေး နိုင်ခြင်းတို့ မှာ အဓိက အကြောင်းအရင်းဖြစ်ပါကြောင်းလေးစါးစွာ ဖေါ်ပြအပ်ပါသည်
https://www.facebook.com/photo.php?fbid=202403517388272&set=a.101338024161489&type=3

No comments:
Post a Comment