ads

sponsor

Tuesday, May 28, 2019

လွန်ခဲ့သော ၁၅ နှစ်ကျော်က အဖြစ်အပျက်မှန် တခုပါ

လွန်ခဲ့သော ၁၅ နှစ်ကျော်က အဖြစ်အပျက်မှန် တခုပါ
လွန်ခဲ့သော ၁၅ နှစ်ကျော်က အဖြစ်အပျက်မှန် တခုပါImage may contain: flower, plant, text and nature
********************************************************
*** ကိုဌေးအောင် ရေ ကူညီပါအုံး ကျွန်တော့်သမီးလေး ဆေးရုံတင်ထားရတယ် ဆရာဝန်က အမြန်ဆုံးခွဲ ရမယ်လို့ ပြောနေတယ် ***
မနက် ရုံးသွားခါနီး ကျွန်တော့်ဆီ မှာ ကား ဝယ်ရောင်း လုပ်နေသူ မိတ်ဆွေ ထံမှ ဟန်းဖုန်းဝင်လာတာပါ
ဟာ...ဟုတ်လား ဒါဆို အခုပဲ ကျွန်တော် ဆေး ရုံလာခဲမယ် ဆရာဝန်ကြီး ကိုတော့ ခွဲ မယ်လို့ ကတိမပေးလိုက်နဲ့ဦး ကျွန်တော် လာကြည့်ပြီး မှ ပြောကြတာပေါ့ လိုပြောပြီး ဆေးရုံ ကို တန်းမောင်းလိုက်ပါတယ်
ဆေးရုံ ရောက်တော့ မိတ်ဆွေ သမီး ငယ်လေး ကို အကျိုးအကြောင်း မေးကြည်ပြီး ဘယ်နားကနာတာလဲ နာတဲ့နေရာ ကို မေးပြီး ကျွန်တော် ကိုယ်တိုင် ဗိုက် ကို လက်နဲ့ နိုပ်ကြည့်ပါတယ်
*** ကျွန်တော် ဆရာဝန် တော့ မဟုတ်ပါဘူး ဒါပေမဲ့ ဆေးပညာဗဟုသုတ စါတွေ ဖတ်ထားတော့ ***
အူ အတက် ပေါက်ခါနီး ရောင်နေတဲ့ ဗိုက် ဟာ ကျွန်တော့် လက်နဲ့ နိုပ်သလောက်ဖိအားနဲ့ ဆို မခံမရပ်နိုင်အောင် နာကျင်ခံစါးရ နိုင်တယ် လို့ ကျွန်တော် ထိတွေ့သိရှိခံစါးရတယ်
*** ဓါတ်မှန်ရိုက်ပီး အဖြေနဲ့ အခြေအနေတွေ ကို ကျွန်တော် ခြုံငုံ သုံးသပ်ပြီး ***
*** မိတ်ဆွေ အား မစိုးရိမ်ရကြောင်း ၁ရက် ၂ရက် စေါင့်ကြည့်ပြီး မသက်သာ မှ ခွဲစိတ်ရန် အကြံပြုသော်လည်း ***
*** ဆရာဝန်ကြီး မှ ညနေပိုင်း တခေါက်ထပ်လာကြည့်ပြီး ***
*** မခွဲစိတ်ပါက အသက် အန္တရယ်စိုးရိမ်ရပြီး ဒီည မခွဲပါက တာဝန် မယူကြောင်း နဲ့ ဆက်မကြည့် နိုင်တော့ကြောင်း ပြောသွား သဖြင့် ***
*** ကျွန်တော်ထံ ဖုန်ထပ်ဆက်ပြီး အပူကပ်ပြန်ပါတယ်***
ကျွန်တော်လည်း ချက်ခြင်း ဆေးရုံ ကို တခေါက် ထပ်ပြေးရပြန်ပါတယ်
သမီးအတွက်ဗျာများနေသူအား ကျွန်တော် နှစ်သိမ့်ရန် နည်းလမ်း မရှိတော့ပါ
ကျွန်တော့် အတွေ့ အကြုံ အရ လူနာမှာ ဆိုးဆိုးဝါဝါး အခြေ အနေ မဟုတ် မှန် သိနေသော်လည်း မိဘ များ ဆရာဝန် များ ရှေ့ တွင် အဖြစ်သဲ ပြနေ သော သမီး ၏ သရုပ် ကို မမြင် နိုင်သော်လည်း ကျွန်တော် မျက်စေ့ထဲတွင်တော့ အထင်းသား ပေါ်နေပေသည်
နောက်ဆုံး ကျွန်တော် ဆရာဝန် မဟုတ်သော်လည်း အဖြစ်သဲနေသော မိဘ နဲ့ အဒေါ် တွေရဲ့ပျော့ကွက် ကို ကြည့်ပြီး ငွေကျေး တတ်နိုင် မှန်းသိသော အထူးကု ဆရာဝန်ကြီးရဲ့ လုပ်ရပ် ကို သံသယ ရှိနေသည်မှာလဲ မကြာ ခန ဆိုသလို ဆေးရုံခွဲခန်းထဲ မှ သစ္စာရှိသော သူနာပြု အချို့ ၏ သတင်းပေးချက် များသိထားပြီးဖြစ်၍
ရင်းနှီးသော မိတ်ဆွေ အား ခွင့်တောင်း၍ လူနာ သမီးငယ်အား ကိုယ်တိုင်ပင်စကားပြောပြီး ခွဲစိတ်ပါက မည်သို့ခံစါးရမည် အနာကျက်ရန် မည်မျှကြာမည် စသည်ဖြင့် အကျိုးအကြောင်ပြောပြနားခြ၍ မခံမရပ်နိုင်အောင် နာခြင်း မဟုတ်ပါက ၁ရက် ၂ ရက် နေလျှင် ကောင်းသွားနိုင် သည်ဟု ချော့ပြောပြ လိုက်ရာ သမီးဖြစ်သူ မှာ ချက်ခြင်းပင် မခွဲခြင်ကြောင်း သူ့ဝမ် ဗိုက်မှာ အရမ်းနာကျင်မှု မရှိကြောင်း စသည်ဖြင့် စကားထွက်လာရာ
မိဘများ မှ ဆရာဝန်က ပြောသွား သဖြင့် မခွဲ မဖြစ်ကြောင်း အသက် အန္တရယ် ရှိကြောင်း ပြော သော်လည်း
တချိန် လုံး ငြိမ်နေသည့် လူနာ မှာ မခွဲ ခြင်ကြောင်း ခွဲရမှာ ကြောက်ကြောင်း ဒါကြောင် ကျွန်တော် ပြောသလို့ အခြေအနေ တည တာ စေါင့်ကြည့် ခြင်ကြောင်းတောင်း ဆို လာသဖြင့် ကျွန်တော်လည်း မိဘ နှစ်ပါအား နှစ်သိမ့်၍ ကျွန်တော် တာဝန် ယူကြောင်း ကျွန်တော့ စည်းစိမ်း နှင့် ထပ်၍ တာဝန်ယူကြောင်း နားခြပြီး လူနာ အတွက် လိုအပ်သည့် ပြုစေါင့်ရှောက်မှု များပြုလုပ်၍ တညတာ အချိန် ကို ကုန်လွန် စေ ခဲ့ပါသည်

*** အဆိုပါ ခွဲစိတ်အထူကု ဆရာဝန်ကြီးလဲ လူနာ ကို ထပ်လာမကြည့်တော့ပါဘူး ***

ကျွန်တော်လည်း ရှိသမျှစည်းစိမ်နှင့် လောင်းကြေး ထပ်ထား ရသဖြင့် စိတ် ပူမှုတော့ရှိနေပါသည် မိမိမှာ ဆရာဝန် မဟုတ်သဖြင့် ဆရာဝန် အလုပ်ကို ဝင် ရှုပ်မိသည်ကို လည်း နောင်တဖြစ်မိပါသည်
သို့သော် အဆိုပါ ခွဲစိတ်အထူးကုဆရာဝန်ကြီးအား ဤနည်းဖြင့်ပညာပေးရန် နည်းလမ်း မရှိပြီ မို့  ဆက်လျှောက်ရပေတော့သည်
*** တနေ့ ထက် တနေ့ လူနာမှာလည်း သက်သာလာပြီး လုံးဝ ခွဲစိတ်ရန် မလိုပဲလ၃ ရက်မြောက့်နေ့မှာ ဆေးရုံမှ ဆင်သွားသည်မှ ယနေ့ ထိတိုင် အဆိုပါ အူအတက် အား ခွဲစိတ်ရမည့်ဝေဒနာမျိုး ထပ်မံဖြစ်ပွားသည်ဟု မကြားမိသေးပါ ***
*** ကျွန်တော်၏ လုပ်ရပ်အား ဆေးရုံ မှ လက်ထောက်ဆရာဝန် အချို့ မှ မနှစ်မျို့ ကျသည့် အပြင် အဆိုပါဆရာဝန်ကြီးအား သတင်းပေးသဖြင့် မခံမရပ်နိုင်အောင် စိတ်ဆိုးသွားပြီး မကြာမီ မှာ ပင် ကျွန်တော့်ဆေးရုံ သို့ ရာသက်ပန် လာရောက်ခြင်းဆေးကုသခြင်း လူနာတင်ခြင်း များ လုံဝ မပြုတော့ပါ ***
*** ထိုအချိန်မှ စ၍ ခွဲခန်းတွင် အူအတက် ခွဲသော မည်သည့်လူနာ မည်သည့် ဆရာဝန် မဆို ခွဲထားသော အူအတက်အား ပြဿနာ တခုခုဖြစ်ပေါ်ပါက သက်သေ ပြနိုင်ရန် ဆေးရည်စိမ်၍ ပုလင်းဖြင့် အချိန် တခု ထိ သိမ်းဆည်းထားရန် အမိန်ပေး စေခိုင်းရသည့် အထိ ပြုလုပ်ခဲ့ရဘူးပါသည် ***
သို့သော် ကျွန်တော် ကျေနပ်ပါသည် အသပြာ ဆရာဝန် တယောက် ဆုံးရှုံး ခြင်းထက် နောက်ထပ် ဤသို့ မကောင်းမှု ပြုခြင်း အား ကျွန်တော့် ဆေးရုံ တွင် ကျွန်တော် ရှိနေသ၍ နောက်ထပ် မည်သည့်အသပြာ ဆရာဝန် ကို မှ အခွင့်အရေး မရှိစေခြင်းမှာ တန်ဖိုးအရှိဆုံးရလဒ်ပင်ဖြစ်ပါတော့သည်
https://www.facebook.com/permalink.php?story_fbid=202655894029701&id=100028558740781

No comments:

Post a Comment