ads

sponsor

Wednesday, January 22, 2020

ပြင်ဦးလွင် ပန်းပွဲတော် မှာ ကျန်ရစ်ခဲ့ တဲ့အ မှိုက်ပုံကြီးတွေကြည့်ပြီး စိတ်ပျက် ဝမ်းနည်းနေ တဲ့ SINON LORESCA

ပြင်ဦးလွင် ပန်းပွဲတော် မှာ ကျန်ရစ်ခဲ့ တဲ့အ မှိုက်ပုံကြီးတွေကြည့်ပြီး စိတ်ပျက် ဝမ်းနည်းနေ တဲ့ SINON LORESCA

ဖိ လစ်ပိုင်လူမျိုး Catwalk မော်ဒယ်တစ်ဦးဖြစ်တဲ့ Sinon Loresca က မြန်မာနိုင်ငံကို ပထမဦးဆုံး စတင်ရောက်ရှိစဉ်ကတည်းက ပရဟိတလုပ်ငန်းများ လုပ်ကိုင်ရင်း မြန်မာပရိသတ် အခိုင်အမာ ရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။ Sinon Loresca က အခုဆိုရင် မြန်မာနိုင်ငံကို ဒုတိယမြောက် ပြန်လည်ရောက်ရှိလာတာဖြစ်ပြီး သူဝါသနာပါတဲ့ ပရဟိတလုပ်ငန်းတွေနဲ့ အလှူအတန်းတွေများစွာကို လုပ်ကိုင်နေပြီး မြန်မာနိုင်ငံမှာ အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေလျက်ရှိပါတယ်။
မြန်မာနိုင်ငံ ကို သံယောဇဉ်တော်တော်ကြီးနေပြီဖြစ်တဲ့ Sinon Loresca က ဒီနေ့မှာတော့ ပြင်ဦးလွင် ပန်းပွဲတော်မှာ အမှိုက်တွေပွနေတဲ့ ပုံတွေကိုမြင်ပြီး စိတ်မကောင်းဖြစ်နေတဲ့ ပုံပါပဲ။
Sinon Loresca က မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အမှိုက်ပစ်ရာမှာ စည်းကမ်းတကျလေး စွန့်ပစ်ဖို့ တိုက်တွန်းပြောဆိုလာပါတယ်။ ဒါ့အပြင် Sinon Loresca က လွန်ခဲ့တဲ့ လပိုင်းကလည်း ပုဂံဒေသမှာ အမှိုက်တွေကို သူကိုယ်တိုင် ပါဝင်ရှင်းလင်းပေးခဲ့ပါသေးတယ်။
Sinon Loresca က မြန်မာနိုင်ငံကို Miss ပြိုင်ပွဲတစ်ခုကို လာရောက်ရာမှ မြန်မာနိုင်ငံသားတွေရဲ့ နွေးထွေးဖော်ရွေမှုကို သိရှိပြီး မြန်မာနိုင်ငံမှာ သူ့ရဲ့အချိန်တော်တော်များများကို ကုန်ဆုံးနေတာ ဖြစ်ပါတယ်။
Sinon Loresca ကတော့ ပြင်ဦးလွင် ပန်းပွဲတော်မှာ ကျန်ရစ်နေတဲ့ အမှိုက်တွေကိုမြင်ပြီး တော်တော်လေး စိတ်ပျက်ဝမ်းနည်းနေပုံပါပဲ။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးတင်ရှိပါတယ်။
မိုမိုလေး

No comments:

Post a Comment