လက် ရှိအချိန် မြန်မာနိုင်ငံမှာ သက်ငယ်မုဒိန်းမှုတွေ ပေါများပြီးတော့ ထိရောက်တဲ့ ဥပဒေပြဌာန်းနိုင်ခြင်း မရှိတာကြောင့် မိန်းကလေးရှင်မိဘများဟာ စိုးရိမ်စိတ်တွေနဲ့ ဂရုစိုက်နေရတာပါ။ ဒီလိုဖြစ်ရတာကလည်း တဏှာရာဂ စိတ်ကြီးမားပြီး လူစိတ်မရှိတဲ့လူ
တွေကြောင့် သာဖြစ်ပါတယ်။ ထိထိရောက်ရောက် အပြစ်ပေးရမှာပါ။ ဒါဟာ လူတွေထဲမှာပဲ ရှိပါတယ်။ တိရိစ္ဆာန်တွေမှာတော့ အခုလို သက်ငယ်မုဒိန်းတွေ မရှိပါဘူး။ အဲ..ဒါပေမယ့် အထန်ကောင်တွေ ရှိတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေ့ ဖတ်မိတဲ့
သတင်းလေးတစ်ခုကြောင့်ပါ။

ရှာရှာဖွေဖွေ ပြောတယ်လို့ထင်ချင်လည်း ထင်နိုင်ပါတယ်။ ဒေ့ လို့ နာမည်ပေးထားတဲ့ ဘဲထီးကြီး တစ်ကောင်ဟာ အင်မတန်မှကို ထန်တာကြောင့် နောက်ဆုံး သူ့ကျန်းမာရေးအတွက် လိင်တံကို ဖြတ်ထုတ်ပစ်လိုက်ရတဲ့အထိ ထန်တာပါ။ ဖြစ်ခဲ့တာကတော့
အင်္ဂလန် ၊ ဘရစ္စတိုမြို့မှာပါ။ အထန်ကောင် ဘဲကြီးဟာ မိတ်လိုက်ဖက်တြွေဖစ်တဲ့ ဒိုရာဖရီဒါ တို့နဲ့ မိတ်လိုက်ရင်း ထိခိုက်မှုတြွေဖစ်ပြီး ရောဂါထူပြောနေခဲ့တာပါ။ ဒါကြောင့် တိရိစ္ဆာန် ပဋိဇီဝဆေးတွေနဲ့ ကုသပေးပြီးတော့ ၊ သူတို့နဲ့မိတ်လိုက်တဲ့ ဒေ့ရဲ့ ဖိုလိင်တံ
ကိုလည်း တစ်နေ့နှစ်ကြိမ် အထဲကို ပြန်ပြန်ထည့်ပေးနေရတာပါ။ အထန်ကောင်က ဆက်ဆံပြီး အတံက အထဲပြန်မဝင်တော့တာကြောင့်ပါ။

အခုလို လုပ်ပေးနေရပေမယ့် အထန်ကောင်ဟာ မာန်မလျော့ပဲ မိတ်လိုက်မြဲ လိုက်သလို ၊ အကြိမ်ရေလည်း များလာတာကြောင့် နောက်ဆုံး မတတ်နိုင်တဲ့အဆုံး ဘရစ္စတိုHighcroft က ဆရာဝန်တွေက ဒေ့ရဲ့ လိင်တံကို ဖြတ်ပစ်ကြဖို့ ၊ ခွဲစိတ်ဖယ်ရှားဖို့ ဆုံး
ဖြတ်ခဲ့ရပါတော့တယ်။
ဖြတ်ခဲ့ရပါတော့တယ်။

အခုတော့ အထန်ကောင် ဒေ့ရဲ့ လိင်တံဟာ တစ်စင်တီမီတာ လောက်ပဲ ရှိတော့ပြီး၊ဒါက ကျင်ငယ်စွန့်ရုံအတွက်သာပဲ ချန်ခဲ့တာပါ။ ကျန်တဲ့ ဘဲမတွေအတွက်တော့ ဒေ့ဟာယခင်လို မစွမ်းဆောင်နိုင်တော့ပါဘူးလို့ ဆိုပါတယ်။
ကဲ..ဒီအကြောင်းလေးကို ဖတ်ပြီးတော့ လူအထန်ကောင်တွေကိုလည်း ဒီလို ဖြတ်ပစ်ရမယ်လို့များ စိတ်ကူးမိကြလေမလား။ အောက်မှာ မန့်ပေးခဲ့ဦးနော်။
ကဲ..ဒီအကြောင်းလေးကို ဖတ်ပြီးတော့ လူအထန်ကောင်တွေကိုလည်း ဒီလို ဖြတ်ပစ်ရမယ်လို့များ စိတ်ကူးမိကြလေမလား။ အောက်မှာ မန့်ပေးခဲ့ဦးနော်။
Writer – SMT( Shwe Yaung Lan)
No comments:
Post a Comment