တစ်ကိုယ်လုံး မီးလောင်ဒဏ်ရာရခဲ့သူ မိန်းကလေးအတွက် အမှန်တရားကို ဝိုင်းဝန်ကူညီ ဖော်ထုတ်ပေးကြပါ
အရင်ဆုံးကျွန်တော်အားလုံးကို တောင်းပန်အပ်ပါတယ် သတင်းကောင်းတစ်ခုမဟုတ်ပါဘူး သတင်းဆိုးတစ်ခုပါ…စိတ်အနှောင့်အယှက်ဖြစ်နိုင်မယ့်အခြေအနေနဲ့ နှလုံးမကောင်း, ခံနိုင်ရည်မရှိသူများမဖတ်ကြပါရန်မေတ္တာရပ်ခံအပ်ပါတယ်

သို့သော် မှန်ကန်မှုတစ်ခုကိုမြတ်နိုးတဲ့သူတွေနဲ့အမျိုးသမီးထုတစ်ရပ်လုံးကိုတော့ပါဝင်ဝန်းရံစေချင်တာတော့အမှန်ပါ…

ယခုပုံပါအမျိုးသမီးဟာကျွှန်တော့်ညီမလေးပါကျွှန်တော့်ညီမလေးကို သူ့အမျိုးသား(ကွာရှင်းစာချုပ်ဖြစ် တရားသူကြီးရှေ့မှောက်ကွဲကွာထားသူ) တောင်ဒဂုံ (26) ရပ်ကွက် ဂျပန်ကုန်း ကန်ဘက်ဝန်းကျင်တွင်နေထိုင်သူ စိုးသူရ(ခေါ်)စိုးကြီး သည် 11/01/2020 စနေ့နေ့ မနက်အစောပိုင်းဖြစ်သော 3:00AM နှင့် 4:00AM ကြားက မိဘအုပ်ထိန်းသူတို့နှင့်နေထိုင်အိပ်စက်နေစဉ် လာရောက်ခေါ်ဆောင်သွားပြီး မနက်11:00 AMဝန်းကျင်က ရန်ကုန်ဆေးရုံကြီးတွင် အရေးပေါ်ခွဲစိတ်မှုပြုလုပ်ရန် စောင့်နေရသော မီးလောင်ဒဏ်ရာများနှင့်ရုပ်ပျက် ဆင်းပျက်ဖြစ်နေသောကျွန်တော့်ညီမလေးကို မြင်တွေ့လိုက်ရပါတယ်

ထိုအချင်းအရာတို့ကြောင့်ကျွန်တော်နှင့်ဖခင်ဖြစ်သူမှ လာရောက်ခေါ်ယူသွားသော စိုးသူရ(ခေါ် )စိုးကြီးအား စုံစမ်းစစ်ဆေးပေးရန်အတွက်တောင်ဒဂုံ ရဲစခန်းတွင်အမှုဖွင့်တိုင်တန်းခဲ့ပါသည် ထိုတိုင်တန်းစစ်ဆေးမှုများကို အမှန်အတိုင်းနှင့်အမြန်ဆုံးထိရောက်အောင် လုပ်ငန်းစဉ်များမှန်ကန်မှုရှိရေးကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါရန်ဒဂုံမြို့သစ်တောင်ပိုင်း အုပ်ချုပ်ရေးအရာရှိများ , ရဲလုပ်ငန်းကိုအချိန်နှင့်တစ်ပြေးညီဆောင်ရွက်နေသော တောင်ဒဂုံရဲစခန်းမှ လူကြီးမင်းများနှင့် သက်ဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့အစည်းများကို အကူအညီတောင်းခံအပ်ပါတယ်…

ကျွန်တော်လိုချင်တာအမှန်တရားပါ ဘယ်သူ့ဘယ်သူကိုမှအတင်းအဓမ္မမလုပ်ချင်ပါ အမှန်တရားတစ်ခုအမြန်ဆုံးပေါ်ပေါက်လာဖို့ ဝိုင်းဝန်းကူညီပေးကြပါရန် တောင်းဆိုအပ်ပါတယ် အခုထိ ကျွန်တော်ညီမလေး ဆေးရုံမှာအတွင်းလူနာအဖြစ်ဆက်လက်ကုသနေလျက်ရှိပါတယ် အသက်အန္တာရာယ်စိုးရိမ်ရတဲ့အနေအထားတစ်ခုဖြစ်ပြီး လူလောင်ကျွှမ်းပျက်စီးမှု 70% ဖြစ်ပါတယ် ကျွန်တော်ကိုဝိုင်းဝန်းကူညီပေးကြပါ….

Aung Aung Oo/အကိုအရင်းတော်စပ်သူ/09795928275
No comments:
Post a Comment