ads

sponsor

Wednesday, January 22, 2020

က်ြန္မအမ်ဳိးသားဆိုင္ကယ္ ကို တိုက္ၿပီး ေမာင္းေျပးသြား ပါတယ္၊ ပြဲခ်င္းၿပီး ဆံုး သြားပါတယ္၊ ေတြ႕ရိွ သူမ်ား ဆက္သြယ္ေပးပါ

က်ြန္မအမ်ဳိးသားဆိုင္ကယ္ ကို တိုက္ၿပီး ေမာင္းေျပးသြား ပါတယ္၊ ပြဲခ်င္းၿပီး ဆံုး သြားပါတယ္၊ ေတြ႕ရိွ သူမ်ား ဆက္သြယ္ေပးပါ

၁၉.၁.၂၀၂၀ ရဲ႕ကြၽန္မဘဝရဲ႕ငရဲက်ျခင္း”
ကြၽန္မ အမ်ိဳးသား ကိုသားႀကီး ၁၉.၁.၂၀၂၀ တနဂၤေႏြေန႕ ည ၁၀ နာရီ ၁၅ မိနစ္ ေလာက္မွာ ကြၽန္မရွိတဲ့နဝေဒးဥယ်ာဥ္အိမ္ယာကိုၿမိဳ႕ထဲမွာ မုန္႔အတူသြားစားဖို႔ ကြၽန္မတူေလးကို ဆိုင္ကယ္နဲ႔ေမာင္းပို႔ခိုင္းပါတယ္။
BOC မွတ္တိုင္အ လြန္ တိုးခ်ဲ႕မွတ္တိုင္အေရာက္မွာ ဓာတ္ဆီပ်က္သြားလို႔ tarminel ဓါတ္ဆီဆိုင္ကို တူရီး ၂ေယာက္လမ္းအလယ္ပလက္ေဖာင္းကကပ္ၿပီးတြန္းသြားေနတုန္း ေနာက္ကေန CC -Taxi ဖင္ေကာက္အျဖဴေရာင္တစ္စီးကအရက္မူးလာၿပီး အေနာက္ကေနတိုက္လိုက္တာ ကြၽန္မအမ်ိဳးသားေရာ ဆိုင္ကယ္ေရာလြင့္ၿပီး တစ္ဖက္လမ္းမေပၚကိုအရွိန္နဲ႔ျပဳတ္က် ဦးေခါင္းအုတ္စက္ပြင့္ ဘယ္ဘက္နံ႐ိုးက်ိဳးေျခသပြတ္တိုင္လယ္ၿပီး အဲ့ေနရာမွာတင္ပြဲခ်င္းၿပီး ဆံုးသြားပါတယ္။
အဲ့တိုက္သြားတဲ့ကားက ၁၉ ရက္ေန႕​ကတိုက္ ထြက္ေျပးၿပီး ၂၀ရက္ေန႔ထိဘာသဲလြန္စမွမရေသးပါဘူး။ အဲ့နားကေမွာင္မဲၿပီးဘာမွမျမင္ရတာရယ္ တူေလးကလန္႔ေနတာရယ္နဲ႔ျဖစ္ေနတာပါ။ အဲ့ကားက ဘယ္ဘက္ခ်မ္း ဘက္ၾကည့္မွန္တခုလုံးနဲ႔ ဘယ္ေရွ႕တခ်မ္းလုံးေၾကမြသြားတာပါ။
ဘုရင့္ေနာင္ဘက္ကိုေမာင္းေျပးတယ္လို႔ထင္ပါတယ္။ ဒီစာကိုဖတ္မိသူမ်ား ကားေဘာ္ဒီ ႐ုံမ်ားမွလည္းေတြ႕လွ်င္ အေၾကာင္းၾကားေပးၾကပါေနာ္.. အကူအညီေတာင္းတာပါေနာ္..
ဆက္သြယ္ရန္ – 09784201212, 09250514392
Khin Khin Moe
Unicode
၁၉.၁.၂၀၂၀ ရဲ့ကျွန်မဘဝရဲ့ငရဲကျခြင်း”
ကျွန်မ အမျိုးသား ကိုသားကြီး ၁၉.၁.၂၀၂၀ တနင်္ဂနွေနေ့ ည ၁၀ နာရီ ၁၅ မိနစ် လောက်မှာ ကျွန်မရှိတဲ့နဝဒေးဥယျာဉ်အိမ်ယာကိုမြို့ထဲမှာ မုန့်အတူသွားစားဖို့ ကျွန်မတူလေးကို ဆိုင်ကယ်နဲ့မောင်းပို့ခိုင်းပါတယ်။
BOC မှတ်တိုင်အ လွန် တိုးချဲ့မှတ်တိုင်အရောက်မှာ ဓာတ်ဆီပျက်သွားလို့ tarminel ဓါတ်ဆီဆိုင်ကို တူရီး ၂ယောက်လမ်းအလယ်ပလက်ဖောင်းကကပ်ပြီးတွန်းသွားနေတုန်း နောက်ကနေ CC -Taxi ဖင်ကောက်အဖြူရောင်တစ်စီးကအရက်မူးလာပြီး အနောက်ကနေတိုက်လိုက်တာ ကျွန်မအမျိုးသားရော ဆိုင်ကယ်ရောလွင့်ပြီး တစ်ဖက်လမ်းမပေါ်ကိုအရှိန်နဲ့ပြုတ်ကျ ဦးခေါင်းအုတ်စက်ပွင့် ဘယ်ဘက်နံရိုးကျိုးခြေသပွတ်တိုင်လယ်ပြီး အဲ့နေရာမှာတင်ပွဲချင်းပြီး ဆုံးသွားပါတယ်။
အဲ့တိုက်သွားတဲ့ကားက ၁၉ ရက်နေ့​ကတိုက် ထွက်ပြေးပြီး ၂ဝရက်နေ့ထိဘာသဲလွန်စမှမရသေးပါဘူး။ အဲ့နားကမှောင်မဲပြီးဘာမှမမြင်ရတာရယ် တူလေးကလန့်နေတာရယ်နဲ့ဖြစ်နေတာပါ။ အဲ့ကားက ဘယ်ဘက်ချမ်း ဘက်ကြည့်မှန်တခုလုံးနဲ့ ဘယ်ရှေ့တချမ်းလုံးကြေမွသွားတာပါ။
ဘုရင့်နောင်ဘက်ကိုမောင်းပြေးတယ်လို့ထင်ပါတယ်။ ဒီစာကိုဖတ်မိသူများ ကားဘော်ဒီ ရုံများမှလည်းတွေ့လျှင် အကြောင်းကြားပေးကြပါနော်.. အကူအညီတောင်းတာပါနော်..
ဆက်သွယ်ရန် – 09784201212, 09250514392
Khin Khin Moe

No comments:

Post a Comment