ကို ရီးယား ဇာတ်လမ်းတွဲတွေ သီချင်းတွေဟာ ကမ္ဘာအနှံ့မှာ ပျံ့နှံ့လူကြိုက်များနေသလို ကိုးရီးယား Idol တွေကို စွဲစွဲလမ်းလမ်းနှစ်သက်ကြတဲ့ ပရိသတ်တွေကလည်း ကမ္ဘာနဲ့တစ်ဝှမ်း မနည်းမနောပါပဲ။
အခိုင်အမာ အားပေးနှစ်သက်စွဲလမ်းကြသူအချို့ဟာ Idolတွေရဲ့ ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း စိတ်အားငယ်ခြင်းတွေကို သူတို့ဘဝလို့ မှတ်ယူထားကြတာပါ။

ကိုရီးယားနိုင်ငံမှ မင်းသမီး Goo Hara ကိုယ့်ကိုကိုယ်သေဆုံးတဲ့ဖြစ်ရပ်ဟာ သူမရဲ့ပရိသတ်တွေကိုသာမက အင်တာနက်သုံးစွဲသူတော်တော်များများကိုပါ ဝမ်းနည်းကရုဏာသက်စေတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှ Goo Hara ရဲ့ ပရိသတ်တစ်ဦးဟာ သူအားပေးတဲ့အနုပညာရှင် သေဆုံးသွားခဲ့တာကြောင့် ကိုယ့်ကိုယ်ကိုသတ်သေခဲ့တယ်လို့ သိရပါတယ်။

ထိုအမျိုးသားဟာ Goo Hara သေပြီးနောက်တစ်နေ့မှာ သူလည်း ကိုယ့်ကိုကိုယ်သတ်သေတော့မယ်လို့ ကွန်မန့်တွေမှာရေးသားခဲ့ပါတယ်။ အင်တာနက်သုံးစွဲသူတစ်ချို့က သူ့ကိုတားဆီးကာ အားပေးစကားပြောခဲ့ကြပြီး တချို့ကတော့ စိန်ခေါ်တဲ့သဘော ပြောခဲ့ကြပါတယ်။

ဒါ့ကြောင့် နောက်ထပ်ဒီလိုအဖြစ်အပျက်မျိုးတွေ ထပ်မဖြစ်လာဖို့ လူတစ်ယောက်က အင်တာနက်မှာပဲဖြစ်ဖြစ် အပြင်မှာပဲဖြစ်ဖြစ် ကိုယ့်ကိုကိုယ်သတ်သေဖို့အကြောင်း ဖွင့်ဟလာခဲ့ရင် သူနဲ့စကားပြောပေးကာ သူပြောချင်တဲ့ အကြောင်းအရာတွေ နာကျင်မှုတွေကို ခံစားနားထောင်ပေးပြီး မိသားစုကိုဆက်သွယ်ပေးကြပါ လို့ သတင်းဝဘ်ဆိုက်တစ်ခုက ရေးသားတင်ပြထားပါတယ်။
Writer -LLA ( Shwe Yaung Lan )
Source-World of buzz
Source-World of buzz
No comments:
Post a Comment