မန္တလေးမြို့တွင် တစ်သောင်းတန်အတု သိန်း (၃၀၀) ကျော်ဖိုး ဖမ်းမိ
မန္တလေးမြို့တွင် တစ်သောင်းတန်အတု သိန်း (၃၀၀) ကျော်ဖိုး ဖမ်းမိ
ဒီဇင်ဘာ ၂၂၊ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း ရတနာပုံတက္ကသိုလ်ဘက်သွားတဲ့ မီးပွိုင့်နားမှာ ရန်ကုန်က သတင်းအရ ရဲတပ်ဖွဲ့က ဖမ်းဆီးစဉ် လူ(၃)ဦးနဲ့ တစ်သောင်းတန်ငွေစက္ကူအတု(၃၀၀၀)ကျော် (လက်ရှိရေတွက်နေဆဲ)ကို ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

“ဖြစ်စဉ်မှန်ပါတယ် ၊ ရန်ကုန်ကကွင်းဆက်အရ ဖမ်းတာပါ ။ ခုလက်ရှိ တိုင်းရုံးမှာစစ်ဆေးနေပါတယ်။ အထက်ကဖမ်းတဲ့အတွက် အောက်ခြေမှာတော့ ဘာမှသိပ်မသိသေးပါဘူး”လို့ အမည်မဖော်လိုတဲ့ ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းကပြောပါတယ်။
Voice of Myanmar
No comments:
Post a Comment