ads

sponsor

Wednesday, January 22, 2020

ခေတ် မှီ ပစ္စည်းကိရိယာတွေ အသုံး မပြု ဘဲ အသက် စွန့်ပြီး ဆရာ ဝန် သားအဖ ကို ရှာပေး ခဲ့ တဲ့ ရေငုပ်သမား

ခေတ် မှီ ပစ္စည်းကိရိယာတွေ အသုံး မပြု ဘဲ အသက် စွန့်ပြီး ဆရာ ဝန် သားအဖ ကို ရှာပေး ခဲ့ တဲ့ ရေငုပ်သမား

၁ ၉ ရက်ကြာ ပျောက်ဆုံးခဲ့တဲ့ ဒေါက်တာအေးဇော်ထွန်းတို့ သားအဖနဲ့ ကားကို အတ္ထရံမြစ်ထဲကနေ ဆယ်ယူရရှိခဲ့ပါတယ်…..ဒီစိတ်မကောင်းဖွယ်သတင်းကြောင့် အားလုံးကလည်း ဝမ်းနည်းခဲ့ကြတာပါ…
မြစ်ထဲကို ကျနိုင်တယ်ဆိုတဲ့ ကောက်ချက်ကို ရရှိခဲ့တာက ဒေါက်တာအေးဇော်ထွန်းကားဟာ သူ့နေအိမ်ကို ကျော်ပြီး မောင်းသွားတယ်ဆိုတဲ့ CCTV မှတ်တမ်းတစ်ခုကို သုံးသပ်ပြီး လမ်းအဆုံးက အတ္ထရံမြစ်ထဲကို ရေငုပ်သမားတွေနဲ့ ရှာဖွေခဲ့ကြတာပဲ ဖြစ်ပါတယ်…
ဒီ လို ရှာဖွေရာမှာ အထူးချီးကျူးရမှာက ဆောင်းရာသီရဲ့ အေးချမ်းလှတဲ့ နံနက်ခင်းကို အံတုပြီး ရေထဲငုပ်ရှာဖွေခဲ့တဲ့ မွန်ပြည်နယ်က ရေငုပ်အဖွဲ့ပဲ ဖြစ်ပါတယ်….ရေငုပ်ရာမှာလည်း နိုင်ငံခြားဇာတ်ကားတွေထဲမှာလို ကိရိယာအစုံအလင် ဝတ်စုံအပြည့်နဲ့ ရှာဖွေတာမဟုတ်ပါဘူး…… ဒီအကြောင်းလေကို ကိုယ်တိုင်ကြုံခဲ့ရသူတစ်ဦးက ခုလို ပြောပြထားပါတယ်…
“တစ်ကယ်တမ်းဆင်းလာတော့ ဘဲငန်းစွတ်ကျယ်အဖြူ ဘောင်းဘီအနက်အတိုနဲ့ Mask လေးကိုင်ကာ ပါးစပ်မှာကွမ်းလေးမြုံ့ရင်း လှေဦးထိပ်မှာရပ်ပြီး အတ္ထရံမြစ်ဘက်လှည့်ကာ ယုံကြည်မှုအတိုင်းထုံးစံအရ ဆိုင်ရာပိုင်ရာကို လက်အုပ်ချီ၍ကန်တော့နေပါတယ်..ကျွန်တော့်စိတ်ထဲ ” ဟာ…ကနဲ ” ဖြစ်သွားမိတာအမှန်ပါ ၊ ဘာမှမပါဘဲငုပ်မှာလားပေါ့ဆိုပြီးတွေးမိခဲ့တယ်.သူကတော့ ကျိုက်ဖနဲရပ်ကွက်က ကိုးဖိုးပါဆိုသူပါဘဲ ၊ အသက်အားဖြင့် ၅၅ နှစ်ခန့်ရှိမည်ထင်ပါတယ်…
နောက်တစ်ယောက်ကသူ့ရဲ့ Assistant လက်ထောက်အကူလို့ယူဆရတဲ့ကိုဂေါင်းကြီးဆိုသူကစက်လှေဝမ်းဗိုက်မှာရပ်ပြီးလက်ထဲမှာ Snorkel လို့ခေါ်တဲ့ရေအောက်အသက်ရူပိုက်အခွေလိုက်ကိုင်ဆောင်ထားတာတွေ့လိုက်ရတယ် ၊ သူ၏ခြေရင်းတွင် Air Compressor လေဖိအားစက်နဲ့လေအိုးကြီးတစ်လုံးချထားတယ် ၊ ခပ်လှမ်းလှမ်းမှာ ကူဘိုတာနှစ်လုံးထိုးစက်လည်းတွေ့ရတယ် ၊ သေချာပါပြီး မြန်မာ့နည်းမြန်မာ့ဟန်နဲ့ မည်မျှကျွမ်းကျင်ကြောင်းကို ကမ္ဘာကသိမြင်နိုင်မည့်အခွင့်အရေးတစ်ရပ်ဖြစ်တာကြောင့် ကျွန်တော့်မိတ်ဆွေနိုင်ငံခြားသားကို ချက်ချင်းဘဲကြွားပစ်လိုက်ပါသည်..
“ကြည့်ထား ငါတို့ဆီက ကျွမ်းကျင်ရေငုပ်သမားဆိုတာ ဒါမျိုးကွ ” ဟုမြန်မာပီပီအားကျမခံသောစိတ်ဖြင့်ပြလိုက်မိပါသည် ။ ထိုသူပြုံးနေတာကိုတွေ့လိုက်မိသည် ။အဓိပ္ပာယ်တော့ရှိနေပါလိမ့်မည်.. ပြီးမှသူက တစ်ခွန်းထဲဆိုပါသည်..” အန္တရာယ်ဆိုတာ ကြိုမမြင်နိုင်ဘူးတဲ့ ”
ရေထဲကိုပိုက်တန်းလန်းနဲ့ပလုံဆိုပြီးဆင်းသွားပါသည် ၊ ခြေထောက်မှာရေယက်လို Fins ( ဖားခြေထောက် ) လည်းမဝတ်ဆင်ထားပါ ၊ အထက်အောက်စုန်ဆန်ရင်းတစ်ယောက်ထဲငုပ်နေရှာပါသည် ၊ (၂ ) နာရီခန့်အကြာရေငုပ်ရှာဖွေပြီး ကားဘီးကိုပက်လက်အနေအထားမှာစမ်းသပ်ရှာတွေ့ခဲ့ပြီး နည်းပညာကောင်းကောင်းနဲ့ ပေပါခွံတွေကိုအသုံးပြုကာအလွယ်တကူဘဲဆွဲတင်ကြတာလည်းတွေ့ခဲ့ရပါတယ် ၊ ခေတ်မှီစက်ပစ္စည်း ကိရိယာတွေစုံလင်မှုမရှိပေမယ့် ဒေသခံရေငုပ်သမားတို့ရဲ့ကျွမ်းကျင်မှုကတော့အံ့မခန်းချီးကျူးထိုက်ပါပေတယ် ။ဒါပေမယ့် ရေရှည်မှာအန္တရာယ်များပါသည်ခင်ဗျာ ။
ဘာဘဲပြောပြောပါ ဝါသနာအရ ရေငုပ်တာဘဲဖြစ်ဖြစ် ၊ ဝမ်းရေးအရရေငုပ်တာဘဲဖြစ်ဖြစ် Diving Equipment မပြည့်စုံဘဲ အခက်အခဲမရှိအချိန်ကြာမြင့်စွာ ကျွမ်းကျင်အဆင့်ရေငုပ်နိုင်တာကိုချီးကျူးလေးစားမိပါသည် ၊ ဒါပေသည့် ပြည်နယ်အစိုးရရုံးတိုင်းမှာ ယခုလိုမတော်တဆမှုများ ၊ သဘာဝဘေးအန္တရာယ်ကြောင့်မဖြစ်မနေ ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ချက်များတွင် မဖြစ်မနေအသုံးပြုရမည့် အရေးပေါ် ပစ္စည်းကိရိယာ ချပ်ဝတ်တန်ဆာများ များစွာလိုအပ်လျက်ရှိနေသေးတယ်ဆိုတာကိုတော့ အပြုသဘောဖြင့်အကြံပြုရေးသားတင်ပြအပ်လိုက်ရပါသည်ခင်ဗျာ ။ ။” ဆိုပြီး ရေငုပ်ခဲ့တာကို တွေ့ခဲ့ရသူက ရေးသားထားတာပဲ ဖြစ်ပါတယ်….
ဒေါက်တာတို့သားအဖ သေဆုံးခဲ့ရတဲ့ သတင်းဟာ စိတ်မကောင်းဝမ်းနည်းစရာဖြစ်ခဲ့ရပြီးတော့ ခုလို စွမ်းစွမ်းတမံနဲ့ မြန်မာတွေရဲ့ ရေငုပ်ကျွမ်းကျင်မှုကို နိုင်ငံခြားသားတွေ သိအောင်ပြသနိုင်ခဲ့တာဟာလည်း မြန်မာတွေမညံ့ဘူးဆိုတာ ကမ္ဘာကသိစေခဲ့ပါတယ်…ဒေါက်တာတို့ သားအဖလည်း နောင်ဘဝတွေမှာ ခုလိုအဖြစ်ဆိုးကနေကင်းဝေးကြပြီး ကောင်းရာမွန်ရာရောက်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်…
Writer – HW (Shwe Yaung Lan)
Source : SiThu Maung

No comments:

Post a Comment