ads

sponsor

Wednesday, January 22, 2020

မြန်မာ့ သနပ်ခါးတွေ ထင်း အ စားထိုး အသုံးပြုနေရလော က်အောင် ဖြစ်နေပြီ

မြန်မာ့ သနပ်ခါးတွေ ထင်း အ စားထိုး အသုံးပြုနေရလော က်အောင် ဖြစ်နေပြီ

သ နပ်ခါးဟာ စိတ်ကြည်လင် လန်းဆန်းဖွယ်ရာ သင်းပြန့်သော ရနံ့နှင့် ပြည့်စုံခြင်း၊ အသားအရေကို အေးမြစေခြင်း၊ အသားအရေကို ချောမွတ်စေခြင်း၊ သနပ်ခါး လိမ်းကျံသူအား လှပစေခြင်း စတဲ့ ဂုဏ်အင်္ဂါများနှင့် ပြည့်စုံတာကြောင့် ကျနော်တို့ မြန်မာတွေဟာ ရိုးရာနံ့သာအဖြစ် လိမ်းခြယ်ကြတာပဲ ဖြစ်ပါတယ်… ဒါ့အပြင် သနပ်ခါးဟာ နွေမှာအေးပြီး ဆောင်းမှာ နွေးစေတဲ့ အာနိသင်လည်း ရှိတာ ဖြစ်ပါတယ်….
ဒီလို အကျိုးကျေးဇူးတွေနဲ့ ပြည့်စုံတဲ့ မြန်မာ့ရိုးရာ သနပ်ခါးဟာ ခုဆိုရင် စိတ်မကောင်းဖွယ်ရာ အဖြစ် လွဲမှားစွာ အသုံးချခံရတဲ့ ဘဝကို ရောက်ရှိနေရပါပြီ…အဲတာကတော့ သနပ်ခါးတုံးတွေကို ထင်းအစားထိုးလောင်စာအဖြစ် အသုံးချခံနေရတာပဲ ဖြစ်ပါတယ်….
ရေစကြိုနယ်က ဘူးသီးကြော်ဆိုင်တွေမှာ သနပ်ခါးထင်းနဲ့ မီးဖိုပြီး အကြော်ကြော်ရောင်းနေကြတာတွေ ထမင်းချက်နေကြတာတွေကို ရေစကြိုရောက်ရင် မြင်ပါလိမ့်မယ်…..
ဒါ့အပြင် သနပ်ခါးအမြစ်ဆုံတွေကို မီးမွှေးဖို့ အသုံးချကြပြီး သနပ်ခါးပင်နဲ့ ခြံစည်းခပ်ထားတာတွေကိုလည်း တွေ့ရပါလိမ့်မယ်….ဒီလိုလုပ်ထားလို့ အပွေးမကောင်းတဲ့ သနပ်ခါးတွေ ဖြစ်မယ်လို့ မထင်လိုက်ပါနဲ့ ….. တကယ့်ကို အပွေးကောင်းတဲ့ သနပ်ခါးတုံးတွေကို မီးမွှေးနေကြတာပါ……
ဒီလို သနပ်ခါးတွေကို ဈေးကွက်တင် ရောင်းချမယ်ဆိုရင် ဈေးကောင်းရနိုင်ပါတယ်…. ဒါပေမယ့်လည်း ရေစကြိုဘက်က သနပ်ခါးပေါလို့ပဲလား ဒါမှမဟုတ် မြန်မာ့ရိုးရာသနပ်ခါးဟာ အနောက်တိုင်း က မိတ်ကပ်တွေလောက် အသုံးမပြုကြတော့လို့ပဲလားတော့ မသိပါဘူး….
ခေတ်တွေဘယ်လောက်တိုးတက်လာပါစေ သနပ်ခါးဟာ မြန်မာ့ရိုးရာဖြစ်သလို လိမ်းခြယ်သူတွေအတွက်လည်း ကျန်းမာရေးအကျိုးကျေးဇူးတွေရစေတာကြောင့် ခုလို အလဟဿ အသုံးချနေတာဟာ နှမြောစရာပါ…….. ဈေးကွက်တစ်ခုဖော်ဆောင်ပြီး ရောင်းချမယ်ဆိုရင် တန်ဖိုးရှိလာမယ့် သနပ်ခါးတွေကို ခုလိုအသုံးချနေတာ မြင်ရတာ စိတ်မကောင်းလို့ ခုလိုပြန်လည်ဖော်ပြလိုက်ရပါတယ်….သနပ်ခါးဈေးကွက်လည်း ကောင်းလာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်…
Writer – HW (Shwe Yaung Lan)

No comments:

Post a Comment