ads

sponsor

Wednesday, January 22, 2020

အ ထူးကြပ် မတ်ကုသဆောင် (ICU) ကိုပြောင်းရွှေ့ကုသမှု ခံယူရ တဲ့အထိ စိုး ရိမ်လာရ တဲ့ ဦးဗေလုဝ ရဲ့ ကျန်းမာရေးအခြေအနေ

အ ထူးကြပ် မတ်ကုသဆောင် (ICU) ကိုပြောင်းရွှေ့ကုသမှု ခံယူရ တဲ့အထိ စိုး ရိမ်လာရ တဲ့ ဦးဗေလုဝ ရဲ့ ကျန်းမာရေးအခြေအနေ

လူတွေ ကို ဟာသတွေနဲ့ ပျော်စရာတွေပေးတဲ့ သရုပ်ဆောင် ဗေလုဝဟာ ရုတ်တရက် စကားပြောတဲ့အာရုံကြောတစ်ခုကို သွေးပိတ်တဲ့ ဝေဒနာကြောင့် ပင်လုံဆေးရုံမှာ ကုသမှုခံယူနေရတဲ့ သတင်းကို ပရိသတ်ကြီးတို့လည်း ကြားသိပြီးဖြစ်မှာပါ….. ဒီဝေဒနာကြောင့် အနုပညာအသိုင်းအဝိုင်းက လုပ်ဖော်ကိုင်ဖက်တွေ ဆေးရုံကို သတင်းလာမေးတဲ့အခါမှာ လူတွေကို မမှတ်မိတော့ဘူးလို့ သတင်းတွေလည်းထွက်ပေါ်ခဲ့ပါတယ်….
လက်ရှိဆေးကုသမှုခံယူနေဆဲဖြစ်တဲ့ ဗေလုဝရဲ့ ကျန်းမာရေးအခြေအနေက စိုးရိမ်ရတယ်ဆိုပြီး သူ့မိသားစုဝင်တွေက ပြောလာခဲ့ပါတယ်….ဒုတိယအကြိမ် CT Scan ထပ်ရိုက်ရာမှာ သွေးကြောပိုပိတ်လာတဲ့ သဘောရှိပြီး စိုးရိမ်ရတာဖြစ်လို့ အထူးကြပ်မတ်ကုသဆောင်ကို ပြောင်းရွှေ့ကုသမှုခံယူနေရတယ်လို့ သိရပါတယ်…
နိုင်ငံခြားကို သွားရောက်ကုသဖို့ စီစဉ်ပေမယ့်လည်း ဆရာဝန်က ကျန်းမာရေးအခြေအနေကြောင့် လေယာဉ်စီးဖို့ ခွင့်မပြုတာကြောင့် ပြည်တွင်းက နာမည်ကျော် ဦးနှောက်နဲ့ အာရုံကြော ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာ ဦးစောဆိုင်မွန်သာကို ပင့်ထားတယ်လို့ သိရပါတယ်…
စစ်သူကြီး ဦးဗေလုဝတစ်ယောက် အမြန်နေကောင်းလာပါစေ…ပရိသတ်ကြီးတို့လည်း ဦးဗေလုဝတစ်ယောက် အမြန်ကျန်းမာနေကောင်းလာဖို့ ဆုတောင်းစကားလေးတွေ ဆိုခဲ့ကြပါအုံးနော်….
Writer – HW (Shwe Yaung Lan)

No comments:

Post a Comment