ads

sponsor

Wednesday, January 22, 2020

ဖောက်ပြန် တဲ့ဇနီး ရဲ့ခေါင်း ကို အိတ်နဲ့ထုပ်ပြီး၊ ရဲစခန်းမှာ ကိုယ်တိုင်လာအဖမ်းခံတဲ့ခင်ပွန်း

ဖောက်ပြန် တဲ့ဇနီး ရဲ့ခေါင်း ကို အိတ်နဲ့ထုပ်ပြီး၊ ရဲစခန်းမှာ ကိုယ်တိုင်လာအဖမ်းခံတဲ့ခင်ပွန်း

ဖော က်ပြန်တဲ့ဇနီးရဲ့ခေါင်းကို အိတ်နဲ့ထုပ်ပြီး၊ ရဲစခန်းမှာ ကိုယ်တိုင်လာအဖမ်းခံတဲ့ခင်ပွန်း
အိန္ဒိယနိုင်ငံက အမျိုးသားတစ်ဦးဟာ ဇနီးကို ရက်ရက်စက်သက် သတ်ပြီးနောက်၊ ရဲစခန်းကို ကိုယ်တိုင်သွားပြီး အဖမ်းခံခဲ့ပါတယ်။ သူဟာ အဖမ်းခံစဉ်မှာ ဇနီးရဲ့ခေါင်းကို ဖြတ်ယူလာပြီး၊ အိတ်နဲ့ထုပ်ကာ ရဲတွေဆီကို ရောက်လာခဲ့တာပါ။
ရဲတွေလည်း ဒီမြင်ကွင်းကြောင့် အတော်လေး တုန်လှုပ်ခဲ့ရပါတယ်။သူ့နာမည်ကတော့ Abhijit Das ဖြစ်ပြီး၊ ပထတော့ ရဲတွေက သူ့ကို လူသတ်သမားလို့ မယုံကြပါဘူး။
ဒါနဲ့ သူက အိတ်ထဲက ခေါင်းပြတ်ကြီးကို လက်က ကိုင်ပြလိုက်တာပါတဲ့။ ဘာကြောင့် သတ်တာလဲဆိုတော့ ဇနီးက သူ့အပေါ်မှာ တစ်ခြားယောက်ျားနဲ့ ဖောက်ပြန်နေလို့ဖြစ်ကြောင်း ဆိုပါတယ်။
ဒီအဖြစ်အပျက်ဟာ အိန္ဒိယနိုင်ငံ၊ အရှေ့ဘန်ဂေါလ်ပြည်နယ်မှာ အခုနှစ် မေလ (၂၇)ရက်က ဖြစ်ခဲ့တာပါ။ တစ်နိုင်ငံလုံး ပွက်လောညံစေခဲ့တဲ့သတင်းဖြစ်ပြီး၊ Das ရဲ့ ဆွေမျိုးတွေကတော့ တရားခံအနေနဲ့ ပြစ်မှုကျူးလွန်တာဟာ ကျူးလွန်ထိုက်လို့ ကျူးလွန်ခဲ့တာလို့ ထောက်ခံနေကြပါတယ်။
Das ဟာ အသက်(၃၀)နှစ်ဝန်းကျင်ဖြစ်ပြီး စက်ရုံလုပ်သားတစ်ဦးပါ။ သူဟာ အလွန်အနေအေးသူတစ်ယောက်ဖြစ်ပြီး ဇနီးဖြစ်သူ ကွယ်ရာမှာ ဖောက်ပြန်နေတာကို သိပေမယ့် ငြိမ်ပြီး သူ့သောကကို ကုစားခဲ့ပါတယ်။ ဒါကို ဇနီးဖြစ်သူ Amba က အခွင့်ကောင်းယူပြီး-
အိမ်နီးနားချင်းက အိမ်ထောင်သည် အမျိုးသားနဲ့ ဖြစ်ချင်တိုင်းဖြစ်နေခဲ့တာပါ။ နောက်ဆုံးတော့ လင်မယားနှစ်ယောက်ဟာ ဒီကိစ္စနဲ့ မေလ (၂၆)ရက် တနင်္ဂနွေမှာ စကားများရန်ဖြစ်ခဲ့ကြပါတယ်။ Amba ကလည်း လင်ငယ်ထားကြောင်း အော်ကြီးဟစ်ကျယ် ဝန်ခံခဲ့ပြီး၊ အိမ်နီးနားချင်းတွေက ဖြန်ဖြေခဲ့လို့ ရန်ပွဲက ငြိမ်သွားပါတယ်။
ဒါပေမယ့် လူရိုးတဇောက်ကန်း Das ဟာ သူမကို လုံးဝ ခွင့်မလွှတ်ဘဲ၊ လူရှင်းချိန်မှာ ဓားနဲ့ခုတ်ပိုင်းလိုက်တာပါ။
Das အနေနဲ့ မြင့်မားတဲ့ထောင်ဒဏ် ကျခံရဖို့ရှိပေမယ့် သူ့ဘဝမှာ အမှားတွေ လုပ်ခဲ့သော်လည်း၊ ဒီအမှားမျိုးအတွက် နောင်တ မရကြောင်း ဆိုပါတယ်။
Credit to နေသူရိန် D Nae Khit Media

No comments:

Post a Comment