နေမကောင်းဖြစ်နေတဲ့ကလေးနှစ်ယောက်ကို အကြောက်လွန်ပီး လေဆိပ်မှာပစ်ထားခဲ့ကြတဲ့ မိဘတွေ
နေမကောင်းဖြစ်နေတဲ့ကလေးနှစ်ယောက်ကို လေဆိပ်မှာပစ်ထားခဲ့ကြတဲ့ မိဘတွေ
တရုတ်နိုင်ငံရဲ့ မြို့ကြီးတစ်မြို့ဖြစ်တဲ့ ဝူဟန် ကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်ထားလိုက်ပြီလို့ သတင်းတွေ ထွက်နေခဲ့တာကြောင့် တရုတ်နိုင်ငံရဲ့ အခြားမြို့တွေမှာ နေထိုင်သူတွေဟာ နိုင်ငံတွင်းကနေ ထွက်ခွာပြီး တခြားနိုင်ငံတွေဆီ ခေတ္တသွားရောက်နေထိုင်ဖို့ ကြိုးစားလာကြပါတယ်။
သူတို့က ဒီ ဗိုင်းရပ်စ်ပိုး နိုင်ငံအနှံ့အပြားဆီ ရောက်မသွားခင် တရုတ်နိုင်ငံတွင်းက ထွက်ခွာချင်နေကြတာဖြစ်ပြီး ဒီနိုင်ငံကနေ သွားရရင်ပြီးရော ဆိုတဲ့ ပုံစံမျိုးတွေပါ ဖြစ်ကုန်ကြတာပါ။
အခုလည်း နန်ဂျင်းလေဆိပ်မှာ ဖြစ်ပွားခဲ့တဲ့ မိသားစုတစ်စုရဲ့ ဖြစ်ရပ်ဟာ စာဖတ်သူတွေကို တွေးစရာတွေ အများကြီး ပေးသွားခဲ့ပါတယ်။လေဆိပ်ကိုရောက်လာတဲ့ မိသားစုတစ်ခုဟာ သူတို့ရဲ့ ကလေးနှစ်ယောက်ထဲက တစ်ယောက် နေမကောင်းဖြစ်နေတာကြောင့် လေယာဉ်စီးခွင့်မပေးဖို့ လေဆိပ်တာဝန်ရှိသူတွေက ဆုံးဖြတ်ခဲ့ပါတယ်။
မိဘတွေက ဒီကလေးတွေဟာ ဝူဟန်ဗိုင်းရပ်စ်ကူးစက်ထားသူတွေ မဟုတ်ကြကြောင်းနဲ့ သူတို့အနေနဲ့ ဒီခရီးစဉ်ကို သွားရဖို့ လိုအပ်နေကြောင်း (၃)နာရီလောက်ကြာအောင် တောင်းဆိုခဲ့တာပါ။ဒါပေမယ့်လည်း လေဆိပ်တာဝန်ရှိသူတွေက သူတို့ရဲ့ တောင်းဆိုမှုကို ငြင်းပယ်ခဲ့ပြီးနောက်မှာတော့ မိခင်နဲ့ ဖခင်ဖြစ်သူက ကလေးနှစ်ယောက်ကို လေဆိပ်ထဲမှာ ထားခဲ့ပြီး လေယာဉ်ပေါ် လိုက်ပါသွားကြပါတော့တယ်။
လေဆိပ်ဝန်ထမ်းတွေက ကလေးနှစ်ယောက်ကို ထိန်းသိမ်းစောင့်ရှောက်ထားရပြီး သူတို့ကြောင့် လေယာဉ်ထွက်ခွာချိန်ဟာ (၈)နာရီလောက်အထိ နှောင့်နှေးခဲ့တယ်လို့ တရုတ်နေ့စဉ်သတင်းက ဖော်ပြပါတယ်။
လေဆိပ်တာဝန်ရှိသူတွေဟာ မိဘတွေကို ကလေးတွေနဲ့အတူ နေခဲ့ဖို့ ဖျောင်းဖြကြပေမယ့် မိဘတွေကတော့ ဒါဟာ သူတို့ရဲ့အခွင့်အရေးဖြစ်ကြောင်းနဲ့ လေယာဉ်လက်မှတ်ဝယ်ထားတဲ့ ခရီးသည်တွေအနေနဲ့ ကိုယ်ပိုင်ရွေးချယ်ခွင့်ရှိကြောင်း တုန့်ပြန်ခဲ့လို့ ကလေးတွေကို ထားခဲ့ဖို့ ခွင့်ပြုခဲ့ရတာပါ။
ဒီဖြစ်ရပ်က စာဖတ်သူတွေကို တုန်လှုပ်သွားစေပြီး သေရေးရှင်ရေးနဲ့ ကြုံလာရင် သားသမီးအရင်းတောင်မှ စွန့်ပြစ်ဖို့ ဝန်မလေးဘူးဆိုတဲ့ စိတ်ဓာတ်တွေကို မြင်တွေ့နေရတယ်လို့ မှတ်ချက်ပေးသူတွေ အမြောက်အများ ရှိခဲ့ပါတယ်။
Linn
UNICODE

January 24, 2020 Dr Mrs Mg

No comments:
Post a Comment