စ င်္ကာပူနိုင်ငံ မှာ သန့်ရှ င်းရေး အလုပ် သမားကို ဘွဲ့ရပဲ ခေါ်ပြီး၊ လစာ (၁) လ (၂၅) သိန်း
ကျောင်းတ တ်မယ်၊ ဘွဲ့ရမယ်၊ အလုပ်လုပ်မယ် ဆိုတာကို ကြည့်လိုက်တာနဲ့ ဘွ့ရတဲ့ သူတွေမှပဲ အလုပ်ကောင်း ရတယ် ဆိုတာ သိကြမှာ ဖြစ်ပြီး၊ အခုက သန့်ရှေးရေးပါ ဘွဲ့ရဖို့ လိုလာပါတယ်။
စင်္ကာပူနိုင်ငံက အလုပ် ခေါ်စာ တစ်ခုကတော့ တွစ်တာပေါ်မှာ အလွန် ပျံ့နှံသွားခဲပြီး အခုတော့ နိုင်ငံတကာ သတင်းမီဒီယာတွေကပါ အလုပ်ခေါ်စာကို ဝေဖန် ရေးသားသွားခဲ့ ကြပါတယ်။
တွစ်တာ အသုံးပြုသူ တစ်ဦးက စင်္ကာပူနိုင်ငံမှာ သန့်ရှင်းရေး အလုပ်သမား ခေါ်စာကို ရိုက်ယူပြီး တွစ်တာပေါ်မှာ တင်လိုက်တဲ့ အချိန်မှာ လူတွေ အံ့အားသင့်ကြသလို ဝေဖန်ချီးကျူးခဲ့ကြပါတယ်။
အလုပ်ခေါ်စာမှာ ရေးထားတဲ့ သတ်မှတ်ချက်တွေထဲက တစ်ခု ကတော့ သန့်ရှင်းရေး သမားဟာ ဘွဲ့ရ ဖြစ်ရမယ် ရေးထားပြီး တစ်လကို စင်ကာပူ ဒေါ်လာ (၂,၄၀၀)၊ သိန်း (၂၀) ရနိုင်ပါတယ်။
အလုပ်ခေါ်စာ အသေးစိတ်မှာ “သန့်ရှင်းရေး လုပ်သား (၅၀) ခေါ်နေပါတယ်။ နောက်ဆုံးနေ့က ၅/၁၂/၂၀၁၉ ပါ။ Johor Bahru မှာ အင်တာဗျူး ရှိမယ်။ အင်တာဗျူး အချိန်ကတော့ နံနက် (၈) နာရီပါ။
တစ်လကို စင်ကာပူ ဒေါ်လာ (၂,၄၀၀) ရပါမယ်။ ဘွဲ့ရပဲ ဖြစ်ရပါမယ်။ တစ်ပတ်မှာ (၆) ရက် အလုပ်ဆင်းရမယ်။ အမျိုးသမီးဆိုရင် ဆံပင် အခမဲ့ ပြင်နိုင်ပါတယ်”လို့ ရေးထားပါတယ်။
တစ်ဖက်က ကြည့်ရင် သန့်ရှင်းရေး အလုပ်သမား ခေါ်တာ ဘွဲ့ရဖို့ လိုလိုလားကွယ်လို့ ပြောချင် စရာ ဖြစ်ပေမဲ့လည်း တစ်ဖက်က ကြည့်လိုက်ရင် ပေးတဲ့ လစာက တန်တာထက် များပါတယ်။
တစ်လကို (၂၅) သိန်း ပေးမယ် ဆိုတာက တန်တာထက် ပိုများနေပြီး၊ မြန်မာနိုင်ငံနဲ့ တွက်ရင် တစ်လကို (၂၅) သိန်း ရဖို့ ဆိုတာက အချို့ မန်နေဂျာတောင် မမှန်းရတဲ့ လစာ ဖြစ်ပါတယ်။
Ko Khant ( D Nae Khit Media )
No comments:
Post a Comment