မႏၲေလး ေရာက္ရွိေနသည့္ ဝူဟန္ၿမိဳ႕သား (၇၃)ဦးကို တ႐ုတ္အစိုးရက ညကပဲ အထူးေလယာဥ္ျဖင့္ လာေခၚသြား
ဘုန္းေန၊ ဇန္နဝါရီ-၂၈
မႏၲေလးၿမိဳ႕ ေရာက္ရွိေနသည့္ တ႐ုတ္ႏိုင္ငံသား ဝူဟန္ၿမိဳ႕သူ၊ၿမိဳ႕သား (၇၃)ဦးကို တ႐ုတ္အစိုးရက အထူးေလယာဥ္ျဖင့္ ယေန႔ည (၁၀)နာရီေက်ာ္အခ်ိန္တြင္ လာေရာက္ေခၚေဆာင္ခဲ့သည္။
တ႐ုတ္အစိုးရ၏ အထူးေလယာဥ္သည္ ယေန႔ ဇန္နဝါရီ(၂၈)ရက္ ည(၉)နာရီေက်ာ္ အခ်ိန္တြင္ မႏၲေလးၿမိဳ႕ တံတားဦးအျပည္ျပည္ဆိုင္ရာ ေလဆိပ္သို႔ ဆိုက္ေရာက္လာၿပီး ဝူဟန္ၿမိဳ႕မွ တ႐ုတ္ႏိုင္ငံသား (၇၃)ဦးကို တင္ေဆာင္ကာ ည(၁၀)နာရီေက်ာ္အခ်ိန္တြင္ ျပန္လည္ထြက္ခြာသြားျခင္း ျဖစ္သည္။
တ႐ုတ္ေကာင္စစ္ဝန္႐ုံးက ျမန္မာႏိုင္ငံအစိုးရ ႏိုင္ငံျခားေရးဝန္ႀကီးဌာနထံ ခြင့္ျပဳခ်က္ေတာင္းခံကာ ယခုကဲ့သို႔ လာေရာက္ေခၚေဆာင္သြားျခင္း ျဖစ္ေၾကာင္း တံတားဦးေလဆိပ္ တာဝန္ရွိသူတစ္ဦးက Mandalay In-depth News အား အတည္ျပဳေျပာၾကားသည္။
ယခုည အထူးေလယာဥ္ျဖင့္ တ႐ုတ္ႏိုင္ငံသို႔ ျပန္လည္ေခၚေဆာင္သြားသူမ်ားမွာ ဇန္နဝါရီ(၂၃)ရက္က ဝူဟန္ၿမိဳ႕မွ ရန္ကုန္ေလဆိပ္သို႔ ဆင္းသက္ခဲ့သည့္ ေလယာဥ္ေပၚတြင္ လိုက္ပါလာခဲ့သူ
ဝူဟန္ၿမိဳ႕သား တ႐ုတ္ႏိုင္ငံသားမ်ား ျဖစ္ႏိုင္သည္ဟု အခ်ိဳ႕က ခန႔္မွန္းသည္။ သို႔ေသာ္ Mandalay In-depth News အေနျဖင့္ သီးျခားအတည္ျပဳႏိုင္ျခင္း မရွိေသးပါ။
မႏၲေလးၿမိဳ႕ႏွင့္ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕ၾကား ယခင္က တစ္ပါတ္လွ်င္ ႏွစ္ႀကိမ္ တနလၤာႏွင့္ ေသာၾကာေန႔မ်ား၌ ေလေၾကာင္းပ်ံသန္းမႈ ရွိၿပီး
လက္ရွိတြင္ ကို႐ိုနာဗိုင္းရပ္စ္ အဆုတ္ေရာင္ေရာဂါ ကူးစက္ျဖစ္ပြားေနမႈေၾကာင့္ ဇန္နဝါရီ(၂၄)ရက္မွစတင္ကာ မႏၲေလး-ဝူဟန္ ေလေၾကာင္း ေလေၾကာင္း ခရီးစဥ္မ်ား ရပ္နားထားသည္။
ဝူဟန္ၿမိဳ႕သို႔ ေရာက္ရွိေနေသာ ျမန္မာေက်ာင္းသား (၆၀)ဦးကိုလည္း မႏၲေလးၿမိဳ႕သို႔ ျပန္လည္ေခၚေဆာင္ရန္ စီစသ္ေနၿပီး အဆိုပါ ေက်ာင္းသားမ်ား ျပန္လည္ေရာက္ရွိလာခ်ိန္တြင္ သီးသန႔္ထားရွိႏိုင္ရန္
မႏၲေလးၿမိဳ႕ ခ်မ္းျမသာစည္ၿမိဳ႕နယ္ ၆၂လမ္းေပၚရွိ ကန္ေတာ္နဒီေဆး႐ုံကို ဇန္နဝါရီ(၂၇)ရက္ကတည္းက ႀကိဳတင္ရွင္းလင္းကာ အဆင့္သင့္ျပင္ဆင္ထားသည္။
တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕တြင္ ဒီဇင္ဘာလကုန္ပိုင္းမွစတင္ကာ ျဖစ္ပြားခဲ့သည့္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျမန္ ျပင္းထန္အဆုတ္ေရာင္ ေရာဂါေၾကာင့္ ဇန္နဝါရီ(၂၈)ရက္အထိ တ႐ုတ္ႏိုင္ငံရွိ အျခားၿမိဳ႕မ်ားအပါအဝင္ ကမာၻတဝွန္း ေရာဂါကူးစက္ခံရသူ (၄၀၀၀)ေက်ာ္ႏွင့္ ေသဆုံးသူ (၁၀၀)ေက်ာ္ ရွိလာၿပီျဖစ္သည္။
Mandalay_Indepth_News
မန္တလေး ရောက်ရှိနေသည့် ဝူဟန်မြို့သား (၇၃)ဦးကို တရုတ်အစိုးရက ညကပဲ အထူးလေယာဉ်ဖြင့် လာခေါ်သွား
ဘုန်းနေ၊ ဇန်နဝါရီ-၂၈
မန္တလေးမြို့ ရောက်ရှိနေသည့် တရုတ်နိုင်ငံသား ဝူဟန်မြို့သူ၊မြို့သား (၇၃)ဦးကို တရုတ်အစိုးရက အထူးလေယာဉ်ဖြင့် ယနေ့ည (၁၀)နာရီကျော်အချိန်တွင် လာရောက်ခေါ်ဆောင်ခဲ့သည်။
တရုတ်အစိုးရ၏ အထူးလေယာဉ်သည် ယနေ့ ဇန်နဝါရီ(၂၈)ရက် ည(၉)နာရီကျော် အချိန်တွင် မန္တလေးမြို့ တံတားဦးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်လာပြီး ဝူဟန်မြို့မှ တရုတ်နိုင်ငံသား (၇၃)ဦးကို တင်ဆောင်ကာ ည(၁၀)နာရီကျော်အချိန်တွင် ပြန်လည်ထွက်ခွာသွားခြင်း ဖြစ်သည်။
တရုတ်ကောင်စစ်ဝန်ရုံးက မြန်မာနိုင်ငံအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနထံ ခွင့်ပြုချက်တောင်းခံကာ ယခုကဲ့သို့ လာရောက်ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း တံတားဦးလေဆိပ် တာဝန်ရှိသူတစ်ဦးက Mandalay In-depth News အား အတည်ပြုပြောကြားသည်။
ယခုည အထူးလေယာဉ်ဖြင့် တရုတ်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်သွားသူများမှာ ဇန်နဝါရီ(၂၃)ရက်က ဝူဟန်မြို့မှ ရန်ကုန်လေဆိပ်သို့ ဆင်းသက်ခဲ့သည့် လေယာဉ်ပေါ်တွင် လိုက်ပါလာခဲ့သူ
ဝူဟန်မြို့သား တရုတ်နိုင်ငံသားများ ဖြစ်နိုင်သည်ဟု အချို့က ခန့်မှန်းသည်။ သို့သော် Mandalay In-depth News အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
မန္တလေးမြို့နှင့် တရုတ်နိုင်ငံ ဝူဟန်မြို့ကြား ယခင်က တစ်ပါတ်လျှင် နှစ်ကြိမ် တနင်္လာနှင့် သောကြာနေ့များ၌ လေကြောင်းပျံသန်းမှု ရှိပြီး
လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကူးစက်ဖြစ်ပွားနေမှုကြောင့် ဇန်နဝါရီ(၂၄)ရက်မှစတင်ကာ မန္တလေး-ဝူဟန် လေကြောင်း လေကြောင်း ခရီးစဉ်များ ရပ်နားထားသည်။
ဝူဟန်မြို့သို့ ရောက်ရှိနေသော မြန်မာကျောင်းသား (၆၀)ဦးကိုလည်း မန္တလေးမြို့သို့ ပြန်လည်ခေါ်ဆောင်ရန် စီစသ်နေပြီး အဆိုပါ ကျောင်းသားများ ပြန်လည်ရောက်ရှိလာချိန်တွင် သီးသန့်ထားရှိနိုင်ရန်
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၆၂လမ်းပေါ်ရှိ ကန်တော်နဒီဆေးရုံကို ဇန်နဝါရီ(၂၇)ရက်ကတည်းက ကြိုတင်ရှင်းလင်းကာ အဆင့်သင့်ပြင်ဆင်ထားသည်။
တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ဒီဇင်ဘာလကုန်ပိုင်းမှစတင်ကာ ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန် ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် ဇန်နဝါရီ(၂၈)ရက်အထိ တရုတ်နိုင်ငံရှိ အခြားမြို့များအပါအဝင် ကမ္ဘာတဝှန်း ရောဂါကူးစက်ခံရသူ (၄၀၀၀)ကျော်နှင့် သေဆုံးသူ (၁၀၀)ကျော် ရှိလာပြီဖြစ်သည်။
Mandalay_Indepth_News