ads
sponsor
Thursday, May 30, 2019
အီးအီးညှစ်ရာမှ မှတ်ဥာဏ် 10 နှစ်စာ ပျောက်ဆုံးသွားခဲ့တဲ့ အမျိုးသမီး
အီးအီးညှစ်ရာမှ မှတ်ဥာဏ် 10 နှစ်စာ ပျောက်ဆုံးသွားခဲ့တဲ့ အမျိုးသမီး
အီးအီးညှစ်ရာမှ မှတ်ဥာဏ် 10 နှစ်စာ ပျောက်ဆုံးသွားခဲ့တဲ့ အမျိုးသမီး
အီးအီးညှစ်ရာမှ မှတ်ဥာဏ် 10 နှစ်စာ ပျောက်ဆုံးသွားခဲ့တဲ့ အမျိုးသမီး
ဝမ်းအကြီးအကျယ်ချုပ်နေတဲ့ အမျိုးသမီးတစ်ဦးဟာ အိမ်သာထဲမှာ အီးအီးကိုအားအင်သုံးပြီးညှစ်ခဲ့ရာမှ မှတ်ဥာဏ် 10 နှစ်ကျော်စာ ပျောက်ဆုံးသွားတဲ့ဖြစ်ရပ် ဖြစ်ပျက်ခဲ့ပါတယ်။ ဟောင်ကောင်မီဒီယာများရဲ့ ဖော်ပြမှုအရ ယင်းအမျိုးသမီးဟာ ၀မ်းချုပ်နေမှုကြောင့် အားသုံးညှစ်ခဲ့ရာမှ မှတ်ဥာဏ်ပျောက်ဆုံးသွားတာ ဖြစ်ကြောင်း သိရပါတယ်။
The China Post က သူမဟာ ၀မ်းချုပ်မှုကြောင့် အိမ်သာထဲမှာ 8 နာရီကြာတဲ့အထိ ညှစ်နေခဲ့ရပြီးနောက် ဆယ်စုနှစ်တစ်ခုစာ မှတ်ဥာဏ်ပျောက်သွားကြောင်း ဖော်ပြသွားပါတယ်။
Unicode
အီးအီးညှစ်ရာမှ မှတ်ဉာဏ် 10 နှစ်စာ ပျောက်ဆုံးသွားခဲ့တဲ့ အမျိုးသမီး
ဝမ်းအကြီးအကျယ်ချုပ်နေတဲ့ အမျိုးသမီးတစ်ဦးဟာ အိမ်သာထဲမှာ အီးအီးကိုအားအင်သုံးပြီးညှစ်ခဲ့ရာမှ မှတ်ဉာဏ် 10 နှစ်ကျော်စာ ပျောက်ဆုံးသွားတဲ့ဖြစ်ရပ် ဖြစ်ပျက်ခဲ့ပါတယ်။ ဟောင်ကောင်မီဒီယာများရဲ့ ဖော်ပြမှုအရ ယင်းအမျိုးသမီးဟာ ဝမ်းချုပ်နေမှုကြောင့် အားသုံးညှစ်ခဲ့ရာမှ မှတ်ဉာဏ်ပျောက်ဆုံးသွားတာ ဖြစ်ကြောင်း သိရပါတယ်။
The China Post က သူမဟာ ဝမ်းချုပ်မှုကြောင့် အိမ်သာထဲမှာ 8 နာရီကြာတဲ့အထိ ညှစ်နေခဲ့ရပြီးနောက် ဆယ်စုနှစ်တစ်ခုစာ မှတ်ဉာဏ်ပျောက်သွားကြောင်း ဖော်ပြသွားပါတယ်။
ကံကောင်းချင်တော့ သူမဟာ ဆေးရုံမှာတစ်ညတာ ကုသမှုခံယူပြီးတဲ့နောက်မှာ မှတ်ဉာဏ်များ ပြန်လည် ရရှိလာပါတယ်။ ဒါပေမယ့် သူမဟာ အိမ်သာတက်နေခဲ့တဲ့ 8 နာရီကြာ ကာလကို မမှတ်မိသေးပါဘူး။
ဆရာဝန်များရဲ့ပြောကြားချက်အရ ဝမ်းအကြီးအကျယ်ချုပ်နေချိန်မှာ အားသုံးညှစ်မှုကြောင့် ဦးနှောက်ထဲသို့ သွေးရောက်မှု ပြတ်တောက်ကာ ယင်းသို့ဖြစ်သွားခြင်းဖြစ်ကြောင်း ဆိုပါတယ်။
ပြောရမယ်ဆိုရင် သူမဟာ လေသင်းတုန်းဖြစ်သွား သကဲ့သို့ ဖြစ်သွားခဲ့တာဖြစ်ပါတယ်။
ယင်းသို့သော ဖြစ်ရပ်မျိုးကို အားသုံးရတဲ့ အလေးမ သူများလည်း ဖြစ်တတ်ကြောင်းသိရပါတယ်။
Credit – NetGuide Journal (Every Wednesday)
https://updatenew.net/archives/21584?
Wednesday, May 29, 2019
ဘုရားသခင်​မရှိ​ကြောင်း ကမ္ဘာ့ပညာရှိများ​ပြောကြား
ဘုရားသခင်​မရှိ​ကြောင်း ကမ္ဘာ့ပညာရှိများ​ပြောကြား
ဘုရားသခင်​မရှိ​ကြောင်း ကမ္ဘာ့ပညာရှိများ​ပြောကြားImage may contain: sky and nature"ဘုရားသခင်​မရှိ​ကြောင်း ကမ္ဘာ့ပညာရှိများ​ပြောကြား"
ဘုရားသခင်​ရှိ​ကြောင်းသက်​​သေပြနိုင်​လျှင်​ ရာထူးက နုတ်​ထွက်​​ပေးမည်​ဟု ဖိလစ်​ပိုင်​သမ္မတ ဒူတာ​တေး​ရဲ့ဝေဖန်​မှုအ​ပေါ် ခရစ်​ယာန်​ဘာသာဝင်
တို့က ​ဒေါမနဿဖြစ်​မည်​မှာ ​မြေကြီးလက်​ခတ်​မလွဲ​ပေ၊ ဒူတာ​တေးက ခရစ်​ယာန်​ဘာသာဟာ လက်​​တွေ့အကျင့်​မရှိပဲ စိတ်​ကူးယဉ်​ဆန်​​နေ​တယ်
ဆိုတာကို ​ပြောချင်​ပုံရပါတယ်​၊
ဒူတာ​တေးမှ ​ပြောတာမဟုတ်​​သေးပါဘူး ​ရှေးပညာရှိ​တွေ အ​တွေး​ခေါ်ရှင်​​တွေလည်း ဘုရားသခင်​မရှိ​ကြောင်းကို ​ပြောခဲ့ပြီးပါပြီ၊
၁၂ ရာစု လောက်​က စပိန်​နိုင်​ငံမွတ်​ဆလင်​ ပညာရှိတစ်​ဦးကဘုရားသခင်​မရှိ​ကြောင်းငြင်းဆိုခဲ့လို့ ကလစ်​ဖ်(​သမ္မ)နန်း​တော်​မှ နှင်​ထုတ်
ခံခဲ့ရဖူးတယ်​၊
၁၄၃၇- ၁၅၄၃ ခုနှစ်​ ခရစ်​ယာန်​​ကျောင်းမှာ ကမ္ဘာကြီးကို ​နေနှင့် အခြား
ဂြိုလ်​များက လှည့်​ပတ်​​နေသည်​ဟုသင်​ကြား ခြင်းကို၊ကိုးပါးနီးကပ်​က ကမ္ဘာကသာ ​နေကိုလှည့်​ပတ်​​ကြောင်း​ပြောပြီး ၎င်း​ကျောင်းကိုဆန့်​ကျင်​ခဲ့လို့ ခရစ်​ယာန်​​တွေရဲ့ ၀ိုင်းပယ်​ခြင်းကိုခံခဲ့ရဖူးတယ်​၊
စပင်​နိုဇာက အရာအားလုံး၏အ​ခြေခံတရားက ရုပ်​သာဖြစ်​၍ ဖန်​ဆင်းရှင်​က ဖန်​ဆင်းတာမဟုတ်​​ကြောင်း ငြင်းဆိုလို့ ဂျူးနှင့်​ခရစ်​ယာန်​တို့ရဲ့ ပယ်​ခြင်းကိုခံခဲ့ရဖူးတယ်
အင်္ဂလန်နိုင်ငံသား ​​ဂျွန်​​လော့က ခရစ်​ယာန်​ဘာသာကို မနှစ်​သက်​ဘူးတဲ့၊
စ​ကော့တလန်နိုင်ငံမှ ​​​ဒေးဗစ်​ဟယွမ်းကလည်း ဘုရားသခင်​ကို အာရုံအားဖြင့်​မသိနိုင်​ဘူးတဲ့
ပြင်​သစ်​နိုင်​ငံက ဟိုးလ်​ဘက်​ခ်ျ​က ကမ္ဘာသည်​အလို အ​လျောက်​​ရွေ့လျား​နေတာဆိုပြီး ဖန်​ဆင်းရှင်​၀ါဒကို ငြင်းဆိုခဲ့တယ်​၊
အင်္ဂလန်​နိုင်​ငံသား ချားဒါဝင်​က တစ်​စစဖြစ်​​ပေါ်မှု သ​ဘော
တရားကိုတင်​ပြပြီး ဖန်​ရှင်​၀ါဒကို ငြင်းဆိုခဲ့ပြန်​တယ်​၊
အိုင်​စတိုင်းက ဘုရားသခင်​သည်​ လူအား အပြစ်​ဒဏ်​နှင့်​ဆုလာဒ်​​ပေးခြင်းမှာ သူ့ကိုယ်​သူ အား​ပေးရာ​ရောက်​​နေတယ်​ဆိုပြီး ​ လှောင်​​ပြောင်​ခြင်းသ​ဘောနဲ့ငြင်းပယ်​ခဲ့တယ်​၊
လယ်​တီဆရာ​တော်​နှင့်​ မဟာစည်​ဆရာ​တော်​တို့က ဘုရားသခင်​ဟာ အဘယ်​​ကြောင့်​ ဆင်းရဲ ချမ်းသာနဲ့ က​လေး​တွေကို ​စော​စောဆီးဆီး ​သေ​အောင်​ဖန်​ဆင်းခဲ့တာလဲဆိုပြီး အ​မေးနဲ့ရှုံ့ချခဲ့ဖူးတယ်​၊
ဘာထရန်​ရပ်​ဆယ်​ က ကျွန်ုပ်​တို့ဘာ​ကြောင့်​ခရစ်​ယာန်​ မဖြစ်​သနည်း
ဆိုပြီးစာအုပ်​ထုတ်​​ဝေခဲ့ဖူးတယ်
ဝီလျံက ပရမတ္ထ၀ါဒက ​ပြောင်းလဲမှုမရှိ​သော်​လည်း ပညတ္ထ၀ါဒမှာ ​ပြောင်​လဲခြင်း​ရှိတယ်​ဆိုပြီးဖန်​ဆင်းရှင်​၀ါဒကို ငြင်းဆိုခဲ့ဖူးတယ်​။
အဆိုပါ ​ပြောခဲ့​သော စကား​တွေအရဆိုရင်​ ဘုရားသခင်​ဆိုတာထက်​ ဖန်​ဆင်းရှင်​ဟုဆိုလျှင်​ ခရစ်​ယာန်​ဘာသာ သာမဟုတ်​ပဲ ဟိန္ဒူ နှင့်​ အစ္စလာမ်
ထိုဘာသာ​တွေဟာ စိတ်​ကူးယဉ်​ဆန်​ပြီး လက်​​တွေ့မကျတဲ့ လူပြိန်းကြိုက်​ဘာသာ ဟု သုံးသပ်​နိုင်​ပါတယ်​၊
စစ်​မှန်​တဲ့ဘာသာ မဟုတ်​တာ​ကြောင့်​ စစ်​မှန်​တဲ့တရားကို မရရှိနိုင်​သလို
စစ်​မှန်​တဲ့အကျင့်​သီလကိုလည်း မကျင့်​သုံးနိုင်​ကြ​ပေ
ဒါဆိုကမ္ဘာမှာ ဘ့ာ​ကြောင့်​ခရစ်​ယာန်​တို့ အစ္စလာမ်​တို့ဘာသာဦး​ရေများပြား​နေကြသလဲဆိုရင်​ ဦး​ရေများပြားတိုင်းလည်းဘာသာကစစ်​မှန်​​ရောလား ဒါဆို တိရစ္ဆာန်​နှင့်​ လူ ဘယ်​သူက ပိုများသလဲ၊
ဥပတိဿနဲ့​ကောလိတနှစ်​ဦးကို သိဉ္စည်းဆရာကြီး က လူလိမ္မာ​တွေက ​ဂေါတမ ဆီသွားပြီ လူမို​က်​​တွေကငါ့ဆီ လာလိမ့်​မယ်​လို့ ​ပြောခဲ့ဖူးတယ်​၊ 
ဘာသာတစ်​ခုကို အလွယ်​နည်းနဲ့မယုံကြည်​ကြဖို့ ကာလာမသုတ္တန်​မှာ ကာလာမသတိုးသားကို မြတ်​ဗုဒ္ဓဆုံးမခဲ့ဖူးတယ်​၊
ဒါ​ကြောင့်​မို့ အ​နောက်​တိုင်းကပညာရှင်​အချို့တို့မှာ ဖန်​ဆင်းရှင်​ဆိုတဲ့ ညံ့ဖျင်းတဲ့​ခေါင်းစဉ်​လှလှ​အောက်​မှာ ​လောကီ လူ့​ဘောင်​ဟာ မ​အေးချမ်းမှန်းနားလည်​လာကြပြီမို့ ဗုဒ္ဓ​ဟောခဲ့တဲ့ သစ္စာ​လေးပါးတရားကို
ရှာ​ဖွေ​နေကြပြီ မဂ္ဂင်​ရှစ်​ပါးတရားတို့နဲ့ ထိ​တွေ့ဖို့ ကြိုးစား​နေကြပြီ၊
အဲလိုနဲ့ ဖန်​ဆင်းရှင်​၀ါဒဟာ အဓိပ္ပါယ်​မဲ့​ကြောင်း တစ်​​နေ့ လူ​တွေသ​ဘော​ပေါက်​နားလည်​သွားကြရင်​ ​ရေစုန်​ကို ​လှေကြုံနဲ့မလိုက်​ကြ​တော့ပ
စစ်​မှန်​တဲ့ ဗုဒ္ဓဘာသာဝင်​ သူ​တော်​စင်​​တွေ ဖြစ်​လာကြလိမ့်​မယ်​လို့ အကြွင်းမဲ့ယုံကြည်​ပါတယ်​။
#ဗုဒ္ဓမြတ်စွာဘုရားကလဲဖန်ဆင်းရှင်မရှီးကြောင်းဟေားထားတော်မူတယ်
(ဖန်ဆင်းရှင် ရှိ / မရှိ ဗုဒ္ဓ မိန့်ကြားပုံ)
{သို့မဟုတ်}
(ပန်းတိုင် မရှိသော ခရီး)
အခါတစ်ပါး၌ အသိဗန္ဓက၏ သား ရွာသူကြီး တစ်ဦးက မြတ်စွာဘုရား ရှင်အား ဖန်ဆင်းရှင် လောက၌ ရှိ / မရှိ ကို မေးလျှောက်ရာ မြတ်ဗုဒ္ဓ ဘုရားရှင် က ယခုလို မိန့်ကြားတော်မူလေသည် ။ 
ဗုဒ္ဓ=ဖန်ဆင်းရှင် ကို မြင်လဲမမြင်းဖူး , မည်သည့်နေရာ၌ ရှိသည်ဟူ၍လဲ မသိပါပဲလျှက် ထို ဖန်ဆင်းရှင် နေရာ ဘုံဌာနသို့ ရောက်ရှိကြရန် ကျင့်ကြံနေခြင်း ၊ ဆုတောင်း ခြင်းတို့သည်....
၁=မည်သည့် အရပ်၌ ရှိ၍ မည်သည့် အမျိုးအနွယ် အမည်နာမ ရှိသည် ၊ မည်မျှ လှပသည်ဟု < မသိမမြင် ဖူး > သော = ( စိတ်ကူးယဉ် အလှမယ် ) ကို လိုချင် နေကြသကဲ့သို့ လည်းကောင်း ။ 
၂=မည်သည့် အရပ်၌ ရှိ၍ မည်သို့ ဆောက်လုပ်ထားသည် ၊ မည်မျှနိမ့်သည် ၊ မြင့်သည် ၊ ကျယ်သည်
ဟု...မသိရသော ..အဆောက်အအုံကြီးကို { ထောင်ပြီး တတ်ရန် လှေကား ပြုလုပ်နေကြ } သကဲ့သို့ လည်းကောင်း ။ 
၃=ဟိုမှာဘက်က မြစ်ကြီး , ဒီဘက်သို့ ရောက်ပါစေ ဟု ယုတ္တိ မဲ့စွာ ဆုတောင်း နေကြသကဲ့သို့ လည်းကောင်း.. .. ( ပန်းတိုင် မရှိသော ခရီးသည် အဆုံးမရှိ နိုင်ချေ ) ထို့ကြောင့် အချည်းအနှီးသာတည်း ဟု မိန့်တော်မူ၏။ 
ကိုးကား
သီလက္ခန္ဓ တေ၀ိဇ္ဇသုတ်
https://www.facebook.com/photo.php?fbid=310612553194330&set=a.122066585382262&type=3
ကုဋီဆေးတဲ့ ကုသိုလ်
ကုဋီဆေးတဲ့ ကုသိုလ်
 ဒီနေ့  စာရေးသူက အွန်လိုင်း ဂျီတော့မက်ဆေ့မှာ  သူများတွေက ရှုးရှုးရှဲရှဲနဲ့ ကိုယ့်ကို ဆဲဆိုနေရင်တောင် ကိုယ်က ပြုံးပြံးလေးနဲ့ သည်းခံနိုင်တယ်ဆိုရင် အဲဒါကို ခမာဂုဏ်နဲ့ ပြည့်စုံတယ်လို့ ခေါ်တယ်   လို့  ရေးတင်ထားတာကို ကြည့်ပြီး မေးခွန်းရှင်တစ်ယောက်ပေါ်လာတယ်၊ သူ့မေးခွန်းတွေက စာချစ်သူများအတွက်လဲ အကျိုးရှိစေမယ် ထင်လို့  ဒီဆောင်းပါးလေးကို မှတ်တမ်းတင်ဖြစ်ပါတယ်။
phyu3: ခမာဂုဏ်ဆိုတာရှင်းပြပေးပါဘုရား
Pann: ခမာ နဲ့ ခန္တီ က အတူတူပါပဲ၊ ပရိယာယ်ပုဒ် တွေပါ
phyu3: ဟုတ်
Pann  မိဖြူက ဘယ်ကများလဲ အဝေးကထင်တယ်
phyu3: ဟုတ်
Pann: အော် တွေ့ရတာ ၀မ်းသာပါတယ်
အွန်လိုင်းမှာ ဆိုတော့ ကိုယ့်ထက် ငယ်မှန်း ကြီးမှန်း မသိတော့ အဆင်ပြေသလိုပဲ ပြောနေရတယ်
phyu3: ရပါတယ်
ဘုန်းကြီးနဲ့စကားသိပ်မပြောတတ်ဘူး
Pann: ဟုတ်လား အရင်က  ပြောဖူးပြောစ မရှိရင် ဖြစ်တတ်ပါတယ်
phyu3: ဟုတ်ကဲ့
Pann: ရပါတယ် အဆင်ပြေသလို ပြောနိုင်ပါတယ်
ဘုန်းကြီး မလုပ်ပါနဲ့ ဦးဇင်းလောက်ဆို ရပါပြီ၊
phyu3: တပည့်တော်အလုပ်တဖက်နဲ့အချိန်ရ၇င်တော့စာတွေဖွင့်လေ့လာပါတယ်
ဟုတ်ကဲ့ပါ
Pann: ဟုတ်ကဲ့ လို့တော့ ပြောလို့ မရဘူး တင်ပါ့ဘုရား လို့ပြောမှ အဆင်ပြေပါတယ်၊ အလေ့အကျင့်ရှိရင်တော့ နောက်ကျလျင် လွယ်သွားမှာပါ၊ တသက်လုံး သုံးနှုံးနေရမှာ ဆိုတော့ နည်းနည်း သတိလေးထားပြီးလေ့ကျင့်ထားပေါ့၊  တရားဟောတယ် လို့ သဘောမထားပါနဲ့ ၊
ဘ၀မှာ အမြဲတမ်း ကြုံနေရမယ့် အရာတစ်ခုမို့ပါ
phyu3: မိဘတွေကိုယ်စားကောင်းမှုတွေလုပ်ပေးလို့ရလား
phyu3: သူတို့ကသိပ်မလုပ်ကြလို့လေ
Pann: အော် ရတာပေါ့
ကိုယ်က ကောင်းမှုလုပ်ပေးရင် သူတို့က သိလို့ သာဓုခေါ်တာနဲ့ ကောင်းရာ သုဂတိရောက်နိုင်တယ်
phyu3: သူတို့ကသက်ရှိနေတုန်းပါ
Pann: အော် ဒါဆို သူတို့နာမည်နဲ့ လှူဒါန်း ပေးပြီး သာဓု ခေါ်ခိုင်းတာနဲ့ သူတို့လဲရတယ်၊ ငါ့ညီမလဲ ဝေယျာဝစ္စကုသိုလ် ရတယ်
phyu3: ကုဋီဆေးတာဘယ်လိုကုသိုလ်ရပါသလဲ
အမြဲဆေးပါတယ်
Pann: အဲဒီကုသိုလ်က ဒီဘ၀မှာ ချမ်းချမ်းသာသာ ဘ၀ကို လျောက်လှမ်းရမယ်၊ နောက်ပြီး နောင်ဘ၀တွေမှာလဲ ရုပ်ရည်ချောမော လှပပြီး ပြည့်စုံတဲ့ ဘ၀ကို ရတတ်တယ်၊
ဘုန်းကြီးကျောင်းက ကုဋီလား
phyu3: တင်ပါ့
ဘုန်းကြီးကျောင်းဘုရား
Pann: အဲဒီကုသိုလ်ကို ဦးဇင်းလဲ သာဓုခေါ်တယ်
လူတိုင်း မလုပ်ချင်တဲ့ အလုပ်ကို လုပ်ရတာ ပိုမွန်မြတ်တယ်
phyu3: တင်ပါ့ဘုရား
Pann: အဲဒီကုသိုလ်က မာနကို ခ၀ါချပြီး လုပ်ရတာကြောင့် ဖြစ်လေရာဘ၀တိုင်း သူဋ္ဌေးမျိုး သူကြွယ်မျိုးမှာ ဖြစ်ရတတ်တာ
phyu3: ဒီဘ၀မှာတော့ဆင်းရဲပါတယ်၊
pann:  ဒါကတော့ အတိတ်ကံပေးသလောက်ပေါ့၊  ဒီဘ၀မှာ ကြိုးစားရင်လဲ သူဋ္ဌေးဖြစ်နိုင်ပါသေးတယ်၊
ကုဋီဆေးတာနဲ့ ပက်သက်ပြီး  တကယ့်အဖြစ်အပျက်လေး ပြောပြချင်သေးတယ်၊ အရင်နှစ်ပေါင်းများစွာက လယ်တီဆရာတော် ဘုရားကြီး ဆိုတာ ရှိခဲ့ဖူးတယ်၊ ကျောင်းတိုက် စာသင်တိုက်ကြီးရဲ့ ပဓာနနာယက အကြီးဆုံး ဆရာတော်ကြီးပေါ့၊ အဲဒီဆရာေ တာ် ကြီးဟာ ညညမှာ သံဃာတွေ အိပ်ချိန်ရောက်ပြီ ဆိုရင် သံဃာတွေ မသိအောင် ကုဋီတွေ ဆေးပြီး ရေဖြည့်ပေးတယ်၊ ကုဋီတလုံးထဲ မဟုတ်ဘူးနော်၊ သံဃာတွေ များတော့ အခန်းပေါင်း  ၅ ခန်း၊ ၁၀ ခန်းတွဲ အိမ်သာတွေ၊ 
အဲဒီလို လုပ်နေတာက တရက်မဟုတ်တော့ တပည့်ရဟန်းတွေက ဂုဏ်ရှိန်မြင့်မားတဲ့ ဆရာတော်ကြီးရဲ့ ဝေယျာဝစ္စ ကုသိုလ်ကို မခံယူရဲလို့ မလုပ်ပါနဲ့ဘုရား၊ တပည့်တော်တို့ ငရဲကြီးပါမယ် လို့ လျောက်ကြတယ်၊ အဲဒီလို စုပေါင်းလျှောက်ထားတဲ့ အခါ လယ်တီ ဆရာတော်ကြီးက “ တစ်သံသရာလုံး သားကျွန် မယားကျွန် ဘ၀မှာပဲ နစ်မွန်းခဲ့တာ၊ ဒီဘ၀ သာသနာနဲ့ ကြုံတောင့်ကြုံခဲမို့ သာသနာ့ကျွန်၊ သံဃာ့ကျွန် ခံစမ်းပါရစေ။ မတားကြပါနဲ့ဘုရား” ပြန်လည် လျှောက်ထားသတဲ့၊  လူတိုင်း အတုယူစရာ စိတ်ထားလေး၊ ဒါကြောင့် လူတိုင်းမလုပ်နိုင်တဲ့ အလုပ်ကုသိုလ်ကို လုပ်တာ ပိုမွန်မြတ်တယ်၊ အကျိုးပေးသန်တယ် လို့ ပြောတာ၊
Phyu3: တင်ပါ့ဘုရား
Pann: နောက်ပြီး သတိထားစရာက မာန်မာန အကြောင်းလေး နည်းနည်းပြောအုံးမယ်
Phyu3:  ပြောပါအုံးဘုရား
Pann: လူတွေ အမျိုးဇာတ် နိမ့်ကျတာ မထားသင့်တဲ့ မာန်တွေ ထားနေလို့လေ၊  ကိုယ့်ပတ်ဝန်းကျင်မှာ ကြည့်ကြည့်လိုက်ပါ၊ တချို့က ပိုက်ဆံနည်းနည်းချမ်းသာလာတာနဲ့ မြောက်ကားကားဖြစ်နေပြီ၊ အောက်ခြေလွတ်နေတတ်တယ်၊ အခုခေတ်လို ဖုန်းကောင်းကောင်း ကားကောင်းကောင်းစီးနေရရင်ပဲ အများနဲ့ ကိုယ်နဲ့ မတူသလိုလို မတန်သလိုလို  စိတ်ထားကြတော့တယ်၊ အဲဒါ မာန်တက်ခြင်းတစ်မျိုးပေါ့၊
လူတိုင်းမှာ ရုပ်လှသူက သူ့ရုပ်ကိုကြည့်ပြီးမာန်တတ်တယ်၊ ငါက ဘွဲ့ရ ပညာတတ်၊ သူဋ္ဌေးသား သမီး၊ သူတို့နဲ့ ငါတို့နဲ့ ဘ၀အဆင့်အတန်းတွေ ကွာတယ်၊ မတူဘူး ဆိုပြီး စိတ်ထားလေးက အောက်ခြေလွတ်နေတာ ကိုယ့်ဘာသာ သတိမထားမိဘူး၊ ပတ်ဝန်းကျင်က နှာခေါင်းရှုံ့နေတာလဲ ဂရုမစိုက်တော့ဘူး၊ အဲဒါ မာနတွေပဲပေါ့၊အဲလို မာနတွေက အကုသိုလ်တွေ ဆိုတော့ နောက်ဘ၀တွေမှာ အမျိုးဇာတ်နိမ့်ကျတဲ့ ဆင်းရဲသားမျိုးရိုး မပြည့်မစုံတွေမှာ ဖြစ်စေတယ်၊
တန်ပြန်အနေနဲ့ ဒီဘ၀မှာ ကိုယ်က look down လုပ်ခဲ့တဲ့အတွက် နောက်ဘ၀မှာ ကိုယ့်က ပြန်ခံရတော့တာပဲ၊ သတိထားစရာတွေပါ။
phyu3: ဟုတ်
Sent at 7:35 PM on Tuesday
phyu3: အ၇ှင်ဘုရားကရန်ကုန်ကပဲလား
Pann: မဟုတ်ပါ အိန္ဒိယ ဘုံဘေမြို့မှာ P hD လုပ်နေပါတယ်
ကျမ်းပြုနေဆဲ ဆိုပါတော့
phyu3: တော်တယ်နော်တပည့်တော်လည်းတတ်နိုင်သလောက်တော့စာအုပ်တွေ လှုတယ်
နောင်ဘ၀  တော်အောင်လို့ပါ
Pann: နောင်ဘ၀တော်အောင် တနည်း ရှိသေးတယ်
phyu3: တင်ပါ
Pann: အခု အချိန်အား ရတုန်းလေးမှာ ဘာသာရေး စာပေတွေကို တတ်နိုင်သလောက် လေ့လာခြင်းဟာလဲ ဖြစ်လေရာ ဘ၀တိုင်း ပညာပါရမီ ဖြစ်စေတယ်
ဥပမာအနေနဲ့ ကလေးဘ၀က ကျက်ခဲ့တဲ့ စာတွေက လူကြီး ဖြစ်လာတဲ့အချိန်မှာ ပြန်ပြီး အကျိုးပြုသလိုပေါ့
phyu3: တင်ပါဘု၇ား
ခမာဂုဏ်နဲ့ပြည့်စုံဖို့တော်2သည်းခံရတယ်နော်
Pann: အင်း လူတိုင်း မလုပ်နိုင်တဲ့ အရာပဲဆိုပါတော့
လူတိုင်းလုပ်နိုင်ရင်လဲ ဘယ် ဂုဏ်ခေါ်တော့မလဲ
phyu3: တချို့တွေဆိုယောက်ကျာ်းလေးဖြစ်ပြီးနှမသားချင်းမစာနာ စွာပြောတတ်ကြတယ်
Pann: အင်း သူတို့က ကိုယ့်လောက်တောင် တရားမရှိသေးတာပဲ ဆိုပြီး သဘောထားလိုက်ရင် ငါ့ညီမ စိတ်ဆိုးတာ မပျောက်တောင် သက်သာရာ ရသွားမှာ ၊
နောက်ကျမှ ဘလော့ပစ်လိုက်လဲ ရတာပဲလေဒါကတော့ နောက်ဆုံးနည်းပေါ့
phyu3: တင်ပါ့ဘုရားအရင်ဘ၀ကကိုယ်လည်းသူများပေါ်ပြောခဲ့လို့နေမှာပါ
Pann: အင်း သူ့လဲ မမြင်ရ ကိုယ့်လဲ မမြင်ရ ဆိုတော့ ပြောချင်ရာ ပြောတော့တာပေါ့ ကိုယ်က ခွင့်လွှတ်နိုင်ဖို့ပဲ လိုတယ်
phyu3: တင်ပါ့
Pann: အွန်လိုင်းမှာ လူပေါင်းစုံ စရိုက်ပေါင်းစုံလဲ တွေ့ရလိမ့်မယ်
phyu3: တင်ပါ့
တပည့်တော်က အခုဆိုမေတ္တာပို့နည်းနဲ့ စိတ်ကိုကုစားပါတယ်
Pann:  အဲဒါလဲ ကောင်းတယ် ကိုယ်အားသန်ရာ တခုခုနဲ့ ဖြေဖျောက်တာ ပိုကောင်းတယ်
phyu3: တင်ပါ့
Pann: တချို့က မေတ္တာပို့တာ၊ တချို့က ဂုဏ်တော်ပွားတာ တစ်ချို့က ပုတီးစိတ်တာ
မတူတတ်ကြဘူး
စိတ်ငြိမ်စေတယ် ပီတိ ဖြစ်စေတယ် ဆိုရင် ဆက်လုပ်ပါ
phyu3: ဂုဏ်သတင်းကျောဇောချင်ရင်ဘယ်ဂုဏ်တော်ပွားရမလဲ
Sent at 7:51 PM on Tuesday
Pann: အရဟံဂုဏ်တော်၊ လောက၀ိဒူဂုဏ်တော်၊ ဘဂ၀ါဂုဏ်တော်
phyu3: တင်ပါ့ဘုရား
Pann: အဲဒီစိတ်ကြီးနဲ့ အငမ်းမရ ပွားများနေရင် ကုသိုလ် မစစ်တော့ဘူး၊ လောဘအကုသိုလ်တွေ ပါနေပြီ
ပွားနေတဲ့အချိန်မှာ အဲဒီစိတ်ကို ဖယ်ထားပြီး စိတ်ကို နှစ်နှစ်ကာကာ စူးစိုက် ပွားများပါ၊ လိုချင်တဲ့စိတ်ကို ရှေ့တန်းမတင်ပါနဲ့၊
အကျိုးတရားက အလိုလို ရောက်လာပါလိမ့်မယ်
phyu3: ဆယ်ရက်စခန်းမှာတရားပတ်ဝင်တဲ့သူနဲ့ဝေယျာဝစ္စလုပ်တဲ့သူဘယ်သူက ကုသိုလ်ပိုရပါသလဲ
Sent at 7:56 PM on Tuesday
Pann: ကိုယ့်စိတ်ထားက ပိုအရေးကြီးသွားပြီ၊ စခန်းဝင်နေသူက ၀တ်ကျေတန်းကျေ ထိုင်နေတယ် ဆိုရင် သူ့အတွက် ရင်းရတာနဲ့ မတန်ဘူးပေါ့၊ သူက တကယ်ကို ၀ီရိယစိုက်ပြီး ကြိုးစားအားထုတ်နေတယ် ဆိုရင် သူ့ကုသိုလ်က အမြတ်ဆုံးဖြစ်သွားတယ်၊
 ဒီလိုပဲ ဝေယျာဝစ္စ လုပ်ကိုင်ပေးနေသူက စိတ်ထားသန့်သန့် နဲ့ လုပ်ပေးရင် ကုသိုလ်ရမယ်၊ အဲလိုမဟုတ်ပဲ ၀တ်ကျေတန်းကျေ လုပ်ပေးနေရင် ရသင့်သလောက် မရတော့ဘူး
phyu3: မေးတာတွေဖြေပေးလို့ကျေးဇူးတင်ပါတယ်ဘုရား
Pann: ဒီကလဲ အခုလို ထူးခြားတဲ့ မေးခွန်းလေးတွေ အတွက် ကျေးဇူးပါ
phyu3: နောက်လဲမေးပါအုံးမယ်ဘုရား
Pann: အင်း အလျင်းသင့်လျင် ဖြေပေးရတာပေါ့၊  အချိန်အားရတယ် အဆင်ပြေတယ် ဆိုရင် ဖြေပေးပါမယ်၊
တိုက်ရိုက် မဖြေဖြစ်ရင်လဲ မေးလ်ပို့မေးနိုင်ပါတယ်
phyu3: တင်ပါ့ဘုရား
dhammagirimm.blogspot.com/2011/09/blog-post_2777.html
Tuesday, May 28, 2019
မြန်မာပြည်ဟာ ကမ္ဘာပေါ်မှာ ကျန်းမာရေးအဆင့် နောက်ဆုံးဆိုတာကို သက်သေပြလိုက်တဲ့ ၀မ်းနည်းစရာ ဖြစ်ရပ်တခု
မြန်မာပြည်ဟာ ကမ္ဘာပေါ်မှာ ကျန်းမာရေးအဆင့် နောက်ဆုံးဆိုတာကို သက်သေပြလိုက်တဲ့ ၀မ်းနည်းစရာ ဖြစ်ရပ်တခု
မြန်မာပြည်ဟာ ကမ္ဘာပေါ်မှာ ကျန်းမာရေးအဆင့် နောက်ဆုံးဆိုတာကို သက်သေပြလိုက်တဲ့ ၀မ်းနည်းစရာ ဖြစ်ရပ်တခု
15599
မြန်မာပြည်ဟာ ကမ္ဘာပေါ်မှာ ကျန်းမာရေးအဆင့် နောက်ဆုံးဆိုတာကို သက်သေပြလိုက်တဲ့ ဖြစ်ရပ်တခု
ကျွန်တော့်ဇနီးဆုံးတာ ဒီနေ့တစ်လပြည့်ပါပြီ….
အရမ်းကိုပျော်ရွှင်စရာကောင်းခဲ့တဲ့ မိသားစုလေး အခုလို သေကွဲကွဲပြီး ပြိုကွဲရမယ်ဆိုတာ ဘယ်တုန်းကမှ မတွေးထား တဲ့အရာတစ်ခုပါ…
လေးနှစ်အရွယ် သားလေးအတွက် နောက်ထပ်မွေးချင်းတစ်ယောက်လောက် ထပ်မွေးပေးချင်ခဲ့တာ ကျွန်တော်တို့ လင်မယားနှစ်ယောက်လုံးရဲ့ ဆန္ဒပါ။ အဲဒီဆန္ဒကပဲ ကျွန်တော်ဇနီးကို သေတွင်းထဲ ပို့ခဲ့တဲ့အထိ ဖြစ်ခဲ့ရတာပါ….
ဇနီးဖြစ်သူ ကိုယ်ဝန်ရပြီး လေးပတ်မှာ BFC က ဒေါက်တာမြပွင့်ဖြူနဲ့ ကိုယ်ဝန်အပ်ခဲ့ပါတယ်။ ဆရာဝန်က တစ်လခွာ ချိန်းခဲ့ပေမယ့် သင်္ကြန်တွင်းမှာ ဇနီးက သွေးဆင်းလာလို့ နှစ်ဆန်းနှစ်ရက်နေ့မှာ ဆရာဝန်နဲ့ ပြန်ပြတဲ့အချိန်မှာတော့ ဗိုက်ထဲက ကလေးဟာ ငါးပတ်အရွယ်မှာ ရပ်နေပြီး သန္ဓမအောင်တော့ကြောင်းနဲ့ ခြစ်ပစ်ဖို့ပြောပါတယ်။
အဲဒါနဲ့ ၂၂.၀၄.၂၀၁၉ မှာ သားအိမ်ခြစ်ဖို့ Sakura ဆေးရုံးကို ရောက်ခဲ့ပါတယ်။ ညနေ ငါးနာရီမှာ ခွဲခန်းဝင်ခဲ့ပြီး ခြောက်နာရီမှာ ပြီးပါတယ်။ မေ့ဆေးအရှိန်ပြေအောင်နဲ့ စိတ်ချရမယ့် အနေထားဖြစ်အောင် Day Care ဝန်ဆောင်မှုနဲ့ နေခဲ့ပါတယ်။ ဒါပေမယ့် မေ့ဆေးအရှိန်ပြေလာပြီးနောက်ပိုင်းမှာ ဗိုက်ထဲမှာ နာနေတယ်ဆိုတာနဲ့ အိမ်မှာနေတာထက် ဆေးရုံမှာဆို ပိုပြီးစိတ်ချရမယ်ဆိုတဲ့အတွေးနဲ့ အဲဒီညမှာပဲ ဆေးရုံတက်မှတ်တမ်းလုပ်ပြီး ဆေးရုံတက်ခဲ့ပါတယ် (အဲဒီအတွေးက တကယ့်ကိုမှားယွင်းသွားတယ်ဆိုတာ နောက်မှနောင်တရခဲ့ရပါတယ်)။
လူနာမှာလည်း အချိန်ကြာလာတာနဲ့အမျှ ဗိုက်နာတဲ့အရှိန်က ပိုလာသလို ဝမ်းဗိုက်ကြီးဟာလည်း ပိုပိုပူလာလို့ ပေကြိုးနဲ့ လာလာ တိုင်းကြရတဲ့အထိပါပဲ။ ကိုယ်တွေမှာလည်း ဆယ့်ငါးမိနစ်တစ်ကြိမ်လောက် ဆရာဝန်ပြေးခေါ်နေရပေမယ့် ဆရာဝန်တွေကတော့ OG ဆရာဝန်မကြီး သွင်းခိုင်းထားတဲ့ ဆေးသွင်းထားကြောင်းနဲ့ မနက်ရောက်ရင် ဆရာမကြီး ဒေါ်မြပွင့်ဖြူ လာမည်ဖြစ်ကြောင်းသာ တဖွဖွပြောပြီး ကျန်တဲ့ ကုသမှု ဘာမှမလုပ်ခဲ့ကြပါဘူး။
၂၃.၄.၁၉ မနက်ရှစ်နာရီမှာတော့ ဆရာဝန်မကြီး ဒေါ်မြပွင့်ဖြူ ရောက်လာပါတယ်။ သူ D&C လုပ်တာနဲ့ မသက်ဆိုင်ဘဲ အစာအိမ်အူလမ်းကြောင်းမှာ ပြသနာဖြစ်နေတယ်ထင်ကြောင်းနဲ့ နေ့လည် ဆယ့်နှစ်နာရီမှာမှ မသက်သာရင် အူလမ်းကြောင်းဆရာဝန်နဲ့ လွှဲပေးမယ်ပြောခဲ့ပါတယ်။
နေ့လည် ဆယ့်နှစ်နာရီမှာတော့ ဒေါ်မြပွင့်ဖြူ ပြန်လည်ရောက်ရှိလာပါတယ်။အူလမ်းကြောင်းဆရာဝန်ကိုခေါ်ပေးမယ်ဆိုပြီး ဒေါက်တာလွှမ်းမိုးအောင်ကို ခေါ်ပေးပါယ်။
နေ့လည် သုံးနာရီဝန်းကျင်လောက်မှာ ဒေါက်တာလွှမ်းမိုးအောင် ရောက်လာ ပါတယ်။ဒေါက်တာလွှမ်းမိုးအောင်မှ ဓါတ်မှန်ရိုက်ခိုင်းခဲ့ပြီး ဝမ်းဗိုက်အတွင်းမှာ အူ အစာအိမ် အူမကြီး တစ်ခုခုပေါက် နေကြောင်း အရည်တွေပြည့်နေကြောင်းနှင့် ခန္ဓာကိုယ်အနှံ သွေးအဆိပ်များ ပြန့်နေပြီဖြစ်တာကြောင့် ချက်ချင်းခွဲရမည်၊ မခွဲခဲ့ပါက နောက်နေ့မကူးဟု ပြောကြားတာကြောင့် အရေးပေါ် ခွဲစိတ်ဖို့ သဘောတူခဲ့ပါတယ်။
စိတ်ထဲမှာ အရမ်းထိတ်လန့် သွားရပြီး ညထဲကသာ ဒီလိုသိခဲ့မယ်ဆို အခုလို သွေးအဆိပ်ပြန့်တာတို့ နောက်နေ့မကူးဘူးတို့ ဖြစ်လာမှာ မဟုတ်လောက် ဘူးလို့ ယူကြုံးမရ တွေးမိပါတယ်။
ခွဲစိတ်ဖို့ ပြင်ဆင်နေချိန်အတွင်း လူနာက သွေးပေါင်ချိန်တွေ ဆက်တိုက်ကျဆင်းလာလို့ မေ့ဆေးပေးဖို့ အခက်ခဲရှိလာ ကြောင်းနဲ့ မေ့ဆေးပေးပြီးပါက ပြန်နိုးရန် အခြေနေနည်းပါးကြောင်း ထပ်မံအသိပေးလာခဲ့ပါတယ်။ ကျွန်တော်လည်း နည်းပါးလှတဲ့ အခွင့်အရေးအတွင်းကနေ လူနာပြန်လည်နိုးထလာပါက အကောင်းဆုံးဖြစ်နေရန်အတွက် ခွဲစိတ်ဖို့ သဘော တူလိုက်ပါတယ်။
 သို့သော်လည်း ခွဲစိတ်မှုအတွက် ပြင်ဆင်နေချိန်မှာပဲ လူနာမှာ နှလုံးရပ်သွားခဲ့လို့ အရေးပေါ် ကုသမှုခံယူခဲ့ရပါတယ်။ နှလုံးပုံမှန်ပြန်ခုန်ခဲ့သော်လည်း သွေးပေါင်ချိန် အရမ်းနည်းနေသေးတာကြောင့် ခွဲစိတ်မှုမပြုလုပ်တော့ဘဲ အထူး ကြပ်မတ်ကုသဆောင် ICU တွင်သာ အရေးပေါ်ကုသမှု ခံယူဖို့ ဆရာဝန်တွေက ဆုံးဖြတ်လိုက်ကြပါတယ်။
၂၄.၀၄.၁၉ မနက်ခြောက်နာရီမှာ ဒေါက်တာလွှမ်းမိုးအောင်က လူနာသွေးပေါင်ချိန်တက်မလာတာကြောင့် ခွဲစိတ်မှု မလုပ်တော့ဘဲ ဗိုက်မှအပေါက်ဖောက်ပြီး အထဲမှအရည်များကို ထုတ်မည်ဖြစ်ကြောင်းပြောဆိုပါတယ်။ လူနာအတွက် အသက်ရှင်ရန်မှာလည်း ၁၀% သာရှိကြောင်းပြောဆိုပါတယ်။
ဝမ်းဗိုက်ထဲမှ အရည်များကို ထုတ်ယူပြီးချိန်တွင် ထွက်လာတဲ့ အရည်ကို ကြည့်ပီး အူမကြီးပေါက်သွားတာဖြစ်ကြောင်း မှတ်ချက်ပေးပါတယ်။ ဆရာဝန်နဲ့ စကားပြောနေစဉ်အချိန်အတွင်းမှာပဲ လူနာမှာ နှလုံးထပ်မံရပ်သွားခဲ့ပြန်တာကြောင့် အရေးပေါ် ကုသခဲ့ရပြန်တယ်။ အချိန်မှာ မနက်ခြောက်နာရီခွဲ ဝန်းကျင်ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ လူနာမှာ ခပ်စိတ်စိတ်လေး နှလုံးခုန် ရပ်လာခဲ့ပါတယ်။ ဆရာဝန်ကို အားကိုးတကြီးမေးကြည့်ရာမှာတော့ ဆေးအရှိန်ကြောင့်သာ နှလုံးခုန်နေတာဖြစ်ကြောင်းနဲ့ မမျှော်လင့်တော့ရန်ပြောဆိုပါတယ်။
အဆိုးဆုံးကတော့ ICU ထဲက တာဝန်ကျ ဆရာမတွေက လူနာနှလုံးရပ်သွားချိန်တွင် “ပြန်နိုးပေးရဦးမလား” ဟု လာလာ မေးခြင်းပဲဖြစ်ပါတယ်။ မိမိတို့ လူနာရှင်ဆိုသည်မှာ မိမိလူနာအား နောက်ဆုံးအချိန်ထိ မျှော်လင့်မိနေမယ် ဆိုတာ ကတော့ ယုံမှားသံသယ ရှိစေရာမလိုပါဘူး။ ဒါကို ဆာကူရာမှ ဆရာဝန်မများက ဘာသဘောနဲ့ မေးမေးနေလဲတော့ မစဉ်းစား တတ်အောင်ပါပဲ။
မနက် ဆယ်နာရီလောက်မှာ ဒေါက်တာမြပွင့်ဖြူက ရနိုင်တဲ့ဘက်ကနေ ကြိုးစားတဲ့နေနဲ့ သွေးနဲ့ ပတ်သတ်တဲ့ ပါမောက္ခ ဆရာတစ်ဦးအား ခေါ်ဆောင်လာခဲ့ပါတယ်။ ဆရာကြီးမှ လူနာအား ရနိုင်သမျှ ကယ်တင်မယ့် အကြောင်းနဲ့ စိတ်အေး အေးထားဖို့ အားပေးစကားပြောကြားပြီး အရေးပေါ် သွေးစစ်ဆေးမှုများ လုပ်ရန်ညွှန်ကြားပါတယ်။ သွေးစစ်ဖို့ လူနာကို သွေးဖောက်လိုက်တာနဲ့ နှလုံးခုန် တစ်ခါ ရပ်သွားပြန်ပါတယ်။ “ဪ ငါ့မိန်းမရယ် အသက်အတွက် တိုက်ပွဲဝင် နေလိုက် ရတာ” ဆိုပြီး သူ့အပေါ် သနားလည်းသနား ဝမ်းလည်း အရမ်းနည်းရပါတယ်။
အဆုံးသတ်ရလဒ် ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ထိုဆရာဝန်ကြီးကိုတော့ ဂရုစိုက် အားပေးမှုအတွက် ကျေးဇူးတင်နေမိတာတော့ အမှန်ပါ။ ဒါပေမယ့် ပြီးမှ ပြန်တွေးမိတာက အဲ့လို သွေးတွေ ဘာတွေ စစ်ဖို့ လိုရင် ICU ထဲ စရောက်ကတည်းက ဘာလို့ ဒီလို လိုအပ်တဲ့ စစ်ဆေးမှုတွေ မလုပ်ခဲ့သလဲ??? D&C လုပ်ပြီးပြီးချင်းညမှာ မသက်သာလို့ ဆေးရုံကနေတောင် မပြန်နိုင်တဲ့ လူနာအပေါ် တစ်ခေါက်လောက်တောင် ပြန်လာကြည့်ဖို့ မလိုအပ်တာလား??? အချိန်လွန်မှ ထွန်ချသလိုပါလား လို့တွေးမိ ပါတယ်..
နေ့လည် တစ်နာရီမှာတော့ ကျွန်တော့်ဇနီး မအေးသန္တာဝင်းတစ်ယောက် လူ့လောကကြီးကို ကျောခိုင်းထွက်ခွာ သွားခဲ့ ပါတယ်။ သူအရမ်းချစ်တဲ့ သားလေးကို ထားခဲ့တာ ဒီနေ့တစ်လပြည့်ပါပြီ။
စာရင်းချုပ်ကြည့်လိုက်တော့ ဇနီးသည် ကွယ်လွန်ခဲ့တာဟာ …
D&C လုပ်ပြီး ခွဲခန်းထဲက ထွက်လာပြီး အချိန်ကတည်းကဆိုရင် အချိန် တစ်ညလုံးရနေပါလျက်နဲ့ အနာကျင်ပျောက်ဆေး ထည့်ပေးတာကလွဲလို့ ဘာကုသမှု၊ ရောဂါရှာဖွေပေးမှု မလုပ်ခဲ့တဲ့ ဆာကူရာဆေးရုံရဲ့ လုပ်ရပ်ကြောင့်လား ???
ဒီလိုအခြေနေမျိုးဟာ ဘာဖြစ်နိုင်တယ်ဆိုတာကို သာမန် အတွေ့အကြုံနု ဆရာဝန်တွေတောင် သိနိုင်ပေမယ့် ဆေးရုံမှာ တာဝန်ကျဆရာဝန်တွေရဲ့ အကြောင်းရင်းမှန်ကို ရှာဖွေဖေါ်ထုတ်ဖို့ နှောင့်နှေးခဲ့တဲ့ လုပ်ရပ်ကြောင့်လား ???
မိမိလူနာ အသည်းအသန်ဖြစ်နေတာတောင် ညတွင်းချင်း တစ်ခေါက်ပြန်လာကြည့်ပေးဖို့၊ ထိရောက်တဲ့ ညွှန်ကြားမှု၊ စမ်းသပ်မှု တွေ အချိန်မီ ပြုလုပ်ပေးဖို့ ပျက်ကွက်ခဲ့တဲ့ OG ဒေါက်တာကြောင့်လား ???
နောက်ဆုံးတစ်ချက်ကတော့ “ဆရာမကြီးဆီ ဖုန်းဆက်ထားပါတယ်”ဆိုတာကလွဲပြီး ရောဂါမရှာဖွေတတ်တဲ့ ဆာကူရာဆေးရုံရဲ့ တာဝန်ကျ ဆရာဝန်တွေကို ယုံကြည်အားကိုးမိတဲ့ မိမိကြောင့်လား ???
အားလုံးကြောင့်လည်း ဖြစ်နိုင်သလို ကိုယ်တိုင်အသက်မကယ်နိုင်လို့ အသက်ကယ်ပေးဖို့ ယုံကြည်စွာနဲ့ အသက်ကို ဝကွက်အပ်ခဲ့တာကို (လုပ်ပေးနိုင်တာရှိရင်) အချိန်နဲ့တပြေးညီ ကုသပေးဖို့ ပျက်ကွက်ခဲ့တဲ့ လူတစ်စုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် သားလေးရဲ့မေမေ၊ ကျွန်တော့်ဇနီးကတော့ ကွယ်လွန်သွားရှာပါပြီ။ သူတို့တွေ ဖက်ကတော့ လူနာတစ်ယောက်ဆုံးသွားတယ်သာ ဖြစ်ပေမယ့် ကျွန်တော်နဲ့ သားလေးအတွက်ကတော့ ဘဝတစ်ခုလုံး ဗြောင်းဆန်သွားခဲ့ရတာပါ။
ကျွန်တော် ဒီဖြစ်စဉ်ကို တင်ပြရတာကတော့ သားအိမ်ခြစ်ရာကနေ ဒါမျိုး အသက်ပါတဲ့အထိ ဖြစ်တတ်တာကို အများ ပြည်သူ အသိရှိစေချင်လို့ပါ။ ကိုယ်တိုင်ကြုံခဲ့ကြရင်လည်း အခု ကျွန်တော့်လို ဆရာဝန်တွေပေါ် ယုံကြည်မှုထားပြီး သူတို့ ကုသစစ်ဆေးတာကို စောင့်နေမယ့်အစား ကိုယ်ကစပြီး ဓာတ်မှန်ရိုက်ပေးပါ၊ အထူးကုဆရာဝန်ခေါ်ပြီး စစ်ပေးပါလို့ တောင်းဆိုကြပါ။(တကယ်ပါ ကျွန်တော်သာကြိုသိခဲ့ရင် စဖြစ်တဲ့ ညထဲက ဓာတ်မှန်ရိုက်ဖို့ ဆေးစစ်ဖို့ တောင်းဆိုမိမှာပါ) အချိန်မီသာ သိခဲ့ရင် အခုလို အချိန်လွန် အခြေအနေဆိုးမှ ခွဲစိတ်ဖို့တောင် မမှီတော့တဲ့ အဖြစ်မျိုးက ကင်းဝေးကြမယ်လို့ ထင်ပါတယ်။
အခုတော့ ကျွန်တော်တို့မှာ ဆေးရုံပေါ်မှာ တစ်ချိန်လုံးရှိနေပါရဲ့နဲ့ ဘာဖြစ်နေတယ်ဆိုတာကို အချိန်မှီ မသိရ၊ ကုသမှု မရလိုက်တာကို တွေးလိုက်တိုင်းမှာ နာနာကြည်းကြည်း ရင်ကွဲမတတ် ခံစားရပါတယ်…
ကျွန်တော်ခံစားတွေ့ကြုံခဲ့ရတဲ့ အဖြစ်ဆိုးမျိုးကို နောက်လူများမခံစား မကြုံတွေ့ရအောင် တင်ပြရခြင်းဖြစ်ပါတယ်… လူအများသိနိုင်အောင်လည်း လွတ်လပ်စွာ ရှယ်ပေးခြင်းဖြင့် ကူညီပေးကြပါလို့ တောင်းဆိုပါတယ်။
Credit – ဦးသီဟကိုကို၊ 09250172724
https://uptodatemm.com/%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%9F%E1%80%AC-%E1%80%80%E1%80%99%E1%81%BB%E1%80%AC%E1%80%B1%E1%80%95%E1%81%9A%E1%80%99%E1%80%BD%E1%80%AC/?fbclid=IwAR0K32DeaYwqnvzkJfm4odoIrFcWaq5imj80pTHzKA435NM7fzqoaxkVZL4
ကုသိုလ်လဲရ ဝမ်းလဲဝ
ကုသိုလ်လဲရ ဝမ်းလဲဝImage may contain: one or more people, people sitting, shoes, shorts and outdoor
***** ကုသိုလ်လဲရ ဝမ်းလဲဝ *****
ဆိုတဲ့ ခံယူချက်နဲ့ တချိန်က Sakura ဆေးရုံဖွင့်ခဲ့တာပါ
ယနေ့ အခြေအနေတွေ ကို တော့ မသိတော့ပါ
ကျွန်တော် ဆေးရုံ လုပ်ငန်း ကို ၁၉၉၇ ကနေ ၂၀၀၉ အထိ ၁၂ နှစ်လောက်လုပ်ကိုင်ခဲ့ဘူးပါတယ်
အမေရိကား တို့ ဂျပန် တို့ က ဆေးရုံ တွေ စီမံခန့်ခွဲ ပုံတွေ လေ့လာပါတယ်
နောက်ပီး Hospital Management စါ အုပ် တစ်အုပ် နဲ့ A&E practical treatment စါအုပ် တစ်အုပ် ကို Chicago ရောက်မန္တလေးဆေးတက္ကသိုလ်ဆင်း မြန်မာ ဆရာဝန် Chicago Children Hospital Medical University က Professor Dr.Paul Lim Chu နဲ့ ခင်ပွန်းဖြစ်သူ Dr. Myo Chit တိုရဲ့ ကူညီလမ်းညွန်မှု နဲ့ ဝယ်ယူခဲပြီး ဆေးရုံအုပ်ကြီးနဲ့ ဆရာဝန် သူနာပြုတွေ ကို ဆေးရုံ မဖွင့်ခင် ၃ လလောက် ကြို တင်ပြီး လစါတွေ ပေးပြီး လေ့ကျင့်သင်ကြားပေးခဲ့ဘူးပါတယ်
ကျွန်တော် ဆရာဝန် တဦး မဟုတ်ပါဘူး ဒါပေမဲ့ ၁၉၈၅ ခုနှစ်လောက်မှာ ကျွန်တော်ညီအစ်ကို လိုခင်သူ တဦးရဲ့ ဖခင် ရနိကုန် ဆေးရုံ ကြီး မှာ တက်ကုသမှု ခံယူ စဉ် က တွေ့ရှိခံစါးခဲ့ရတဲ့
ဆေးရုံ အပေါက်စေါင့်ကစလို့  သန့်ရှင်းရေးဝန်ထမ်း အဆုံး သူနာပြု အကူ နဲ့ သူနာပြု ဆိုတာကတော့ မြင်တာနဲ့ တင် အော့ကျောလံ ရွံကြောက်ကြောက်ရတဲ့ ခေတ်
တချို ဆရာဝန်တွေ က သဘောကောင်းကြပြီး တချို့ ဆရာဝန်တွေ ကတော့ တွေ့တာနဲ့ အိမ်က မွေးထားတဲ့ ခွေးလို ပဲ မြင်မြင် သမျှ ဟောင် တော့ တာတွေ လဲ ကြုံခဲ့ရဘူးတယ်
*** ဒါနဲ့ အဆင့်မြင့် ဆေးရုံ တခု နိုင်ငံခြားစတိုင် ဖွင့်ခြင်တဲ့ အိမ်မက် စိတ်ကူး တခု ပေါ်ခဲ့တယ် ဒါပေမဲ့ ၁၀ နှစ်လောက် ကြာသွားခဲ့တယ်
*** ဒီလို နဲ့ ၈၈ အရေးအခင်ဖြစ် ၉၀ ရွေးကောက်ပွဲ တွေ ဖြစ် အပြောင်အလဲတွေ ဖြစ်လာမယ်လို့ မျှော်လင့်ခဲ့တယ် ဒါနဲ့ ဟိုတယ် Chain တခု ပြည်တွင်း မှာ အကောင်အထည်ဖေါ်မယ်ဆိုပြီး ရူးခဲ့တယ်
*** ရန်ကုန်ဘူတာကြီးရှေ့ မှာ ၉၃ မှာ အစေါဆုံး
Cherry Hotel ဆိုတာ စဖွင့်ဖြစ်ခဲ့တယ်
*** နောက်တော့ ဦးဝိစါရလမ်း ထိပ်က အမျိုသားရေ
ကူး ကန် ဝင်းထဲ မှာ အိုလံပစ် ဟိုတယ် ကို ၉၆ မှာ
ဖွင့်ခဲ့တယ်
*** Sakura Hotel ဆိုပြီး Sakura ဆေးရုံ ကို MIC
ရဲ့ ကြိုတင်ခွင့်ပြုချက်နဲ့ ၁၉၉၄ မှာစတင်ဆောက်
လုပ်ခဲ့တယ်
*** နောက် ပုဂံမြိုသစ်မှာ ထန်းဥယျာဉ် ဟိုတယ်
( ယခု Myanmar Treasure Resort Hotel)
ကို ဒေါ်လာ သန်းချီ အကုန်ခံပြီး ဆောက်ခဲ့ တယ်
*** ဒါပေမဲ့ တိုင်းပြည် နိုင်ငံရေး အခြေ အနေတွေဟာ
အနိုင်ရ နိုင်ငံရေးသမားတွေ အာဏာ မရလို့ ဆန့်ကျင် မှုတွေ နိုင်ငံတကာ ကိုစီးပွားရေး ပိတ်ဆို့ မှုတွေ လုပ်ပြီး တပ်မတော် အစိုးရကို ဖြုတ်ချ ဖို့ အမျိုးမျို အရှိန်မြှင့် လုပ်ကိုင်လာတာကြောင့် ၉၆ လောက်စပြီး ဟိုတယ် လုပ်ငန်းများ ကြဆင်းလာခဲ့ ဒါကြောင့် အချိန်မီ အပြောင်း အလဲ လုပ် ဖို့ စဉ်းစါးတဲ့ အခါမှာ ဆေးရုံ ဖွင့် ဖို့ အိမ်မက်စိတ်ကူး က ပြန် ပေါ်လာ တော့ ဆေးရုံ ဖွင့်ဖြစ်သွားတာပါ
*** ဒါကြောင့် Sakura Hotel အစါး
Sakura Hospital လို့ ဖြစ်လာရတာပါ
ဆေးရုံ ဖွင့်စ ၁နှစ် ၂နှစ်လောက်ပဲ အချိန်ပြည့်ဦးစီးပြီး
*** အခြား ဟိုတယ် လုပ်ငန်းတွေ နဲ့ SIEC လို
နာမည်တွင်ခဲ့ တဲ့ Sakura International
Education Center ကို ပညာရေး ဝန်ဆောင်မှု လုပ်ငန်းအဖြစ် GCE 'O' level GCE 'A' နဲ့ စင်္ကာပူ Poly tech ကျောင်ဝင်ခွင့် စတဲ့ လုပ်ငန်းတွေ ကို အစေါ ဆုံး စတင်ခဲ့ဘူးပါတယ်
တခါတရံ ရင်နှီးတဲ့ မိတ်ဆွေ များ ဆေး ရုံ လာတက် တဲ့ အခါ မျိုးလောက်ပဲ လူနာမေးရင် ဆေးရုံ ကို ရောက်ဖြစ်ပါတော့ တယ် ဇနီး နဲ့ လွဲထားတဲ့ အတွက် ဂရုတစိုက် မကြည့်ဖြစ်ခဲ့တာလဲ ကျွန်တော့် အမှားပါ
မကြာခဏ လူနာရှင်တွေရဲ့ Complaints တွေ များလာတော့ မနေသာတော့ ပဲ ဝင်ပြီး ဖြေရှင်းရတဲ့ အခြေအနေ ရောက် လာတော့ မှ ဆေး ရုံ မှာ အထူးကုကု ဆရာဝန်ကြီးတချို ရဲ့ မမှန်မကန်လုပ်ရပ်တွေ ကို သိလာရတယ်
ဒီနေရာမှာ ကိုယ့်ဆေးရုံက လက်ထောက် ဆရာဝန် တချို့ ကလဲ အားပေး ကူညီတာတွေ လဲ လေ့လာ သိရှိခဲ့ ရလို့ တတ်နိုင်သလောက် ထိပ်တိုက်မတွေ အောင် နဲ့ အကောင်းဆုံး ဖြစ် နိုင်တဲ့ နည်းလမ်းတွေကို ရှာကြံ
ပြီး စည်းကမ်းသတ်မှတ်တာ တို့  လူနာရှင်နဲ့ တွေ့ပြီး မလိုအပ် လို့  မခွဲ စိတ် ဖို့  အာမခံပြီး လောင်းကြေးထပ် အကြံပြုခဲ့ ရဘူးတာတွေ လဲ ရှိခဲ့ ပါတယ်
*** ရေးရမယ် ဆိုရင် သူနာပြုလော က ဆရာဝန် လော က မှာ ကောင်းတဲ့ သူတွေ အများ ကြီးရှိသလို *** မကောင်းတဲ့ သူတွေ ကြောင့်လဲ ဆေးပညာ လောက နာ မည်ပျက်ခဲ့ ရတာတွေ ကလည်း နည်း နည်း ကနေ အကျယ်အကျယ်ဖြစ်ကုန်တာပါပဲ
*** အခန်းဆက်*** ပြောရ*** ရေးရ***ဖေါ်ရ***မယ်ဆိုရင်တော့*** ပေါ်စရာရှိတာတွေ*** အကုန် ပေါ် ကုန် မှာ ဖြစ်ပေ မဲ့ *** 😆😆😆
စါဖတ်သူတွေ အတွက်တော့ အနည်းနဲ့ အများ ဗဟုသုတ ရလို့ ဆင်ခြင်နိုင်ကြမယ် မြင်နိုင်ကြမယ်🤣🤣🤣
ဆိုရင်ဖြင့် ကျွန်တော့အတွက် အမုန်းခံပြီး ရေးရကြိုး *တင်ပြ* ရကြိုးနပ်မယ်ထင်ပါတယ်
https://www.facebook.com/photo.php?fbid=202531317375492&set=a.101338024161489&type=3&theater
လွန်ခဲ့သော ၁၅ နှစ်ကျော်က အဖြစ်အပျက်မှန် တခုပါ
လွန်ခဲ့သော ၁၅ နှစ်ကျော်က အဖြစ်အပျက်မှန် တခုပါ
လွန်ခဲ့သော ၁၅ နှစ်ကျော်က အဖြစ်အပျက်မှန် တခုပါImage may contain: flower, plant, text and nature
********************************************************
*** ကိုဌေးအောင် ရေ ကူညီပါအုံး ကျွန်တော့်သမီးလေး ဆေးရုံတင်ထားရတယ် ဆရာဝန်က အမြန်ဆုံးခွဲ ရမယ်လို့ ပြောနေတယ် ***
မနက် ရုံးသွားခါနီး ကျွန်တော့်ဆီ မှာ ကား ဝယ်ရောင်း လုပ်နေသူ မိတ်ဆွေ ထံမှ ဟန်းဖုန်းဝင်လာတာပါ
ဟာ...ဟုတ်လား ဒါဆို အခုပဲ ကျွန်တော် ဆေး ရုံလာခဲမယ် ဆရာဝန်ကြီး ကိုတော့ ခွဲ မယ်လို့ ကတိမပေးလိုက်နဲ့ဦး ကျွန်တော် လာကြည့်ပြီး မှ ပြောကြတာပေါ့ လိုပြောပြီး ဆေးရုံ ကို တန်းမောင်းလိုက်ပါတယ်
ဆေးရုံ ရောက်တော့ မိတ်ဆွေ သမီး ငယ်လေး ကို အကျိုးအကြောင်း မေးကြည်ပြီး ဘယ်နားကနာတာလဲ နာတဲ့နေရာ ကို မေးပြီး ကျွန်တော် ကိုယ်တိုင် ဗိုက် ကို လက်နဲ့ နိုပ်ကြည့်ပါတယ်
*** ကျွန်တော် ဆရာဝန် တော့ မဟုတ်ပါဘူး ဒါပေမဲ့ ဆေးပညာဗဟုသုတ စါတွေ ဖတ်ထားတော့ ***
အူ အတက် ပေါက်ခါနီး ရောင်နေတဲ့ ဗိုက် ဟာ ကျွန်တော့် လက်နဲ့ နိုပ်သလောက်ဖိအားနဲ့ ဆို မခံမရပ်နိုင်အောင် နာကျင်ခံစါးရ နိုင်တယ် လို့ ကျွန်တော် ထိတွေ့သိရှိခံစါးရတယ်
*** ဓါတ်မှန်ရိုက်ပီး အဖြေနဲ့ အခြေအနေတွေ ကို ကျွန်တော် ခြုံငုံ သုံးသပ်ပြီး ***
*** မိတ်ဆွေ အား မစိုးရိမ်ရကြောင်း ၁ရက် ၂ရက် စေါင့်ကြည့်ပြီး မသက်သာ မှ ခွဲစိတ်ရန် အကြံပြုသော်လည်း ***
*** ဆရာဝန်ကြီး မှ ညနေပိုင်း တခေါက်ထပ်လာကြည့်ပြီး ***
*** မခွဲစိတ်ပါက အသက် အန္တရယ်စိုးရိမ်ရပြီး ဒီည မခွဲပါက တာဝန် မယူကြောင်း နဲ့ ဆက်မကြည့် နိုင်တော့ကြောင်း ပြောသွား သဖြင့် ***
*** ကျွန်တော်ထံ ဖုန်ထပ်ဆက်ပြီး အပူကပ်ပြန်ပါတယ်***
ကျွန်တော်လည်း ချက်ခြင်း ဆေးရုံ ကို တခေါက် ထပ်ပြေးရပြန်ပါတယ်
သမီးအတွက်ဗျာများနေသူအား ကျွန်တော် နှစ်သိမ့်ရန် နည်းလမ်း မရှိတော့ပါ
ကျွန်တော့် အတွေ့ အကြုံ အရ လူနာမှာ ဆိုးဆိုးဝါဝါး အခြေ အနေ မဟုတ် မှန် သိနေသော်လည်း မိဘ များ ဆရာဝန် များ ရှေ့ တွင် အဖြစ်သဲ ပြနေ သော သမီး ၏ သရုပ် ကို မမြင် နိုင်သော်လည်း ကျွန်တော် မျက်စေ့ထဲတွင်တော့ အထင်းသား ပေါ်နေပေသည်
နောက်ဆုံး ကျွန်တော် ဆရာဝန် မဟုတ်သော်လည်း အဖြစ်သဲနေသော မိဘ နဲ့ အဒေါ် တွေရဲ့ပျော့ကွက် ကို ကြည့်ပြီး ငွေကျေး တတ်နိုင် မှန်းသိသော အထူးကု ဆရာဝန်ကြီးရဲ့ လုပ်ရပ် ကို သံသယ ရှိနေသည်မှာလဲ မကြာ ခန ဆိုသလို ဆေးရုံခွဲခန်းထဲ မှ သစ္စာရှိသော သူနာပြု အချို့ ၏ သတင်းပေးချက် များသိထားပြီးဖြစ်၍
ရင်းနှီးသော မိတ်ဆွေ အား ခွင့်တောင်း၍ လူနာ သမီးငယ်အား ကိုယ်တိုင်ပင်စကားပြောပြီး ခွဲစိတ်ပါက မည်သို့ခံစါးရမည် အနာကျက်ရန် မည်မျှကြာမည် စသည်ဖြင့် အကျိုးအကြောင်ပြောပြနားခြ၍ မခံမရပ်နိုင်အောင် နာခြင်း မဟုတ်ပါက ၁ရက် ၂ ရက် နေလျှင် ကောင်းသွားနိုင် သည်ဟု ချော့ပြောပြ လိုက်ရာ သမီးဖြစ်သူ မှာ ချက်ခြင်းပင် မခွဲခြင်ကြောင်း သူ့ဝမ် ဗိုက်မှာ အရမ်းနာကျင်မှု မရှိကြောင်း စသည်ဖြင့် စကားထွက်လာရာ
မိဘများ မှ ဆရာဝန်က ပြောသွား သဖြင့် မခွဲ မဖြစ်ကြောင်း အသက် အန္တရယ် ရှိကြောင်း ပြော သော်လည်း
တချိန် လုံး ငြိမ်နေသည့် လူနာ မှာ မခွဲ ခြင်ကြောင်း ခွဲရမှာ ကြောက်ကြောင်း ဒါကြောင် ကျွန်တော် ပြောသလို့ အခြေအနေ တည တာ စေါင့်ကြည့် ခြင်ကြောင်းတောင်း ဆို လာသဖြင့် ကျွန်တော်လည်း မိဘ နှစ်ပါအား နှစ်သိမ့်၍ ကျွန်တော် တာဝန် ယူကြောင်း ကျွန်တော့ စည်းစိမ်း နှင့် ထပ်၍ တာဝန်ယူကြောင်း နားခြပြီး လူနာ အတွက် လိုအပ်သည့် ပြုစေါင့်ရှောက်မှု များပြုလုပ်၍ တညတာ အချိန် ကို ကုန်လွန် စေ ခဲ့ပါသည်
*** အဆိုပါ ခွဲစိတ်အထူကု ဆရာဝန်ကြီးလဲ လူနာ ကို ထပ်လာမကြည့်တော့ပါဘူး ***
ကျွန်တော်လည်း ရှိသမျှစည်းစိမ်နှင့် လောင်းကြေး ထပ်ထား ရသဖြင့် စိတ် ပူမှုတော့ရှိနေပါသည် မိမိမှာ ဆရာဝန် မဟုတ်သဖြင့် ဆရာဝန် အလုပ်ကို ဝင် ရှုပ်မိသည်ကို လည်း နောင်တဖြစ်မိပါသည်
သို့သော် အဆိုပါ ခွဲစိတ်အထူးကုဆရာဝန်ကြီးအား ဤနည်းဖြင့်ပညာပေးရန် နည်းလမ်း မရှိပြီ မို့  ဆက်လျှောက်ရပေတော့သည်
*** တနေ့ ထက် တနေ့ လူနာမှာလည်း သက်သာလာပြီး လုံးဝ ခွဲစိတ်ရန် မလိုပဲလ၃ ရက်မြောက့်နေ့မှာ ဆေးရုံမှ ဆင်သွားသည်မှ ယနေ့ ထိတိုင် အဆိုပါ အူအတက် အား ခွဲစိတ်ရမည့်ဝေဒနာမျိုး ထပ်မံဖြစ်ပွားသည်ဟု မကြားမိသေးပါ ***
*** ကျွန်တော်၏ လုပ်ရပ်အား ဆေးရုံ မှ လက်ထောက်ဆရာဝန် အချို့ မှ မနှစ်မျို့ ကျသည့် အပြင် အဆိုပါဆရာဝန်ကြီးအား သတင်းပေးသဖြင့် မခံမရပ်နိုင်အောင် စိတ်ဆိုးသွားပြီး မကြာမီ မှာ ပင် ကျွန်တော့်ဆေးရုံ သို့ ရာသက်ပန် လာရောက်ခြင်းဆေးကုသခြင်း လူနာတင်ခြင်း များ လုံဝ မပြုတော့ပါ ***
*** ထိုအချိန်မှ စ၍ ခွဲခန်းတွင် အူအတက် ခွဲသော မည်သည့်လူနာ မည်သည့် ဆရာဝန် မဆို ခွဲထားသော အူအတက်အား ပြဿနာ တခုခုဖြစ်ပေါ်ပါက သက်သေ ပြနိုင်ရန် ဆေးရည်စိမ်၍ ပုလင်းဖြင့် အချိန် တခု ထိ သိမ်းဆည်းထားရန် အမိန်ပေး စေခိုင်းရသည့် အထိ ပြုလုပ်ခဲ့ရဘူးပါသည် ***
သို့သော် ကျွန်တော် ကျေနပ်ပါသည် အသပြာ ဆရာဝန် တယောက် ဆုံးရှုံး ခြင်းထက် နောက်ထပ် ဤသို့ မကောင်းမှု ပြုခြင်း အား ကျွန်တော့် ဆေးရုံ တွင် ကျွန်တော် ရှိနေသ၍ နောက်ထပ် မည်သည့်အသပြာ ဆရာဝန် ကို မှ အခွင့်အရေး မရှိစေခြင်းမှာ တန်ဖိုးအရှိဆုံးရလဒ်ပင်ဖြစ်ပါတော့သည်
https://www.facebook.com/permalink.php?story_fbid=202655894029701&id=100028558740781