တောင်ကိုရီးယားနိုင်ငံကနေ အပြီးထွက်သွားတော့မယ့် Rain နဲ့ Kim Tae Hee တို့ ဇနီးမောင်နှံ…





https://thutastar.net/?p=21539
တောင်ကိုရီးယားနိုင်ငံကနေ အပြီးထွက်သွားတော့မယ့် Rain နဲ့ Kim Tae Hee တို့ ဇနီးမောင်နှံ…

နာမည်ကြီး တောင်ကိုရီးယားအနုပညာရှင်စုံတွဲဖြစ်တဲ့ Rain နဲ့ Kim Tae Hee တို့ ဇနီးမောင်နှံဟာ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်နယ်မှာ ကန်ဒေါ်လာ ၂ သန်းတန် ဇိမ်ခံအိမ်တစ်လုံးကို ၀ယ်ယူပြီးနောက်မှာတော့ တောင်ကိုရီးယားကနေ အမေရိကားကို ပြောင်းရွှေ့ပြီး နေထိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

အိမ်ရဲ့ တန်ဖိုးကို ထုတ်ပြောပြခဲ့တဲ့ အတွင်းသိတစ်ယောက်ရဲ့ နောက်ထပ်ပြောပြချက်အရကတော့ နာမည်ကြီးအနုပညာရှင်စုံတွဲဟာ အမေရိကားမှာ နေထိုင်ဖို့အတွက် အိမ်ရှာနေခဲ့တာ အချိန်အတော်ကြာခဲ့ပြီးမှသာ သူတို့တွေလိုချင်တဲ့ အိမ်ကိုရှာတွေ့ပြီးနောက် ချက်ချင်းကို ၀ယ်ယူဖို့ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ Rain နဲ့ Kim Tae Hee တို့ ဇနီးမောင်နှံ ၀ယ်ယူထားတဲ့ အဲဒီအိမ်ဟာ Universal Studio အနီးနားတည်ရှိတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီနေ့မှာ နောက်ထပ်တစ်ဖန်ထွက်ပေါ်လာတဲ့ သတင်းအရကတော့ အနုပညာကြယ်ပွင့်ဇနီးမောင်နှံဟာ အမေရိကားကို ပြောင်းရွှေ့နေထိုင်ယုံသာမက ဟောလိဝုဒ်အနုပညာလောကမှာလည်း ၀င်ရောက်လှုပ်ရှားမှာဖြစ်တယ်လို့ သိရပါတယ်။ ခင်ပွန်းဖြစ်သူ Rain ကတော့ ဟောလိဝုဒ်အနုပညာလောကထဲကို ၀င်ရောက်ခဲ့ပြီးတာ အတော်ကြာပြီဖြစ်ပြီး ဇနီးဖြစ်သူ Kim Tae Hee ကတော့ အခုလက်ရှိမှာ ဟောလိဝုဒ်ရုပ်ရှင်ကားတွေမှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် အကမ်းလှမ်းခံထားရတာ ဖြစ်ပါတယ်။

Kim Tae Hee ရဲ့ အေဂျင်စီကတော့ Kim Tae Hee ဟာ အမေရိကားမှာ အိမ်ဝယ်ယူထားတဲ့သတင်းဆိုတာ မှန်ကန်ပြီး ဟောလိဝုဒ်သရုပ်ဆောင်အဖြစ်နဲ့ စတင်ဖို့ကတော့ မသေချာသေးဘူးလို့ ထုတ်ပြန်ပေးထားပါတယ်။ ပရိသတ်တွေကတော့ သူတို့ဇနီးမောင်နှံအနေနဲ့ ယခုလိုမျိုး အမေရိကားကို ပြောင်းရွှေ့နေထိုင်မှာနဲ့ ပတ်သတ်ပြီး အပြုသဘောဆောင်ကာ ဝေဖန်ထားကြပြီး ကလေးတွေရဲ့ ပညာရေးအတွက် အဓိကဦးစားပေးပြီး ပြောင်းရွှေ့တာဖြစ်မယ်လို့ ခန့်မှန်းထားကြပါတယ်။

Rain နဲ့ Kim Tae Hee တို့ ဇနီးမောင်နှံဟာ ၂၀၁၂ ခုနှစ်ကနေ စတင်ဒိတ်လုပ်ခဲ့ပြီး ချစ်သူသက်တမ်း ၅ နှစ်အကြာ ၂၀၁၇ ခုနှစ် ဇန်န၀ါရီလမှာ လက်ထပ်ခဲ့ကြပါတယ်။ ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာတော့ သမီးဦးလေးကို မွေးဖွားခဲ့ပြီး အခုလက်ရှိမှာတော့ Kim Tae Hee ဟာ ဒုတိယမြောက်ကိုယ်ဝန်ကို လွယ်ထားတာ ဖြစ်ပါတယ်။crd
No comments:
Post a Comment