ကိုရီးယားမှာ သူတို့လူမျိုးတွေမလုပ်ချင်တဲ့ အနိမ့်ဆုံးအလုပ်တွေ လုပ်ခဲ့ဖူးတယ်လို့ ရင်ဖွင့်လာတဲ့ နေမင်း
http://www.thadinmann.com/2019/06/blog-post_96.html
ကိုရီးယားမှာ သူတို့လူမျိုးတွေမလုပ်ချင်တဲ့ အနိမ့်ဆုံးအလုပ်တွေ လုပ်ခဲ့ဖူးတယ်လို့ ရင်ဖွင့်လာတဲ့ နေမင်း
အခုအချိန်မှာ အောင်မြင်မှုတွေ ရရှိနေပြီဖြစ်တဲ့ မင်းသားတစ်ဦးဖြစ်တဲ့ နေမင်းကတော့ တစ်ချိန်တုန်းက ကိုရီးယားသို့သွားပြီး အလုပ်လုပ်ခဲ့ဖူးတယ်ဆိုတဲ့ အကြောင်းကို လူမှုကွန်ယက်မှာ ထုတ်ပြောလာတာ တွေ့ရပါတယ်။ သူတစ်ပါးနိုင်ငံမှာ သူများမလုပ်ချင်တဲ့ အနိမ့်ကျဆုံးသော အလုပ်တွေကို လုပ်ရတဲ့ မြန်မာလူငယ်လေးတွေရဲ့ခံစားချက်တွေကို သူ့ရဲ့အတွေ့အကြုံနဲ့ ယှဉ်ပြီးပြောလာတဲ့ နေမင်းရဲ့အကြောင်းက တကယ့်ကိုပဲ စိတ်မကောင်းဖြစ်စရာကောင်းလှပါတယ်နော်။မိုမိုလေးချစ်ပရိသတ်တွေအတွက် တစ်ချိန်က ကိုရီးယားမှာ ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ခဲ့ဖူးတဲ့ အတိတ်တွေကို ပြောပြလာတဲ့ နေမင်းရဲ့အကြောင်းကို ဝေမျှပေးလိုက်ပါတယ်နော်။
နေမင်းကတော့ "တစ်ချိန်က ကိုရီးယား နေ့ညများ ဒီပုံလေးများရဲ့နောက်ကွယ် မှ မပြည့်စုံခြင်းတွေသောကတွေ ဒုက္ခတွေ စသည်များစွာ ကျွန်တော်တို့မြန်မာ့လူငယ်လေးတွေရဲ့ တကယ့်အရည်အသွေးပြည့် အကောင်းဆုံးအတက်ကြွဆုံးသော စွမ်းအင်တွေ နုပျိုမှု့တွေ အကုန်လုံး ကို >>>> သူများတိုင်းပြည်တွေ ရဲ့ အခြေခံအကျဆုံး အနိမ့်ဆုံး သူတို့လူမျိုးတွေမလုပ်ချင်သော အလုပ်များကို လုပ်ရ တဲ့ အလုပ်သမားဘဝနဲ့ စတေးခဲ့ရတယ် ဆိုတာတွေကိုပြောပြချင်မိတာ🙈😢✈️၂၀၀၄ ခုနှစ် ၁၁ လပိုင်း ၁၅ ရက်နေ့ ကိုရီးယားသို့ ကျွန်တော့်တို့ ကိုး(၉) ယောက် ရောက်ခဲ့ကြသည် ကျွန်တော်တို့ကိုး(၉) ယောက်မှာ ကျွန်တော်အသက်ကအငယ်ဆုံး ကျွန်တော့်အသက် ၁၉ နှစ် မပြည့်သေးသော .......> >>> (၁) ပထမဆုံးပုံ အရက်အမူး လွန်ပြီး ညဆိုင်း ဆင်းရတဲ့(ကိုကြီးအေးထွန်းကျော်၏)စက်ရုံရှေ့တွင်ကပ်ထူပုံးလေးတွေပေါ်အိပ်ပျော်ခဲ့စဉ်က( နားမှာ ဟိုဘက်သုံးပေါက် ဒီဘက်သုံးပေါက်နဲ့😂 )(၂) ဒုတိယပုံ ဗုဒ္ဓနေ့ ပွဲတော်တွင် မြန်မာ့ယဉ်ကျေးမှု့ကိုသရုပ်ပြပုံဖော်ခဲ့စဉ်က(သူတော်ကောင်းအသွင်ယဉ်ကျေးပေသောမြန်မာ့လုလင်ငယ်😄)
(၃) တတိယပုံ ဗုဒ္ဓနေ့ ပွဲတော်တွင် ကိုရီးယားကိုရင်လေးများ နှင့် မြန်မာ့လုလင်ငယ်လေး၏ချစ်စဖွယ် ကြည်နူးဖွယ်ရှိနေစဉ်😄(၄) စတုတ္ထပုံ အကိုဆရာတပည့်ညာလက်ရုံး ဂဒါKR နဲ့ သူဌေး Bobo Aung ဆီငွေစာရင်းသွားရှင်းရန်နှင့် သောက်စားပျော်ပါးရန်ဗူဖြောင်းသို့အသွား ရထားပေါ်လိုက်ပါစဉ်😄(၅) ပဉ္စမပုံ ကိုရီးယားရှိုး ပွဲလုပ်ခဲ့စဉ်က ရိုက်ခဲ့သော ပုံများစွာထဲမှ မဆုန်သင်းနဲ့ပုံလေးဘဲ တွေ့ရှိ ၍ (ကိုဇာနည်ဦးညီထွဠ်အီတိုးမဖြူတို့နဲ့ပုံများမတွေ့ ) လေယာဉ်ကွင်းမှကြိုပြီးဟိုတယ်သို့ပို့ပေးပြီးခဲ့စဉ် 😄💫ခုတော့ ကိုက မဆုန်သင်းတို့လို အကြိုခံရသူဘဝပေါ့😂(၆) ဆဌမပုံ အလုပ်ပြီးချိန်၌ ညကဘောပွဲရှုံးထားသော ဇင်သက်မောင်မှ လိုက်လံပြုစု ဆိုဂျူးတိုက်စဉ် 😄(၇) သတ္တမပုံ ကိုရီးယားရောက်သက္ကလသားများတွေဆုံခဲ့စဉ်❤️ သက္ကလသားမဟုတ်တခြားမိတ်ဆွေများလည်း ပါဝင်ပါသည်(၈)အဌမပုံဆရာကြီးအမူးပြေပြီးသကာလ စက်ရုံရှေ့လမ်းမမှ နိုးထလာခဲ့စဉ်😂ဆက်လက်၍💫👣💪🏿✈️" ဆိုပြီး သူ့ရဲ့ဘဝအကြောင်းကို ပြောပြခဲ့တာပါ။
နေမင်းရဲ့အကြောင်းကတော့ ဒီနေ့ခေတ် သူများနိုင်ငံမှာ အပင်ပန်းဆင်းရဲခံပြီး သွားရောက်အလုပ်လုပ်နေကြရတဲ့ မြန်မာလူငယ်တွေရဲ့အကြောင်းကို ထင်ဟပ်စေပြီး တကယ့်ကို စိတ်မကောင်းဖြစ်ရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း တစ်ချိန်က သူများနိုင်ငံမှာ အလုပ်လုပ်ခဲ့ရပေမယ့် အခုဆိုရင် အောင်မြင်နေပြီဖြစ်တဲ့ နေမင်းကို အားကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source;Nay Min's Facebook

No comments:
Post a Comment