Mi 8 အတွက် TWRP ပါ.. မိမိဖာသာတော့ စမ်းသပ်ပါ.. ကျနော်က တွေ့မိတာကို တင်ပေးတဲ့သဘောပါပဲ.. Mi 8 ၀ယ်မကိုင်နိုင်ပါ :D :D
.
လိုအပ်ချက်ကတော့ Boot Loader Unlock ပါပဲ..
.
မိမိသုံးမယ့် TWRP က ကိုယ့်ဖုန်းမှာ အဆင်ပြေ မပြေ အရင်ဆုံး စမ်းသပ်ပါ..စကတည်းက အသေသွင်းလိုက်ရမယ်မဟုတ်ပါ။ ဖုန်းကို fastboot ၀င်။ ကွန်ပျူတာမှာချိတ်။ TWRP image ရှိနေတဲ့ folder ထဲမှာ fastboot boot (twrp filename) ရိုက်လိုက်ရင် ဖုန်းက TWRP ထဲ boot သွားမှာပါ.။ စစချင်း screen မှာ Swipe မလုပ်ပဲ Read Only button နှိပ်ဝင်ပေါ့။ အဲလိုဆို ဖုန်းက ဘာမှပြောင်းလဲခြင်းမရှိဘူးပေါ့။ Password ထည့်ပါလာတောင်းလား.. သေချာပြီ encrypt data partition ကိုမဖတ်ဘူး.. သည်တော့ Internal storage မြင်မှာမဟုတ်ဘူး။ Format Data တော့ လုပ်ပေးမှ မြင်တော့မယ်။ မမြင်ရင် boot loop မဖြစ်အောင် ထည့်ပေးရမယ့် magisk zip တို့လိုကို SD card ကနေမြင်လား.. OTG Drive ကနေမြင်ရဲ့လား.. Adb side loade မှပဲ ရတော့မှာလား.... စ၀င်ကတည်းက Home Screen တန်းရောက်ပြီဆိုရင်တော့ အိုကေ TWRP က encryption ဖတ်တယ်။ ဘာမှမလို boot မလည်အောင် magisk or lazy flasher flash ရုံ.. Language က CN only ဖြစ်နေလား.. ချိန်းကြည့်လို့ရမလား.. မရရင် Eng theme ထည့်လို့ အဆင်ပြေမလား.. စသည်ဖြင့် TWRP ကို အသေမသွင်းသေးခင် လိုတာ စမ်းသပ်လို့ရပါတယ်..
.
အထက်မှာပြောသလို စမ်းသပ်ရုံ အခြေအနေမှာပဲ magisk zip ကို flash ပေးရင် TWRP သွင်းထားနေစရာမလို.. magisk root ရ.. OTA ရလာလဲ OTA ကို တင်ရုံ.. စသည်ဖြင့် မိမိဥာဏ်ရှိသလို အသုံးပြုနိုင်တာပါပဲ.. TWRP ကို အသေသွင်းထားရမယ်ရယ် မဟုတ်ပါ.. (ROM တွေချိန်းတင်ဖို့ ဆန္ဒမရှိရင်ပေါ့.. မြန်မာ zawgyi နေရာစုံမြင်ရရုံတို့.. ကျန်ကိုယ်သုံးချင်တာတွေက Magisk modules တွေနဲ့ အလုပ်ဖြစ်တယ်ဆိုရင်ပေါ့.. :D )
.
စမ်းသပ်ပြီး အသေသွင်းချင်ရင်တော့ pdf file လေးတွေဖတ်ပြီး လုပ်လိုက်ရုံပါ.. လိုတာတွေ.. သုံးချင်သုံးလို့ရမယ့် files တွေ zip ထဲမှာ အကုန်ပါပါတယ်..
.
Mi 8
Mi_8_-_TWRP.rar, Size 39.25 MB...
https://drive.google.com/file/d/1d5KSb9XmQk3gAKeUBpPKnokRH3S4I4m6/view?fbclid=IwAR3Smilf3-vM-s3I_1rbrk29_KkUFjDm6CZbGSstHJXZ7-NZUrMnonctbNE
.
.
.
Mi 8 SE
Mi_8_SE_-_TWRP.rar, Size 37.85 MB...
https://drive.google.com/file/d/1oFqkNY6EnHHhz15o4wzQLHbpiIul2mNd/view?fbclid=IwAR2yF9RJTv_3jkfm89hNVkFBhPSrefEBrsU27kpN706iBjGbMGYBnohuDhI
.
MIUI Fans များ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ.. :-)
https://www.facebook.com/tzko.xiaomi/posts/2229696923928350?_
No comments:
Post a Comment