နေရာတိုင်းမှာ ဦးဆောင်နေရတဲ့မိန်းမတစ်ယောက်မှာ ဒီလိုခံယူချက်တွေရှိတယ်
နေရာတိုင်းမှာ ဦးဆောင်နေရတဲ့မိန်းမတစ်ယောက်မှာ ဒီလိုခံယူချက်တွေရှိတယ်
Aba Sayar June 7, 2019
နေရာတိုင်းမှာ ဦးဆောင်နေရတဲ့မိန်းမတစ်ယောက်က လိုတာထက်မချိုသာတတ်ဘူး။
စိတ်ဆတ်လိမ့်မယ်
စိတ်ထားမကောက်ကျစ်ဘူး…
ဒေါသကြီးရင်ကြီးမယ်
အချိန်ကြာကြာစိတ်မဆိုးတတ်ဘူး
ပွင့်ပွင့်လင်းလင်းဆက်ဆံတတ်တယ်
ဟန်မဆောင်တတ်ဘူး…
မာယာမများဘူး
ရဲရင့်တဲ့ဆက်ဆံရေးရှိတယ်…
အိနြေ္ဒကြီးတစ်ခွဲသားနဲ့မနေတတ်ဘူး၊
လူအများနဲ့နေရတာနှစ်သက်တယ်
နေရာတကာဆရာကြီးလုပ်တတ်ပေမယ့်
စာနာစိတ်ရှိတဲ့နေရာမှာသူတို့ကိုလိုက်မမှီဘူး…
သူတို့အားနည်းချက်က…
သနားတတ်တယ်
အားနာတတ်တယ်
လုပ်ချင်ရာကိုအကြောက်အရွံမရှိလုပ်ပြီး နောင်တဆိုတာမရှိဘူး…
တစ်ခုပဲလူတစ်ယောက်ကိုမုန်းသွားရင် သေတောင်စကားလှည့်မပြောနိုင်အောင် သွေးအေးရက်စက်တတ်တာလေးပဲ…
ထက်မြက်တယ်ဆိုထဲက သူများထက်တော်လို့ သူများထက်သာလို့မို့
သူတို့ရဲ့ရပ်တည်ချက်၊ခံယူချက်တွေက
သူများနဲ့မတူဘဲခိုင်မာတယ်…
သူတို့ရဲ့အတွေးအခေါ်၊အယူအဆတွေကို
ဆုတ်ကိုင်ထားတတ်လို့ခေါင်းမာတယ်ထင်ရပေမယ့်
အမှန်တစ်ကယ်ဇွဲကြီးတဲ့သူတွေဖြစ်တယ်…
သူများဘယ်လိုကူညီမလဲဆိုတာထက်
ငါဘာလုပ်နိုင်လဲဆိုတာပဲတွေးတယ်…
အမှတ်သည်းခြေကြီးတယ်
ရန်ငြိုးဖွဲ့ဖို့၊လက်တုန့်ပြန်ဖို့မဟုတ်ပေမယ့်
သူတို့ကိုနာကျင်အောင်လုပ်မိရင်ဘယ်တော့မှမမေ့ဘူး…
နားလည်ခွင့်လွှတ်တတ်ပေမယ့်
ဟင်ဆိုရင်လှည့်မကြည့်တော့ဘူး…
အေးစက်စက်လို့ထင်ရပေမယ့်
လိုအပ်လာရင်ကျောက်တုံးကို
အရည်ဖျော်နိုင်စွမ်းရှိကြတယ်…
ပျော်ပျော်နေရင်းဖြတ်သန်းတတ်တဲ့
သူတို့စိတ်တွေကတကယ်တော့
အခြားသူတွေကိုပေးဆပ်လိုက်ရတာတွေများတယ်…
အခက်အခဲရှိပေမယ့်
ဘယ်အခြေအနေမှာမဆို
အဆင်ပြေပါတယ်လို့ပဲပြောလေ့ရှိတယ်…
သင်အဆင်ပြေရဲ့လား
ကိုယ်အဆင်ပြေပါတယ်..မူရင်းရေးသားသူအား လေးစားစွာဖြင့်ခွက်ဒစ်ပေးပါသည်။
http://www.mmcelesmedia.com/?p=36512

No comments:
Post a Comment