https://updatenew.net/archives/21694?
မေမေတို့ရေ
စေတနာသက်သက်မျှသာ
Credit – Aye Phyu
Unicode
တစ်ရက်တော့ မနက်ကထည့်ပေးလိုက်တဲ့ ထမင်းဟင်း ညနေ ကျောင်းဆင်းလို့ ထမင်းဗူးဆေးချိန် အရမ်းနံနေတာ မသင်္ကာလို့ ရေနွေးပူနဲ့ ပြုတ်လိုက်သောအခါ
အတွေ့အကြုံလေးမျှဝေပါရစေရှင့်
မေမေတို့ရေ
ကျောင်းဖွင့်ခါနီးပြီဆိုတော့ သားငယ်သမီးငယ်တို့ကျောင်းတက်ဖို့ လိုအပ်တာတွေ ဝယ်စုနေကြပြီပေါ့နော်
ကလေးထမင်းဗူးဝယ်ရင် ပုံထဲက ဗူးမျိုးမဝယိမိပါစေနဲ့နော်
မနှစ်က ကျမသမီးအတွက် frozen တဗူး hello kitty တဗူး ဝယ်ပေးဖူးပါတယ်။စျေးလဲချို ချစ်စရာလေးမို့ ၂ ဗူး အလဲအလှယ်ထည့်ရင်း တလလောက်နေမှ သတိထားမိပါတယ်
ဒုတိယ ပုံထဲမှာ ဝိုင်းပြထားတဲ့အပေါက်ကလေးက အဖုံးရယ် အပေါ် ၂ ဆင့် ဖင်ဘက်မှာ ပါပါတယ် အဲဒီအပေါက်ကလေးက silicon လေးနဲ့ အုပ်ထားပေမယ့် မလုံပါဘူး…
အဲဒီအပေါက်ထဲကို ဟင်းရည်တွေရယ် .. ထမင်းဗူးဆေးတဲ့အခါ ဆပ်ပြာရည်တွေရယ် ဝင်ကုန်ပါတယ် ခါထုတ်လဲ တော်ရုံမထွက်ပါဘူး တစ်ပတ်လောက်ကြာတော့ အဲဒီအရည်တွေက အထဲမှာအောင်းပြီး ပိုးတွယ်လာပါတယ်
ခါထုတ်လို့ ထွက်လာတဲ့ရေက ပုပ်စော် နံလာပါတယ် ရေနွေးနဲ့ ပြုတ်ဆေးလဲ အထဲဝင်သွားတဲ့ အရည်တွေက ပြန်မထွက်ပါဘူး
တရက်တော့ မနက်ထည့်ပေးလိုက်တဲ့ ထမင်းဟင်း ညနေ ကျောင်းဆင်းလို့ ထမင်းဗူးဆေးချိန် အရမ်းနံနေတာမသင်္ကာလို့ ရေနွေးပူနဲ့ ပြုတ်လိုက်တော့ ပိုးကောင်(လောက်ကောင်လေးတွေ) ထွက်လာတာ ကြက်သီးတောင်ထမိပါတယ်။
အဲဒီအပေါက်နေရာကို ဓားနဲ့ ကလော်ကြည့်တော့ အထဲမှာ တော်တော်ကျယ်ပါတယ်
မှိုတွေနဲ့ ညစ်ပတ်နံစော်နေပါတယ် အဲ့ဒီနေ့က စပြီး အဲ့ဒီဗူးတွေ ကိုယ်တိုင်လဲ မသုံးတော့သလို မေမေတို့ကိုလဲ လက်လှမ်းမှီသလောက် ပြောပြမိပါတယ်။
စေတနာသက်သက်မျှသာ
Credit – Aye Phyu
No comments:
Post a Comment