ads

sponsor

Monday, June 3, 2019

မိန်းမ ခြင်ကိုက်ခံရမှာစိုးလို့ ခြင်လိုက်ဖမ်းပေးနေတဲ့ ရွှေထူး

မိန်းမ ခြင်ကိုက်ခံရမှာစိုးလို့ ခြင်လိုက်ဖမ်းပေးနေတဲ့ ရွှေထူး

မိန်းမ ခြင်ကိုက်ခံရမှာစိုးလို့ ခြင်လိုက်ဖမ်းပေးနေတဲ့ ရွှေထူး

 အနုပညာလောကမှာ အောင်မြင်မှုတွေ၊ ပရိသတ်တွေကိုယ်စီနဲ့ လျှောက်လှမ်းနေကြတဲ့ အဆိုတော် ရွှေထူးနဲ့ မင်းသမီးချောလေး ရွှေမှုံရတီတို့နှစ်ဦးကတော့ တစ်ဦးကိုတစ်ဦး ချစ်ခင်စုံမက်ခဲ့ကြတာမို့ ဖူးစာဖက်တွေအဖြစ် လက်တွဲခဲ့ကြတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ အနုပညာအလုပ်တွေကိုပဲ အကောင်းဆုံးကြိုးစားလုပ်ကိုင်နေကြတဲ့ ရွှေထူးနဲ့ ရွှေမှုံလေးတို့ ဇနီးမောင်နှံကတော့ ပရိသတ်တွေ အားကျအချစ်ပိုနေရတဲ့ စုံတွဲလေးတစ်တွဲဖြစ်နေပါပြီ။ အများရဲ့ အားကျချစ်ခင်မှုကို ရရှိထားခဲ့တဲ့ သူတို့ကတော့ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ဂရုစိုက်တတ်တဲ့ စုံတွဲလေးတစ်တွဲပါ။အပြန်အလှန်ဂရုစိုက်တတ်ကြတဲ့ သူတို့မောင်နှံနှစ်ဦးကတော့ လတ်တလောမှာလည်း မိန်းမခြင်ကိုက်ခံရမှာစိုးလို့ ခြင်ဖမ်းပေးနေတဲ့ ရွှေထူးရဲ့အကြောင်းကို ရွှေမှုံက သူ့ရဲ့လူမှုကွန်ယက်ပေါ်မှာ ပရိသတ်တွေအတွက် မျှဝေပေးလာခဲ့တာပဲ ဖြစ်ပါတယ်။

 မိန်းမ ခြင်ကိုက်ခံရမှာစိုးလို့ ခြင်လိုက်ဖမ်းနေတဲ့ ခင်ပွန်းရွှေထူးကိုကြည့်ပြီး အရမ်းကို သဘာကျပြီး ကျေနပ်နေခဲ့ရတဲ့ ရွှေမှုံလေးကတော့ အရမ်းကို ကံကောင်းတာပဲနော်။ချစ်ဇနီးချောလေးကို အရိပ်တစ်ကြည့်ကြည့်နဲ့ ဂရုစိုက်နေတဲ့ ရွှေထူးကတော့ တကယ့်ကို ကြင်နာတတ်တဲ့ ခင်ပွန်းကောင်းပါပဲနော်။

ရွှေထူးနဲ့ ​ရွှေမှုံရတီ​လေးတို့ နှစ်​ဦးက​တော့ ပြီးခဲ့တဲ့ ​အောက်​တိုဘာလ ၃၀ရက်​​နေ့က ချစ်​သူနဲ့ လက်​ထပ်​လက်​မှတ်​ထိုးခဲ့ပြီး နိုဝင်​ဘာလ ၁၁ရက်​​နေ့ညမှာ မင်္ဂလာပွဲ ကျင်းပခဲ့တာပါ။ အနုပညာမှာ ပါရမီပါပြီး ထူးချွန်​တဲ့​ရွှေနှစ်​​ရွှေက​တော့ မတူညီတဲ့ နယ်​ပယ်​​တွေမှာ ​ကိုယ်​စီ​အောင်​မြင်​မှု​တွေကို ပိုင်​ဆိုင်​ထားကြတာပဲ ဖြစ်​ပါတယ်​။ ​​မိုမို​လေးချစ်​ပရိသတ်​​တွေလည်း ချစ်​တတ်​လွန်းကြတဲ့ ​ရွှေထူးနဲ့ ​ရွှေမှုံရတီတို့ ဇနီး​မောင်​နှံနှစ်ဦးကိုချစ်​ရင်​ မျှဝေပေးသွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Kay Kay
Ref : Shwe Mhone Yati's Facebook
http://www.thadinmann.com/2019/06/blog-post_50.html

No comments:

Post a Comment