ads

sponsor

Sunday, June 2, 2019






Unicode
PUBG ဂိမ်းကို ခြောက်နာရီလုံး မရပ်မနား ကစားတာကြောင့် နှလုံးရပ်ပြီး သေသွားတဲ့ကောင်လေး
Gamer တွေအတွက် Keyboard , mouse, ဖုန်း screen ဆိုတာ အသက်တွေပါပဲ ။ တချို့ဂိမ်းတွေက နှစ်ယောက်အတူတူ ကစားမှ အဆင်ပြေပါတယ် ။ တချို့ gamer တွေဆိုရင် ဂိမ်းထဲမှာ နာရီပေါင်းများစွာ နစ်မျောပြီး လက်ရှိ ပြင်ပလောကကို မေ့သွားကြပါတယ် ။
Gamer အများစုက ခေါင်းကိုက်တာတွေ ၊ အိပ်ချိန် နည်းတာတွေ ကြုံရပြီး ကံမကောင်းတဲ့ gamera တွေက ဆေးရုံ တက်ရပါတယ် ။ အဲဒီထက် ပို ကံမကောင်းရင်တော့ သေတောင်သေသွားကြပါတယ် ။
မကြာသေးခင်ကပဲ အိန္ဒိယနိုင်ငံ Madhya Pradesh ပြည်နယ်က Furkhan Qureshi ဆိုတဲ့ ကောင်လေးဟာ ခြောက်နာရီကြာ မရပ်မနား PUBG ကစားတာကြောင့် နှလုံးရပ်ပြီး သေသွားပါတယ် ။
အသက် 16 နှစ်သာ ရှိသေးတဲ့ Furkhan က ဆေးရုံကို ရောက်တော့ နှလုံး မခုန်တော့ပါဘူး ။ ဆရာဝန်တွေက နှလုံး ပြန်ခုန်လာအောင် ကြိုးစားပေမယ့် သေဆုံးသွားခဲ့ပါတယ် ။
နောက်ထပ် အဖြစ်အပျက် တစ်ခုကတော့ Hyderabad မြို့က ဆယ်ကျော်သက် တစ်ယောက်ဟာ PHBG ကစားတာကို မိဘတွေက ဆူလို့ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အဆုံး စီရင်သွားပါတယ် ။
သူရဲ့အမေက သားဖြစ်သူ PUBG ဂိမ်းကို အချိန်အကြာကြီး ကစားနေတာကို သတိထားမိပြီး အခန်းတံခါးကို ဖျက်ပြီး ဝင်ကြည့်တဲ့အခါ ကြိုးဆွဲချ သေဆုံးနေတာကို မြင်ခဲ့ရတာပါ ။ Video game တွေကို အလွန်အမင်း စွဲလမ်းသူတွေရဲ့ လက္ခဏာက စိတ်က စဥ့်ကလျားရောဂါနဲ့ တူတယ်လို့ အမေရိကန် စိတ်ပညာရှင် အသင်းက ပြောပါတယ် ။
ဂိမ်းကို အလွန်အမင်း စွဲလမ်းခြင်းက သေစေနိုင်လောက်တဲ့ ကိစ္စဖြစ်လာကြောင်း ဆေးပညာရှင်တွေက သတိ ပြုမိလာကြပါပြီ ။
Credit – Zombie ( Love အတိုစလေးများ )
https://updatenew.net/archives/21714

No comments:

Post a Comment