ads

sponsor

Sunday, February 9, 2020

ဘုန္းႀကီးေက်ာင္းေဆာက္ရန္ႏွင့္ လမ္းခင္းရန္ KBZဘဏ္တြင္ စုထားေသာေငြမ်ား အံ့အားသင့္ဖြယ္ ခိုးထုတ္ခံရမႈျဖစ္ပြား. .

ဘုန္းႀကီးေက်ာင္းေဆာက္ရန္ႏွင့္ လမ္းခင္းရန္ KBZဘဏ္တြင္ စုထားေသာေငြမ်ား အံ့အားသင့္ဖြယ္ ခိုးထုတ္ခံရမႈျဖစ္ပြား. .

ဘုန္းႀကီးေက်ာင္းေဆာက္ရန္ႏွင့္ လမ္းခင္းရန္ KBZဘဏ္တြင္ စုထားေသာေငြမ်ား အံ့အားသင့္ဖြယ္ ခိုးထုတ္ခံရမႈျဖစ္ပြား. .
ေက်း႐ြာလမ္းခင္းရန္ႏွင့္ ဘုန္ႀကီးေက်ာင္းေဆာက္လုပ္ေရး အတြက္ KBZ ဘဏ္တြင္ စုေဆာင္းထားေသာေငြမ်ားကို ပိုင္ရွင္မသိဘဲ လူတစ္စုမွ ခိုးထုတ္မႈ က်ဴးလြန္ခဲ့ေၾကာင္း သိရွိရသည္။
ေက်း႐ြာလမ္းခင္းရန္ႏွင္ ဘုန္းႀကီးေက်ာင္းတည္ေဆာက္ရန္အတြက္ မြန္ျပည္နယ္ က်ိဳက္ထိုၿမိဳ႕နယ္ မရမ္းေခ်ာင္းေက်း႐ြာမွ ဦးတင္ဦးဆိုသူက ကိုယ္ပိုင္ေငြမ်ားကို ကေမာၻဇဘဏ္ေတြ စုေဆာင္းထားရွိရာ မသမာသူ လူတစ္စုက KBZ pay အေကာင့္မ်ားျဖင့္ ခ်ိတ္ဆက္ခိုးယူမႈ ျဖစ္ပြားခဲ့ ေၾကာင္းသိရသည္။
ျဖစ္စဥ္မွာ အဆိုပါ ေငြစုေဆာင္းသူသည္ က်ိဳက္ထိုၿမိဳ႕ KBZ ဘဏ္ခြဲတြင္ ေငြစုေဆာင္းထားၿပီး ေငြထုတ္ယူရန္သြားေသာအခါ ဘဏ္တာဝန္ ရွိသူက ၎၏စုေဆာင္းေငြမ်ား မရွိေတာ့ဘဲ KBZ payျဖင့္ အႀကိမ္ႀကိမ္ ထုတ္ယူသြားၿပီျဖစ္ေၾကာင္းေျပာခဲ့သည္။
အဆိုပါျဖစ္စဥ္အရ ေငြစုေဆာင္းသူမွာ ၎၏စုေဆာင္းေငြကို KBZ Payျဖင့္ ခ်ိတ္ဆက္ထားျခင္းမရွိသလို တစ္ႀကိမ္မွ် ေငြထုတ္ယူျခင္း မရွိသည့္အတြက္ ခိုးထုတ္သြားသူမ်ားကို က်ိဳက္ထို ရဲစခန္းတြင္ အမႈဖြင့္လွစ္ထားေၾကာင္း သိရသည္။
ထို႔အျပင္ အဆိုပါေငြမ်ားကို မသမာေသာနည္းျဖင့္ ထုတ္ယူမႈကိုလည္း ေျဖရွင္းေပးရန္ ကေမာၻဇဘဏ္ဥကၠဌထံသို႔ အသနားခံစာ တင္ျပထား ေၾကာင္း သိရသည္။Source ;က်ိဳက္ထိုၿမိဳ႕မရဲစခန္း
Unicode
ဘုန်းကြီးကျောင်းဆောက်ရန်နှင့် လမ်းခင်းရန် KBZဘဏ်တွင် စုထားသောငွေများ အံ့အားသင့်ဖွယ် ခိုးထုတ်ခံရမှုဖြစ်ပွား. .
ကျေးရွာလမ်းခင်းရန်နှင့် ဘုန်ကြီးကျောင်းဆောက်လုပ်ရေး အတွက် KBZ ဘဏ်တွင် စုဆောင်းထားသောငွေများကို ပိုင်ရှင်မသိဘဲ လူတစ်စုမှ ခိုးထုတ်မှု ကျူးလွန်ခဲ့ကြောင်း သိရှိရသည်။
ကျေးရွာလမ်းခင်းရန်နှင် ဘုန်းကြီးကျောင်းတည်ဆောက်ရန်အတွက် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မရမ်းချောင်းကျေးရွာမှ ဦးတင်ဦးဆိုသူက ကိုယ်ပိုင်ငွေများကို ကမ္ဘောဇဘဏ်တွေ စုဆောင်းထားရှိရာ မသမာသူ လူတစ်စုက KBZ pay အကောင့်များဖြင့် ချိတ်ဆက်ခိုးယူမှု ဖြစ်ပွားခဲ့ ကြောင်းသိရသည်။
ဖြစ်စဉ်မှာ အဆိုပါ ငွေစုဆောင်းသူသည် ကျိုက်ထိုမြို့ KBZ ဘဏ်ခွဲတွင် ငွေစုဆောင်းထားပြီး ငွေထုတ်ယူရန်သွားသောအခါ ဘဏ်တာဝန် ရှိသူက ၎င်း၏စုဆောင်းငွေများ မရှိတော့ဘဲ KBZ payဖြင့် အကြိမ်ကြိမ် ထုတ်ယူသွားပြီဖြစ်ကြောင်းပြောခဲ့သည်။
အဆိုပါဖြစ်စဉ်အရ ငွေစုဆောင်းသူမှာ ၎င်း၏စုဆောင်းငွေကို KBZ Payဖြင့် ချိတ်ဆက်ထားခြင်းမရှိသလို တစ်ကြိမ်မျှ ငွေထုတ်ယူခြင်း မရှိသည့်အတွက် ခိုးထုတ်သွားသူများကို ကျိုက်ထို ရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။
ထို့အပြင် အဆိုပါငွေများကို မသမာသောနည်းဖြင့် ထုတ်ယူမှုကိုလည်း ဖြေရှင်းပေးရန် ကမ္ဘောဇဘဏ်ဥက္ကဌထံသို့ အသနားခံစာ တင်ပြထား ကြောင်း သိရသည်။Source ;ကျိုက်ထိုမြို့မရဲစခန်း

No comments:

Post a Comment