ads

sponsor

Wednesday, February 12, 2020

ဗုဒ္ဓတရားတော်တွေကို ဘာသာစကား ပေါင်းစုံနဲ့ ရွတ်ဆိုနိုင်တဲ့ စက်ရုပ်ထွက်ပေါ်လာ ဗီဒီယိုဖိုင်

ဗုဒ္ဓတရားတော်တွေကို ဘာသာစကား ပေါင်းစုံနဲ့ ရွတ်ဆိုနိုင်တဲ့ စက်ရုပ်ထွက်ပေါ်လာ ဗီဒီယိုဖိုင်

ဗုဒ္ဓသာသနာဟာ နှစ်ပေါင်းထောင်ချီကြာခဲ့ပြီဖြစ်ပါတယ်…မြတ်ဗုဒ္ဓရဲ့ တရားတော်တွေကို မပျောက်ပျက်အောင် ပေထက်အက္ခရာတင်တာတွေ၊ ကျောက်ထက် အက္ခရာတင်တာတွေ စသဖြင့် ထိန်းသိမ်းလာခဲ့ကြတာ ယနေ့ထိပါပဲ….
.ဒီလို နှစ်ပေါင်းများစွာကြာလာပြီဖြစ်တဲ့ ဗုဒ္ဓတရားတော်တွေကို မပျောက်ပျက်အောင်အတွက် ဂျပန်နိုင်ငံက နှစ် ၄၀၀ သက်တမ်းရှိတဲ့ ဗုဒ္ဓဘာသာ ဘုရားကျောင်းဟာ လူလုပ်အသိဉာဏ် (AI) ပါ မနုဿစက်ရုံတစ်ရုပ်ကို တီထွင်ထားပါတယ်
Meet Android Kannon ဆိုတဲ့ အဲဒီ စက်ရုပ်ဟာ ဗုဒ္ဓဘာသာဝင် စက်ရုပ်ဆိုပြီး တင်စားပြောဆိုနေကြကာ ဘာသာစကားမျိုးစုံနဲ့ ဗုဒ္ဓဒေသနာတော်တွေကို ရွတ်ဖတ်နိုင်တယ်လို့ သိရပါတယ်…
အဆိုပါ စက်ရုပ်ကို ကျိုတိုက ကိုဒိုင်ဂျီဘုရားကျောင်းနဲ့ အိုဆာကာတက္ကသိုလ် အသိဉာဏ်ရှိ စက်ရုပ်ပညာ ပါမောက္ခ ဟီရိုရှီတတို့ ပူးပေါင်းပြီးအမေရိကန်ဒေါ်လာ
၁ သန်းနီးပါးအကုန်ခံ တီထွင်ထားတာ ဖြစ်ပါတယ်။ ဒီစက်ရုပ်ရဲ့ ဗုဒ္ဓဒေသနာတွေ ရွတ်ဖတ်မှုကို ယမန်နေ့က ပထမဆုံး ပြုလုပ်ခဲ့ပါတယ်။
မနုဿစက်ရုပ် Kannon ဟာ အမြင့် ၇၇ လက်မနဲ့ အလေးချိန် ၁၂ ပေါင် ရှိပြီး ခေါင်း၊ လည်တိုင်၊ ပုခုံးနဲ့ လက်တွေကို ဆီလီကွန်အလွှာဖုံးလွှမ်းထားတာကြောင့်
လူ့အရေပြားအတိုင်းပဲဖြစ်ပါတယ်ဒါ့အပြင် ဝဲဘက်မျက်လုံးအိမ်မှာ ကင်မရာပါရှိပြီး မျက်လုံးချင်း ဆက်သွယ်မှုနဲ့ အရာဝတ္ထုတွေကို ကြည့်ရှုမှု လုပ်နိုင်စွမ်းပါတယ်လူလုပ်အသိဉာဏ်ပါ ဘုန်းကြီးစက်
ရုပ်လို့လည်း ခေါ်ကြပြီး ဒီ စက်ရုပ်ဟာ တရုတ်နဲ့ အင်္ဂလိပ်လိုလည်း ဘာသာပြန်နိုင်တယ်လို့ သိရပါတယ်….စက်ရုပ်ရဲ့ တရားတော်တွေ ရွတ်ဖတ်နေတဲ့ ဗီဒီယိုဖိုင်လေးကို အောက်မှာ ပြန်လည်မျှဝေလိုက်ရပါတယ်နော်…
Video ဖိုင်ကြည့်ရှုရန်နှိပ်ပါWriter ; Kwee (Jeeptoolay)Source ; 朝日新聞社

No comments:

Post a Comment