ads

sponsor

Sunday, February 9, 2020

တစ္ခါတုန္းက_ကြမ္က်ဳိးၿမိဳ႕က ဘဏ္တစ္ခု ေန႔ခင္းေၾကာင္ေတာင္ႀကီး ဓါးျမအတိုက္ခံရတယ္။

တစ္ခါတုန္းက_ကြမ္က်ဳိးၿမိဳ႕က ဘဏ္တစ္ခု ေန႔ခင္းေၾကာင္ေတာင္ႀကီး ဓါးျမအတိုက္ခံရတယ္။

တစ္ခါတုန္းက_ကြမ္က်ဳိးၿမိဳ႕က ဘဏ္တစ္ခု ေန႔ခင္းေၾကာင္ေတာင္ႀကီး ဓါးျမအတိုက္ခံရတယ္။
ဘဏ္ထဲဝင္ဝင္ခ်င္း ဓါးျမဗိုလ္က အားလံုးၾကားေအာင္လွမ္းေအာ္လိုက္တယ္။
“တစ္ေယာက္မွ မလႈပ္နဲ႔! ေငြဆိုတာ အစိုးရ ပိုင္တာ! အသက္ကေတာ့ ခင္ဗ်ားတို႔ပိုင္တယ္! နားလည္တယ္ေနာ္!”
အားလံုး ၿငိမ္က်သြားသည္။
သင္ခန္းစာ (၁) –
လူတစ္ေယာက္ကို ကိုယ္ၾကည့္ေစလိုတဲ့ ႐ႈေထာင့္ထိ ဆြဲေခၚတယ္ဆိုတာ အဲ့ဒါ!
အမ်ိဳးသမီးငယ္ငယ္ ေခ်ာေခ်ာ တစ္ဦးက ကေယာင္ကတန္းျဖင့္ စားပြဲအစြန္းေပၚမွာ ကိုးယိုးကားယား ျဖစ္လို႔ေနသည္။ ဓားျမဗိုလ္ လွမ္းေအာ္လိုက္သည္။
“ဟိုကေလးမ.. ဘာေတြေလွ်ာက္ လုပ္ျပေနမွန္း မသိဘူး။ ဆင္းစမ္း စားပြဲေပၚက! ဓားျမဟ! မုဒိန္းေကာင္မဟုတ္ဘူး..!”
သင္ခန္းစာ (၂) – ပညာရွင္ဆန္တယ္ဆိုတာအဲ့ဒါ!
ဓားျမတိုက္ၿပီးလို႔ စခန္းျပန္ေရာက္ေတာ့ အဖြဲ႕ဝင္သစ္ (စီးပြားေရးဘြဲ႕ရ ဆိုပဲဗ်ဳိ႕) လူငယ္က ဓားျမဗိုလ္ (သံုးတန္းေက်ာင္းထြက္) ကို ေျပာသည္။ “အစ္ကိုႀကီး.. ေငြေတြ ေရၾကရေအာင္။” ဓားျမဗိုလ္က ထိုလူငယ္ကို နားဘန္ပိတ္က်င္း လိုက္ၿပီး “ငတံုး..! ငတံုး..! အဲ့မွာ ရီမုဒ္..ေရာ့.. တီဗီဖြင့္.. သတင္းေစာင့္ နားေထာင္! ငါတို႔ေရစရာမလိုဘူး။ သတင္းက ေၾကျငာလိမ့္မယ္!”
သင္ခန္းစာ (၃) – လုပ္သက္အေတြ႕အၾကံဳ ဆိုတာအဲ့ဒါ!
ဘဏ္တြင္ ဓားျမမ်ား ထြက္သြားေတာ့ လက္ေထာက္ မန္ေနဂ်ာ ဆိုသူက မန္ေနဂ်ာကို ရဲစခန္းဖုန္းဆက္ ခိုင္းသည္။
မန္ေနဂ်ာက “ေဟ့ေဟ့.. ေနဦး! မင္းနဲ႔ငါ တစ္ေယာက္ကို ဆယ္သိန္းစီ ေလာက္ ဘံုးၾကရေအာင္.. အတိုက္ခံလိုက္ရတဲ့ စာရင္းနဲ႔ ေရာျပ လိုက္ရံုပဲေလ… ငိငိ”
သင္ခန္းစာ (၄) – ပြဲလန္႔တုန္းဖ်ာခင္းတယ္ဆိုတာေပါ့!
လက္ေထာက္မန္ေနဂ်ာဆိုသူလဲ “ဟာေကာင္းလိုက္တဲ့ အၾကံ ဗ်ာ! ဒါဆို ရဲစခန္းကို အတိုက္ခံရတဲ့စာရင္း နဲ႔ ေပါင္းၿပီး သိန္း ၁၀၀ လို႔ေျပာလိုက္ မယ္။ အေဟး… လတိုင္း ခုလို အတိုက္ခံရရင္ ေကာင္းမယ္ေနာ္ ဟိဟိ”
သင္ခန္းစာ (၅) – ဆင္ၾကံၾကံတယ္ဆိုတာ အဲ့ဒါ!
တီဗီမွေၾကျငာၿပီ။ သတင္းထဲတြင္ သိန္း ၁၀၀ တိတိ ဘဏ္ဓားျပ တိုက္ခံရေၾကာင္း ၾကားရလွ်င္ ဓားျပဗိုလ္ မ်က္လံုးျပဴးသြားသည္။တစ္ဖြဲ႕လံုး ညလံုးေပါက္ ေငြေတြကို အထပ္ထပ္ေရသည္။ သိန္း ၈၀ ေပ်ာက္ေနသည္။ မေတြ႕။ ပညာတတ္ အဖြဲ႕ဝင္သစ္က မဝံ့မရဲ ဝင္ ေျပာသည္။ “ဟို…ဟို အစ္ကိုႀကီး။ ဒီလိုျဖစ္မလား မသိဘူး။ ဘဏ္က ေကာင္ေတြ စာရင္းပိုျပၿပီး ယူထားၿပီ ထင္တယ္..”
ဓားျပဗိုလ္လဲ ဒီေတာ့မွ ႏွဖူးႏွင့္ လက္ဝါး႐ိုက္လို႔ – “ဟိုက္.. ဟုတ္သဟ။ အကြက္သစ္ေတြ ၾကည့္စမ္း! ဪ လူေတြ လူေတြ..မရွိလို႔ဓားျပတိုက္စားပါတယ္။နာမည္ပ်က္ေတာ့ ငါတို႔။ ႀကီးပြားသြားတာ ဟိုမေရာက္ ဒီမေရာက္ေတြ။ ပညာတတ္နဲ႔ ပညာမဲ့ကြာတာ ဒါပဲေပါ့ကြာ” စိတ္ပ်က္လက္ပ်က္ ညည္းျငဴေလသည္။
သင္ခန္းစာ (၆) – ပညာတန္ဖိုး ဆိုတာ အဲ့ဒါ!
ဘဏ္မန္ေနဂ်ာ ယခုေတာ့ျပံဳးႏိုင္ၿပီ။ မိန္းမမသိေအာင္ ေဘာပြဲ ေလာင္းထားတာ အေႂကြးလည္ပင္း နစ္ေနၿပီ။ ခုလို ဓားျပ အတိုက္ခံ လိုက္ရေတာ့ ခ်က္ခ်င္းေျပလည္သြားတာကိုး။
သင္ခန္းစာ (၇) – အခြင့္အေရးကို အၿမဲရွာေဖြေနတယ္ ဆိုတာ အဲ့ဒါ!
လက္ေထာက္မန္ေနဂ်ာ ကေတာ့ ဘာမွမသိသလိုပံုနဲ႔ မ်က္ႏွာေသ။ သူ ဘာလုပ္လိုက္တယ္ဆိုတာ စာဖတ္သူတို႔ သိတယ္ မဟုတ္လား။
သင္ခန္းစာ (၈) – ဘာရရ မ်က္ႏွာေသေလးနဲ႔ ေနပါ။
credit : မွတ္စုၾကမ္း
Unicode
တစ်ခါတုန်းက_ကွမ်ကျိုးမြို့က ဘဏ်တစ်ခု နေ့ခင်းကြောင်တောင်ကြီး ဓါးမြအတိုက်ခံရတယ်။
ဘဏ်ထဲဝင်ဝင်ချင်း ဓါးမြဗိုလ်က အားလုံးကြားအောင်လှမ်းအော်လိုက်တယ်။
“တစ်ယောက်မှ မလှုပ်နဲ့! ငွေဆိုတာ အစိုးရ ပိုင်တာ! အသက်ကတော့ ခင်ဗျားတို့ပိုင်တယ်! နားလည်တယ်နော်!”
အားလုံး ငြိမ်ကျသွားသည်။
သင်ခန်းစာ (၁) –
လူတစ်ယောက်ကို ကိုယ်ကြည့်စေလိုတဲ့ ရှုထောင့်ထိ ဆွဲခေါ်တယ်ဆိုတာ အဲ့ဒါ!
အမျိုးသမီးငယ်ငယ် ချောချော တစ်ဦးက ကယောင်ကတန်းဖြင့် စားပွဲအစွန်းပေါ်မှာ ကိုးယိုးကားယား ဖြစ်လို့နေသည်။ ဓားမြဗိုလ် လှမ်းအော်လိုက်သည်။
“ဟိုကလေးမ.. ဘာတွေလျှောက် လုပ်ပြနေမှန်း မသိဘူး။ ဆင်းစမ်း စားပွဲပေါ်က! ဓားမြဟ! မုဒိန်းကောင်မဟုတ်ဘူး..!”
သင်ခန်းစာ (၂) – ပညာရှင်ဆန်တယ်ဆိုတာအဲ့ဒါ!
ဓားမြတိုက်ပြီးလို့ စခန်းပြန်ရောက်တော့ အဖွဲ့ဝင်သစ် (စီးပွားရေးဘွဲ့ရ ဆိုပဲဗျို့) လူငယ်က ဓားမြဗိုလ် (သုံးတန်းကျောင်းထွက်) ကို ပြောသည်။ “အစ်ကိုကြီး.. ငွေတွေ ရေကြရအောင်။” ဓားမြဗိုလ်က ထိုလူငယ်ကို နားဘန်ပိတ်ကျင်း လိုက်ပြီး “ငတုံး..! ငတုံး..! အဲ့မှာ ရီမုဒ်..ရော့.. တီဗီဖွင့်.. သတင်းစောင့် နားထောင်! ငါတို့ရေစရာမလိုဘူး။ သတင်းက ကြေငြာလိမ့်မယ်!”
သင်ခန်းစာ (၃) – လုပ်သက်အတွေ့အကြုံ ဆိုတာအဲ့ဒါ!
ဘဏ်တွင် ဓားမြများ ထွက်သွားတော့ လက်ထောက် မန်နေဂျာ ဆိုသူက မန်နေဂျာကို ရဲစခန်းဖုန်းဆက် ခိုင်းသည်။ မန်နေဂျာက “ဟေ့ဟေ့.. နေဦး! မင်းနဲ့ငါ တစ်ယောက်ကို ဆယ်သိန်းစီ လောက် ဘုံးကြရအောင်.. အတိုက်ခံလိုက်ရတဲ့ စာရင်းနဲ့ ရောပြ လိုက်ရုံပဲလေ… ငိငိ”
သင်ခန်းစာ (၄) – ပွဲလန့်တုန်းဖျာခင်းတယ်ဆိုတာပေါ့!
လက်ထောက်မန်နေဂျာဆိုသူလဲ “ဟာကောင်းလိုက်တဲ့ အကြံ ဗျာ! ဒါဆို ရဲစခန်းကို အတိုက်ခံရတဲ့စာရင်း နဲ့ ပေါင်းပြီး သိန်း ၁၀၀ လို့ပြောလိုက် မယ်။ အဟေး… လတိုင်း ခုလို အတိုက်ခံရရင် ကောင်းမယ်နော် ဟိဟိ”
သင်ခန်းစာ (၅) – ဆင်ကြံကြံတယ်ဆိုတာ အဲ့ဒါ!
တီဗီမှကြေငြာပြီ။ သတင်းထဲတွင် သိန်း ၁၀၀ တိတိ ဘဏ်ဓားပြ တိုက်ခံရကြောင်း ကြားရလျှင် ဓားပြဗိုလ် မျက်လုံးပြူးသွားသည်။တစ်ဖွဲ့လုံး ညလုံးပေါက် ငွေတွေကို အထပ်ထပ်ရေသည်။ သိန်း ၈၀ ပျောက်နေသည်။ မတွေ့။ ပညာတတ် အဖွဲ့ဝင်သစ်က မဝံ့မရဲ ဝင် ပြောသည်။ “ဟို…ဟို အစ်ကိုကြီး။ ဒီလိုဖြစ်မလား မသိဘူး။ ဘဏ်က ကောင်တွေ စာရင်းပိုပြပြီး ယူထားပြီ ထင်တယ်..”
ဓားပြဗိုလ်လဲ ဒီတော့မှ နှဖူးနှင့် လက်ဝါးရိုက်လို့ -“ဟိုက်..ဟုတ်သဟ။အကွက်သစ်တွေကြည့်စမ်း!ဪလူတွေလူတွေ..မရှိလို့ဓားပြတိုက်စားပါတယ်။နာမည်ပျက်တော့ ငါတို့။ ကြီးပွားသွားတာ ဟိုမရောက် ဒီမရောက်တွေ။ ပညာတတ်နဲ့ ပညာမဲ့ကွာတာ ဒါပဲပေါ့ကွာ” စိတ်ပျက်လက်ပျက် ညည်းငြူလေသည်။
သင်ခန်းစာ (၆) – ပညာတန်ဖိုး ဆိုတာ အဲ့ဒါ!
ဘဏ်မန်နေဂျာ ယခုတော့ပြုံးနိုင်ပြီ။ မိန်းမမသိအောင် ဘောပွဲ လောင်းထားတာ အကြွေးလည်ပင်း နစ်နေပြီ။ ခုလို ဓားပြ အတိုက်ခံ လိုက်ရတော့ ချက်ချင်းပြေလည်သွားတာကိုး။
သင်ခန်းစာ (၇) – အခွင့်အရေးကို အမြဲရှာဖွေနေတယ် ဆိုတာ အဲ့ဒါ!
လက်ထောက်မန်နေဂျာ ကတော့ ဘာမှမသိသလိုပုံနဲ့ မျက်နှာသေ။ သူ ဘာလုပ်လိုက်တယ်ဆိုတာ စာဖတ်သူတို့ သိတယ် မဟုတ်လား။
သင်ခန်းစာ (၈) – ဘာရရ မျက်နှာသေလေးနဲ့ နေပါ။
credit : မှတ်စုကြမ်း

No comments:

Post a Comment