Unicode
ဝူဟန် ဗိုင်းရပ်စ်အကြောင်းပြည်သူတွေသိအောင်ဖော်ထုတ် ခဲ့တဲ့ ဆရာဝန်ကြီး ရဲ့ဝမ်းနည်းစရာအ ဆုံးသတ်
တ ရု တ်နိုင်ငံ ဝူဟန်မြို့က လူတွေ အဆုပ်ရောင်ခြင်း နှလုံးဖောက်ခြင်းနဲ့ သေဆုံးရတာတွေဖြစ်လာတဲ့အခါမှာ Dr. Li Wenliang ဟာ ဒီရောဂါကို စတင်လေ့လာခဲ့ပြီးတော့ ဒါဟာ Noval CoronaVirus ဖြစ်တယ်လို့ အများပြည်သူကို သတိပေးထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ သူ့ရဲ့ သတိပေးမှုကြောင့် အားလုံး သိရှိသွားပြီးတော့ အခုလို အခြေအနေတွေကို ဖြစ်လာခဲ့တာပါ။ သူသာ သတိမပေး ၊ ထုတ်မပြောခဲ့ရင် ဘာနဲ့သေမှန်းတောင် သိကြမှာ မဟုတ်ပါဘူး။
ဒီ လို ထုတ်ပြောခြင်းရဲ့ ရလာဒ်အဖြစ် သူဟာ မသင်္ကာမှုနဲ့ ရဲတွေရဲ့ ဖမ်းဆီးစစ်ဆေးခြင်းကို ခံခဲ့ရပါတယ်။ သူဟာဆိုရင် ကိုယ်တိုင်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလိုက်ရပါတယ်။ ဒါပေမယ့် သူဟာ မနားနေခဲ့သလို ၊ နယ်မြေခံရဲတွေကလည်း သူ့ကိုထိန်းသိမ်းထားတာကြောင့် မကြာခင်ကပဲ သူ သေဆုံးသွားခဲ့ပါပြီ။
တကယ်ဝမ်းနည်းရပါတယ်။ လိုအပ်ချိန်မှာ ပြည်သူအတွက် မားမားမတ်မတ်ရှေ့ကရပ်ခဲ့တဲ့ ဆရာဝန်ဟာ သူရဲကောင်းဆန်စွာ သေဆုံးခဲ့ရတာပါ။ အခုဆိုရင် ဒီရောဂါကြောင့် ကူးစက်သူ ၂၀၀၀၀ ကျော် ၊ သေဆုံးသူ ၅၀၀ ကျော်လာပါပြီ။ သူသာ ရဲရဲဝံ့ဝံ့ အသိမပေးခဲ့ဘူးဆိုရင် လူတွေ ဘယ်လောက်ကူးပြီး ၊ ဘယ်လောက်သေမှ သိကြမလဲဆိုတာ မသေချာပါဘူး။ဒေါက်တာ တစ်ယောက် ကောင်းရာမွန်ရာ ရောက်ပါစေနော်။
Writer – SMT ( Shwe Yaung Lan )
No comments:
Post a Comment