ပါရာစီတမော နဲ့ ကော်ဖီ တွဲ သောက် တက်တဲ့ မိတ်ဆွေ ရှိရင် အချိန်ခနလေး ပေးဖတ်သွားနော် (ဆက်ဖတ်ရန် ပုံကိုနိုပ်ပါ)

ပါရာစီတမော နဲ့ ကော်ဖီ တွဲ သောက် တက်တဲ့ မိတ်ဆွေ ရှိရင် အချိန်ခနလေး ပေးဖတ်သွားနော် (ဆက်ဖတ်ရန် ပုံကိုနိုပ်ပါ)
ပါရာစီတမော နဲ့ ကော်ဖီ လုံးဝတွဲမသောက်သင့်ပါ..။
အချိန်ခဏလေးပေးပြီး ဖတ်ကြည့်ပါနော် ။ ပျင်းလို့ ဆိုပြီးလည်း ကျော်မသွားကြပါနဲ့ ။ သိပြီးသားသူတွေကလည်း မသိသေးတဲ့ သူတွေအတွက် ပြန်လည် မျှဝေပေးလိုက်ပါနော်..
အခုပြောပြပေးမဲ့ အကြောင်းရာကတော့ ပါရာစီတမော “Paracetamol” အကြောင်းပဲ ဖြစ်ပါတယ်..။

ပါရာစီတမောကို ဆရာဝန် ညွှန်ကြားမှု မရှိပဲ အလွယ်တကူ ဝယ်သောက်နေသူများ များပြားလာပါပြီ ။ နေမကောင်းလို့ သောက်တယ် ၊ ခေါင်းမူးလို့ သောက်တယ် ၊ ညောင်းညာကိုက်ခဲလို့ သောက်တယ် ၊ ဗိုက်အောင့်လို သောက်ကြတယ်..။
အကြောင်း အမျိုးမျိုးနဲ့ သောက်သုံး နေတာကို တွေ့ရပါတယ်..။တကယ်တော့ ပါရာစီတမောဆိုတာ အဆိပ်တက်စေတဲ့ ဆေးဝါးပါ ။ နောက်ပြီးတော ကမ္ဘာကျော် အနာကျင် ပျောက်ဆေး တစ်မျိုးပါ..။
သူ့ကို သည်းခြေမှ အစာခြေ ရည်များက ဖြိုဖျက်လိုက်တဲ့ အခါမှာ သေစေတဲ့ အဆိပ် အင်ဇိုင်းများကို ထွက်ပေါ် စေပါတယ်..။

အဲ့ဒီအဆိပ် ပမာဏဟာ ကဖိန်းနဲ့ တွေ့တဲ့အခါအဆိပ် အင်အားကို ၃ ဆအထိ မြင့်တက်သွားစေပါတယ် ။ အဲ့ဒါကြောင့် ပါရာစီတမောကို ကော်ဖီနဲ့ တွဲမသောက်သင့်ပါဖူး ။ အသဲကို ပျက်စီးစေတတ်ပါတယ်.
ဘာလို့လဲဆိုရင် ကော်ဖီမှာပါတဲ့ ကဖိန်းဓာတ်ကြောင့်လို့ သိပ္ပံပညာရှင်များက ဆိုထားတယ်လို့ သိရပါတယ် ။ မကြာခဏ သောက်ဖြစ်နေတယ် ဆိုရင်တော့ သေတဲ့အထိ ဖြစ်စေနိုင်တယ်လို့ ပြောထားပါတယ်..။
အဲ့ဒါကို တော်တော်များများက နေမကောင်းဖြစ်လို့ အစာစားချင်စိတ် မရှိတဲ့အခါ အူငြိမ်အောင်ဆိုပြီး ကော်ဖီတိုက်လေ့ ရှိပါတယ်..။
ကျွန်မတို့ ပတ်ဝန်းကျင်မှာ အဲ့လိုမျိုးတွေ ညတွေ့ဖူးမှာပါ ။ အရင်က ကျမကိုယ်တိုင် အဲ့လိုမျိုး သောက်ခဲ့ဖူးပါတယ်..။
ဆေးသောက်တဲ့အခါ အစာမရှိရင် ပိုဆိုးမှာစိုးလို့ ကော်ဖီနဲ့ဆေးကို တွဲပြီး သောက်လေ့ ရှိပါတယ်..။
ပါရာစီတမောမှ မဟုတ်ပါဘူး ဘယ်ဆေးကိုမဆို ကော်ဖီနဲ့ တွဲမသောက်ဖို့ အတတ်နိုင်ဆုံး ရှောင်တာ ကောင်းပါတယ်နော်..
အဲ့လိုဆိုတိုင်းလည်း ကော်ဖီသောက်တာ ရပ်ဖို့ မလိုအပ်သလို ပါရာစီတမော သောက်တာလည်း စွန့်လွှတ်ဖို့ မလိုအပ်ပါဖူး ။ အတူ တွဲမသောက်ဖို့ပဲ လိုအပ်တာပါ..။
နောက်တစ်ခုက ပါရာစီတမောနဲ့ ကိုကာကိုလာ မတည့်ဘူး ဆိုတာလည်း သိကြမှာပါနော် ။ သေစေတဲ့အထိ ဖြစ်စေပါတယ်ရှင့် ။ ပါရာစီတမောကို အလွန်အကျွံ သောက်မိရင် အသည်း ပျက်စီးစေပြီးသေစေနိုင်ပါတယ်..။
ဒီလိုပဲ အရက်နဲ့ တွဲသောက်မိရင်လည်း အသည်းကို ပျက်စီးစေတဲ့အထိ သေနိုင်ပါတယ် ။ ပါရာစီတမောကို တာရှည်သုံးစွဲရင် ကျောက်ကပ်နဲ့ အသည်း ပျက်စီးစေတတ်ပြီး သွေးတိုးခြင်းနဲ့ လေဖြတ်ခြင်းများလည်း ဖြစ်စေနိုင်ပါတယ်..
ဒါကိုလည်း သိထားသင့်ပါတယ်ပါရာစီတမောရဲ့ အန္တရာယ် ရှိပေမယ်လို့ ကောင်းကျိုးကတော့ သားအိမ် ကင်ဆာကို လျော့ပါးစေတယ် ဆိုတာလည်း တွေ့ရှိထားပါတယ်..။
သုတေသီတွေ တွေ့ရှိချက်အရ ပါရာစီတမော သောက်သုံးနေတဲ့ အမျိုးသမီးများမှာ သားအိမ်ကင်ဆာ အန္တရာယ်ဖြစ်ဖို့ ၃၀% ပိုနည်းပါးတာ တွေ့ရပါတယ်တဲ့..၊
အရာအားလုံးမှာ ဆိုးကျိုးရှိသလို ကောင်းကျိုး ဆိုတာလည်း ရှိတတ်ကြတာပါပဲ ။ ဒါပေမဲ့ ပါရာစီတမောမှ မဟုတ်ပါဘူး ဘယ်ဆေးဝါးကိုမဆို တာရှည်သုံးစွဲရင် မကောင်းဖူးဆိုတာ သိထားကြဖို့ လိုအပ်ပါတယ်နော်..
ဒါက ကျမဖတ်ဖူးတာကို မသိတဲ့သူတစ်ချို့ သိအောင် ပြန်လည် မျှဝေပေးတာပါ ။ အားလုံးကလည်း အပန်းမကြီးဖူးဆိုရင် လက်ဆင့်ကမ်းပြီး မျှဝေပေးလိုက်ပါနော် ။ တင်သမျှ စာတွေကို ဖတ်ပေးကြတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်..။
Source : ကို့ရဲ့ရစ်လုံးလေး
No comments:
Post a Comment