ads

sponsor

Sunday, February 9, 2020



Source : ဇင် မိုး
Unicode
မြောက်ဒဂုံCB Bank ကိုအနုကြမ်းစီးကာ ဗုံးထောင် ခဲ့သည့် နောက်ဆက်တွဲ အခြေအနေ
ယေ န့ ၇.၂.၂၀၂၀ နံနက် ၈ နာရီ ၅၅ မိနစ်ခန့်အချိန်မှာ Mask တပ်ထားတဲ့ အမည်မသိ လူသုံးဦး မြောက်ဒဂုံက CB ဘဏ်မှာ သေနတ်ပြခြိမ်းခြောက်ပြီး ငွေကျပ် သိန်း ခြောက်ရာ ကို အနုကြမ်းစီးသွားခဲ့ပါတယ်…
အဲ ဒီနောက် ဘဏ်မှာ ဗုံးနှစ်လုံးထောင်ထားခဲ့ပြီး Probox Taxi CC-9965 နဲ့ အဏ္ဏဝါလမ်းဘက်ကို ထွက်ပြေးတိမ်းရှောင်သွားခဲ့တာပါ…..
အဲဒီနောက် တာဝန်ရှိသူတွေက အဆိုပါ ဗုံးနှစ်လုံးကို ရှင်းလင်းခဲ့ပါတယ်…အဲဒီနောက်မှာတော့ လုံ/ နယ်ဝန်ကြီးနဲ့ သက်ဆိုင်ရာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ အကုန်လုံးက ဘဏ်ထဲထောင်ထားတဲ့ ဗုံးကို စစ်ကြည့်ခဲ့ရာမှာ ဗုံးက အတုဖြစ်နေတယ်လို့ သိရပါတယ်…..
အနုကြမ်းစီးပြီး ကားနဲ့ ထွက်ပြေးသွားသူလူ သုံးဦးကိုလည်း CCTV မှတ်တမ်းတွေကနေ လိုက်လံဖမ်းဆီးနေတယ်လို့ နောက်ဆက်တွဲသတင်းတွေအရသိရပါတယ်…
အဆိုပါ လူ သုံးဦးဟာ CC-9965 probox အဖြူရောင်ယာဉ် ကနေ 2F-7263 ပြောင်းလဲ၍ ဆက်လက်ထွက်ပြေးနေတယ်လို့ ဆိုပါတယ်…
Writer – HW (Shwe Yaung Lan)
Source : ဇင် မိုး

No comments:

Post a Comment