ခင်ပွန်းသည်နဲ့ ဖောက်ပြန်နေတဲ့ Gay ကိုမှ ချစ်မိပြီး ကလေးတောင်ယူခဲ့တဲ့ အမျိုးသမီး


Unicode
အမျိုးသမီးတစ်ယောက်ဟာ ခင်ပွန်းသည် တိတ်တိတ်ပုန်း ဖောက်ပြန်နေတဲ့ လိင်တူချစ်သူကိုမှ စွဲစွဲလန်းလန်း ချစ်ကြိုက်မိပြီး၊ အဲဒီ Gay အမျိုးသားနဲ့ ကလေးရယူသည်အထိ ဖြစ်ခဲ့ပါတယ်။ အဆိုပါ အမျိုးသမီးအမည်မှာ Angelica Mabuhay လို့ အမည်ရပါတယ်။
သူမရဲ့ခင်ပွန်း Justin ဟာ သူမအပေါ်ကို သိပ်ဂရုမစိုက်တော့ကြောင်း Angelica တစ်ယောက် ရိပ်စားမိခဲ့ပြီးနောက် ခင်ပွန်းသည်ရဲ့ နောက်ကွယ်က ဇာတ်လမ်းကို ဖော်ထုတ်ဖို့ ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ ခင်ပွန်းသည်ဟာ အခြားမိန်းမတစ်ယောက်နဲ့ မဟုတ်ဘဲ-
Gay တစ်ယောက်နဲ့ ကြိတ်ခုတ်နေတာကို သိခဲ့ရတာပါ။ Gay အမျိုးသားရဲ့အမည်ကတော့ Jeffrey Urieta ဖြစ်ပါတယ်။ သူမဟာ Jeffrey ထံကို ခင်ပွန်းသည်နဲ့ဇာတ်လမ်း အဆုံးသတ်ဖို့ မက်ဆေ့တွေ ပေးပို့တားမြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ သူမနဲ့ Jeffrey ဟာ ထင်မှတ်မထားဘဲ ရင်းနီးသွားပါတယ်။
နောက်တစ်ဆင့်အနေနဲ့ Angelica နဲ့ Jeffrey တို့ဟာ ချစ်သူဘဝတွေအထိ ရောက်သွားခဲ့ပြီး၊ နောက်ဆုံး Justin နဲ့ Angelica တို့ လမ်းခွဲသည်အထိ ဖြစ်ခဲ့ရပါတယ်။ အဲဒီနောက် သူမတို့နှစ်ယောက်ဟာ အတူနေချစ်သူဘဝကို ရောက်ခဲ့ရပြီး၊ အခုဆိုရင် ကလေးတောင် ရနေပါပြီတဲ့။
Angelica ဖောက်ပြန်နေတဲ့ခင်ပွန်းကို တားမြစ်ရင်းနဲ့၊ သူမကိုယ်တိုင်ကလည်း ဖောက်ပြန်မိခဲ့တဲ့အဖြစ်ပါ။ ဒါပေမယ့် ဒီကိစ္စကို သူမက ရှက်စရာလို့မတွေးပါဘူးတဲ့။ အကြောင်းကတော့ အချစ်ဆိုတာ ရှက်စရာ မဟုတ်ကြောင်း၊ တစ်ယောက်ကို ချစ်မိရင် ရဲရဲချစ်ဖို့သာလိုကြောင်း သူမက ဆိုပါတယ်။
credit – လင်းဇော်ကို (MyanmarNote)
https://www.isabellaonlinemm.com/18799/?fbclid=IwAR1WLnp1BUVo--q10mrL30QQvi9x14V23YT8FOpRkJ6HzCYtBg6ZsDly5MM
No comments:
Post a Comment