ads
sponsor
Saturday, February 9, 2019
396
နောက်ဆုံးသူတို့ရစ်မရတဲ့အဆုံးမှာသွားလို့ရပြီးဆိုပြီးပြောတဲ့တွက်ကျွန်တော်တို့ကားမောင်းထွက်ခဲ့ပြီး ကျိုက်မရောမြို့မရဲစခန်းထဲကို ဝင်ခဲ့ပါတယ် တာဝန်ကျကင်းသမားကို ခုဏက ပိုက်ဆံတောင်းတဲ့ရဲနှစ်ယောက်ပုံပြပြီးဒီစခန်းကလားလို့မေးတာ ဟုတ်တယ် ဒီစခန်းကရဲပဲလို့ဖြေပါတယ် အဲ့ဒါကြောင့် စခန်းမှူးနဲ့တွေ့ချင် ပါတယ်လို့ပြောနေတဲ့အချိန် စခန်းမှူးထွက်လာတဲ့အတွက် အကျိုးကြောင်းပြောပြပြီး သူ့တပ်ဖွဲ့ဝင်တွေကို ထိန်းသိမ်းပေးဖို့တောင်းဆိုခဲ့ပါတယ်။
အဲအချိန်မှာ မြို့မရဲစခန်းမှူးကိုယ်တိုင်းမူးနေပြီး အဲ့ဒါငါ့စခန်းကမဟုတ်ဘူး တခြားစခန်းကလာလုပ်စားနေတာ မင်းတို့ပိုက်ဆံပေးခဲ့ရလား ၊ မင်းတို့ဘာနစ်နာသွားလဲဆိုပြီး တာဝန်မဲ့တဲ့စကားပြောပါတယ် ။
ကျွန်တော်တို့ကဒီရဲတွေကစခန်းမှူးစခန်းကလို့ကင်းသမားရောပိုက်ဆံတောင်းတဲ့ရဲကိုယ်တိုင်းအတည်ပြုပြောထားပါတယ်လို့ပြောတာတောင် မူးနေတဲ့အတွက် မဟုတ်ဘူး ငါ့ရဲတွေငါအိပ်ခိုင်းထားတယ်ဆိုပြီး ကျွန်တော်တို့ကိုပြန်ဖို့မောင်းထုတ်ပါတယ်။ ပြီးတာနဲ့ စခန်းအရှေ့က တံခါးကိုပိတ်ပြီးကင်းသမားကိုသော့ခတ်ခိုင်းခဲ့ပါတယ်။
#အမွှာညီနောင်
ခရီးသွားပြည်သူများကိုညသန်းခေါင်းအချိန် ဓားပြကဲ့သို့ ပိုက်ဆံတောင်းသောရဲတပ်ဖွဲ့ဝင် ၂ဦးနှင့် ညအချိန်မူးနေပြီး တာဝန်ယူတာဝန်ခံမှုမရှိသော မြို့မရဲစခန်းမှူး။
ကျွန်တော် ၇.၂.၂၀၁၉ ရက်နေ့ ည ၁၁ နာရီကျော်တဲ့ချိန် ကျိုက်မရောမြို့နယ် ကော့ကလော့တရားပွဲကအပြန် ကျိုက်မရောမြို့မရဲစခန်းအနီးနားလမ်းခွဲလေးတစ်ခုမှ ကျွန်တော်တို့ကားကို ဓာတ်မီးအချက်ပြပြီ ရပ်ခိုင်းခဲ့ပါတယ်
ယူနီဖောင်းဝတ်ထားတာမြင်လို့ရပ်ပေးလိုက်ပါတယ် အဲအချိန်မှာ ယူနီဖောင်းဝတ်ပြီး အရက်နံ့ထောင်ခနဲထွက်နေတဲ့ ရဲနှစ်ယောက်ရောက်လာပြီး လိုင်စင်ရှိလားလို့မေးပါတယ် ကျနော်တို့က လိုင်စင်ရှိပါတယ်လို့ပြောတဲ့ခါ ဘီယာဖိုးပေးပါလို့တောင်းပါတယ်။
ကျွန်တော်တို့ကလည် မပေးနိုင်ပါဘူးဆိုတော့ ဟိုရစ်ဒီရစ်လုပ်နေပါတယ် ပြီးတော့ ကားကိုလည် ပတ်ပတ်လည်ဓာတ်ပုံရိုက်ပါတယ။
နောက်ဆုံးသူတို့ရစ်မရတဲ့အဆုံးမှာသွားလို့ရပြီးဆိုပြီးပြောတဲ့တွက်ကျွန်တော်တို့ကားမောင်းထွက်ခဲ့ပြီး ကျိုက်မရောမြို့မရဲစခန်းထဲကို ဝင်ခဲ့ပါတယ် တာဝန်ကျကင်းသမားကို ခုဏက ပိုက်ဆံတောင်းတဲ့ရဲနှစ်ယောက်ပုံပြပြီးဒီစခန်းကလားလို့မေးတာ ဟုတ်တယ် ဒီစခန်းကရဲပဲလို့ဖြေပါတယ် အဲ့ဒါကြောင့် စခနး်မှူးနဲ့တွေ့ချင် ပါတယ်လို့ပြောနေတဲ့အချိန် စခန်းမှူးထွက်လာတဲ့အတွက် အကျိုးကြောင်းပြောပြပြီး သူ့တပ်ဖွဲ့ဝင်တွေကို ထိန်းသိမ်းပေးဖို့တောင်းဆိုခဲ့ပါတယ်။
အဲအချိန်မှာ မြို့မရဲစခန်းမှူးကိုယ်တိုင်းမူးနေပြီး အဲ့ဒါငါ့စခနး်ကမဟုတ်ဘူး တခြားစခန်းကလာလုပ်စားနေတာ မင်းတို့ပိုက်ဆံပေးခဲ့ရလား ၊ မင်းတို့ဘာနစ်နာသွားလဲဆိုပြီး တာဝန်မဲ့တဲ့စကားပြောပါတယ် ။
ကျွန်တော်တို့က ဒီရဲတွေက စခနး်မှူးစခန်းကလို့ ကင်းသမားရော ပိုက်ဆံတောင်းတဲ့ရဲကိုယ်တိုင်းအတည်ပြုပြောထားပါတယ်လို့ပြောတာတောင် မူးနေတဲ့အတွက် မဟုတ်ဘူး ငါ့ရဲတွေငါအိပ်ခိုင်းထားတယ်ဆိုပြီး ကျွန်တော်တို့ကိုပြန်ဖို့မောင်းထုတ်ပါတယ်။ ပြီးတာနဲ့ စခနး်အရှေ့က တံခါးကိုပိတ်ပြီးကင်းသမားကိုသော့ခတ်ခိုင်းခဲ့ပါတယ်။
ဒါကြောင့် သက်ဆိုင်ရာ ရဲချုပ်၊ မွန်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးတို့အနေနဲ့ ပြည်သူလစာစားပြီး တာဝန်ချိန်မူးနေတဲ့အပြင် ယူနီဖောင်းဝတ်ကာ ပိုက်ဆံတောင်းနေတဲ့ ကျိုက်မရောစခန်းမှ အကျင့်ပျက် ရဲနှစ်ယောက်နဲ့ တာဝန်မဲ့မူးပြီး ပြည်သူကိုမင်းတို့ဘာနစ်နာသွားလဲဆိုပြီး တာဝန်ယူမှုမရှိ လက်အောက်ငယ်သားကိုထိန်းသိမ်းမနိုင်တဲ့ ကျိုက်မရောမြို့မရဲစခန်းမှူးတို့ကို ပြင်းပြင်းထန်ထန် ထိရောက်စွာအရေးယူပေးနိုင်ဖို့ ပြည်သူတစ်ဦးအနေနဲ့ တောင်းဆိုတင်ပြလိုက်ပါတယ်။
ယခုပါရေးသားထားသောအကြောင်းအရာ အချက်လက်မျအား အပြည့်အဝ တာဝန်ယူပါသည်။ သက်ဆိုင်ရာလူကြီးမင်းများမှလည် မကောင်းတဲ့ဝန်ထမ်းတစ်ချို့ကြောင့် တပ်ဖွဲ့တစ်ခုလုံးပြည်သူအထင်သေးခံရတာမျိုးမဖြစ်အောင် စံနမူနာအနေနဲ့ စခန်းမှူးပါ ရဲတပ်ဖွဲ့ဝင် ၃ ဦးလုံးကို ထိရောက်စွာအရေးယူပေးပါလို့ ထပ်ဆင့်တောင်းဆိုပါတယ်။
#အမွှာညီနောင်
https://www.isabellaonlinemm.com/18465/?fbclid=IwAR15Q31KwYSq-M7cGbpsZY5H-16uPe8K6zZEShTtSH6RwyQJwl9vxCf3c3k
No comments:
Post a Comment