လေဖြတ်တော့မယ်ဆိုတာ ကြိုတင်သိနိုင်တဲ့အချက်များ နှင့် ကာကွယ်နည်းများ
လေဖြတ်ခြင်းကိုစောစောစီးစီးဘယ်လိုသိနိုင်မလဲ ?
လေဖြတ်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ဘယ်လိုကာကွယ်မလဲ ?
လေဖြတ်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ဘယ်လိုကာကွယ်မလဲ ?
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီးဖြစ်သော WHOရဲ့ ကြေငြာချက်အရ သေစေတတ်သောရောဂါများအနက် လေဖြတ်ခြင်းဟာ တတိယမြောက်ဖြစ်ပါတယ်။လေဖြတ်ခြင်းကို အချိန်မီသိရှိပါက နောက်ဆက်တွဲဆိုးကျိုးတွေမဖြစ်အောင် ကာကွယ်နိုင်ပေမယ့်လဲ လူတော်တော်များများက အချိန်မီမသိရှိနိုင်တာမို့ စောစီးစွာ ဆေးကုသမှုခံယူချိန်မရလိုက်ပါဘူး။
လေဖြတ်ခြင်းကို ဘယ်လိုသိနိုင်မှာလဲ?
လေဖြတ်ခြင်းကို (၁)ဦးနှောက်သွေးကြောပေါက်ခြင်း (၂)ဦးနှောက်သွေးကြောပိတ်ခြင်းဆိုပြီး ဆေးပညာအရ၂မျိုခွဲထားပါတယ်။
စစ်တမ်းများအရ လေဖြတ်ခြင်းရဲ့၈၀ရာနှုန်းက ဦးနှောက်သွေးကြောပိတ်ဆို့ခြင်းကြောင့်ဖြစ်ပါတယ်။သွေးကြောပိတ်ဆို့ခြင်းကြောင့်လေဖြတ်ခြင်းဟာအဖြစ်များသလောက် အစပိုင်းတွင်ရောဂါ လက္ခဏာမပြသတာကြောင့် သိရှိဖို့လဲ ခဲယဉ်းပါတယ်။

ဦနှောက်သွေးကြောပိတ်ခြင်းကြောင့်ဖြစ်သောလေဖြတ်ရခြင်းရဲ့ အကြောင်းရင်းမှာ ဦးနှောက်ဆီသို့ သွေးစီးဆင်းသောသွေးကြောတစ်နေရာတွင် သွေးခဲဖြင့်ပိတ်ဆို့ခြင်းကြောင့်ဖြစ်ပါတယ်။ထိုအခါပိတ်ဆို့သွားသောသွေးကြောနေရာရှိ ဦးနှောက်တစ်ရှူးမှာ တဖြည်းဖြည်းဖောင်းလာပြီး ဦးခေါင်းခွံအတွင်းတွင် ပိုမိုနေရာယူလာရာမှ ဦးနှောက်အတွင်းသားဖိအားမြင့်တက်လာပါတယ်။ထိုအခါ အလွန်ခေါင်းကိုက်ခြင်းဖြစ်ပေါ်လာပါတယ်။ ထို့နောက်မှာတော့ဦးနောက်တစ်ခုလုံးမှာဖိအားကိုခံစားလာရပါတယ်။ လေဖြတ်စဉ်မှာ ထိုလူရဲ့ ခြေ လက်များ လှူပ်မရနိုင်သလို သူ့ရဲ့စကားပြောအာရုံနဲ့ အကြားအာရုံတွေပါအလုပ်မလုပ်နိုင်တော့ပါဘူး။တစ်ချို့သောလေဖြတ်ခြင်းတွေမှာဆို လူနာအနေနဲ့ ထင်ယောင်ထငိမှားတွေပါဖြစ်လာတတ်ပါတယ်။
အချို့သော လေဖြတ်ခြင်းအနုစားတွေမှာ လွန်ခဲ့သော ၁၀နှစ်ခန့် သို့မဟုတ် မနေ့က အဖြစ်အပျက်များကိုပါ မေ့သွားတတ်ပါတယ်။ ပိုဆိုးလာပါက လူတစ်ကိုယ်လုံး လှုပ်ရှားလို့မရတော့ပါ၊
အချို့သော လေဖြတ်ခြင်းအနုစားတွေမှာ လွန်ခဲ့သော ၁၀နှစ်ခန့် သို့မဟုတ် မနေ့က အဖြစ်အပျက်များကိုပါ မေ့သွားတတ်ပါတယ်။ ပိုဆိုးလာပါက လူတစ်ကိုယ်လုံး လှုပ်ရှားလို့မရတော့ပါ၊
ဦးနှောက်သွေးကြောပိတ် လေဖြတ်ခြင်းရဲ့ လက္ခဏာများ
မျက်နှာ သို့ ခြေ လက်များ ရုတ်တရက်ထုံခြင်း၊အားနည်းခြင်း (များသောအားဖြင့် ကိုယ်တခြမ်းတည်း)၊ စကားမပြောနိုင်တော့ခြင်း သို့ ပြောသည်ကိုနားမလည်ခြင်း၊ အမြင်အာရုံအားနည်းခြင်း၊ မူးဝေခြင်း၊လမ်းမလျှောက်နိုင်ခြင်း၊အာရုံစိုက်မရခြင်း၊ ရုတ်တရက် အလွန်အမင်းခေါင်းကိုက်ခြင်း၊ အောက်ပါလကဏများရှိပါကလဲ ဆရာဝန်ထံ အမြန်သွားပြဖို့လိုပါတယ်။ မူးဝေရာမှအော့အန်ခြင်း၊ ဦးခေါင်းအနောက်ကြွက်သားနာကျင်ခြင်း၊ အန်ခြင်း၊ မျက်လုံးများညိုမည်းခြင်း၊ တစ်နေရာတည်းကိုအချိန်ကြာမြင့်စွာကြည့်နေခြင်း(ရည်ရွယ်ချက်မရှိပဲ)။

သင့်အနီးက လူတစ်ယောက် လေဖြတ်နေပြီဟု သံသယရှိပါက သင်ဘာလုပ်သင့်သနည်း
-သူ့ကို ပြုံးခိုင်းပါ။မျက်နှာ တစ်ခြမ်းရွဲ့မရွဲ့ကို အကဲခတ်ပါ။
-လက်နှစ်ဖက်လုံးကို အပေါ်မြှောက်ခိုင်းပါ။လက်တစ်ဖက်နဲ့တစ်ဖက်ညီမညီကြည့်ပါ။
-စာတစ်ကြောင်း ကိုထပ်ခါထပ်ခါရွတ်ခိုင်းပါ။စာလုံးများ ပီသမှန်ကန်မှု ရှိမရှိစစ်ဆေးပါ။
လေဖြတ်သည်ဟု သံသယရှိပါက ချက်ချင်းဆေးရုံပို့ရပါမည်။လေဖြတ်ခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်ဖို့အတွက် ပထမ၁နာရီအတွင်း ပို့နိုင်ပါက အကောင်းဆုံးဖြစ်သည်။

Credit – Dr Jue (Daily Hot News)
https://www.isabellaonlinemm.com/2213/?fbclid=IwAR2INVKP1naGXl4Ztfsf8FMII3WGveH8i5EDKA82R2cBWibD9YRsl8l8cPU
No comments:
Post a Comment