အမျိုးသမီးခရီးသွားတွေရဲ့ စိတ်ဆန္ဒ လိုအင်မှန်သမျှကို ဖြည့်ဆည်းဝန်ဆောင်မှုပေးနေသော ဘာလီကျွန်းက ကိုယ်ရံတော် ဖွင့်ဟပြောပြလာတဲ့ “အထီးကျန်အမျိုးသမီးတွေ ရဲ့ တောင့်တမှု “
(Zawgyiဖြင့် ဖတ်ရန်)
အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ နိုင်ငံတကာက အမျိုးသမီးခရီးသွားတွေအကြားရေပန်းစားနေတဲ့ အမျိုးသားတစ်ယောက်ရှိတယ်။ သူကတော့ သူ့ကိုယ်သူ Bali Boyfriend လို့ခေါ်ပါတယ်။

သူအရမ်းနာမည်ကြီးနေတဲ့အချက်က သူဟာ အထီးကျန်နေတဲ့အမျိုးသမီးတွေကို အကောင်းဆုံးအဖော်လုပ်ပေးနိုင်တဲ့အချက်ပါ။
အဖော်လုပ်ပေးတယ်ဆိုတဲ့နေရာမှာ လိင်ကိစ္စတင် မဟုတ်ပဲ အမျိုးသမီး နဲ့အတူ ကျွန်းကို လျှောက်လည်တာ၊ နေဝင်ချိန်ရှုခင်းအတူတူကြည့်တာ၊ ညစာအတူတူစားတာတွေနဲ့ သူမ ကျွန်းပေါ်မှာရှိနေတဲ့အချိန်တောက်လျှောက် ချစ်သူတစ်ဦးလို အဖော်ပြုပေးတာတွေ ပါဝင်ပါတယ်။သူ့နာမည်က Steve ပါ။

သူ့ကို bodyguard အဖြစ်ဌားရမ်းကြသူတွေကတော့ အများအားဖြင့် အမျိုးသမီးတွေဖြစ်ကြပြီး ၃၅ ကနေ ၄၀ ကြားအရွယ်တွေများပါတယ်။
နောက်ပြီး အမျိုးသမီးတွေဟာ လိင်ကိစ္စထက်စာရင် အပေါ်မှာ ပြောပြခဲ့တဲ့အရာတွေကို ပိုပြီးတောင့်တတတ်ကြတယ်တဲ့။

သြစတေးလျန်း၊ ကိုရီးယန်း၊ ဂျပန် နဲ့ အနောက်နိုင်ငံသူတွေက သူ့ကိုဌားရမ်းကြတယ်။ အဲ့ဒီအတွက် သူက အမျိုးသမီးတွေရဲ့ အထီးကျန်စိတ်ကို လျော့ပါးသွားအောင်အပြင် သူတို့ရဲ့ စိတ်ဆန္ဒတွေကိုပါ ဖြည့်ဆည်းပေးရပါတယ်။
အဲ့ဒီအတွက် Steve က ငွေကြေးဘယ်ရွေ့ဘယ်မျှဆိုပြီး မသတ်မှတ်ထားပါဘူး။ သူတို့ကျေနပ်လို့ပေးသလောက်ကိုပဲ ယူပါတယ်။

နောက်ပြီး သူ့အနေနဲ့ Body Guard တစ်ယောက်အဖြစ်လုပ်ကိုင်နေတာ ငွေကြောင့်မဟုတ်ပဲ လူတွေနဲ့ပိုပြီး နီးကပ်တဲ့ ဆက်ဆံမှုတစ်မျိုးကိုလိုချင်တာဖြစ်တယ်လို့ပြောပါတယ်။
အမျိုးသမီးတွေဟာ သက်ဆိုင်ရာ ချစ်သူရည်းစား၊ ခင်ပွန်းတွေဆီက တန်ဖိုးကြီးလက်ဆောင်တွေ၊ ငွေကြေးတွေရတာထက်စာရင် သူတို့စိတ်ခံစားချက်ကိုနားလည်ပေးပြီး သူတို့ကိုဂရုစိုက်မှုပိုပေးတာမျိုးတွေကိုပဲ ပိုပြီးလိုချင်ကြတာလို့ Steve ကဆိုပါတယ်။

တကယ်လို့ ဌားရမ်းသူ အမျိုးသမီးက ဆန္ဒရှိလာလို့ အိပ်ယာပေါ်တက်သွားခဲ့ရင်လည်း သူတို့စိတ်ဆန္ဒရှိတဲ့အတိုင်း ဖြည့်ဆည်းပေးဖို့ သူ့ဘက်က ကတိပေးနိုင်တယ်လို့Steve က ထပ်လောင်းပြောကြားခဲ့ပါတယ်။crd

(Unicodeဖြင့် ဖတ်ရန်)
https://myanmarpeoplealliance.com/archives/9514?fbclid=IwAR0zi5LVTLFcuavUumuwLBaSGesqiCBp2an96rKfWKQrJo6igRFeXOHjFIs
No comments:
Post a Comment