ဘဏ္ အမွားေၾကာင့္ ညတြင္းခ်င္း မီလီယံနာျဖစ္သြားတဲ့ (၁၈) ႏွစ္အရြယ္ေကာင္ေလး
UK, Belfast မွ အ သက္ (၁၈) ႏွစ္အရြယ္ ေကာင္ေလးကေတာ့ ဘဏ္ရဲ႕အမွားေၾကာင့္ ညတြင္းခ်င္း သန္းၾကြယ္သူေဌးတစ္ဦးျဖစ္ကာ Porsche ကားတစ္စီးဝယ္ဖို႕ေတာင္ စီစဥ္ေနခဲ့ပါတယ္။
Dane Gillespie ဟာ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႕ (၂၀၁၉ ဇန္နဝါရီလ ၃၀ ရက္ေန႕) က အိပ္ယာႏုိးႏုိးခ်င္း အံ့ၾသဖြယ္ရာအျဖစ္အပ်က္နဲ႕ၾကံဳေတြ႕ခဲ့ရပါတယ္။ ဘဏ္မွ ပိုက္ဆံထည့္လိုက္ၿပီျဖစ္တဲ့ message တ
စ္ေစာင္ေရာက္လာခဲ့လို႕ ဖုန္းထဲကေန ဘဏ္စာရင္းလက္က်န္ေငြကို စစ္ေဆးခဲ့ရာ လံုးဝမထင္မွတ္ထားတဲ့ ေငြပမာဏႀကီးဟာ သူ႕ရဲ႕ဘဏ္အေကာင့္ထဲေရာက္ေနခဲ့ပါတယ္။

ဒါေၾကာင့္ ဝမ္းသာအားရနဲ႕ ဖခင္ျဖစ္သူကို သြားေျပာခဲ့ပါတယ္။ Dane ရဲ႕ ဖခင္ဟာလည္း ဇနီးျဖစ္သူ Caroline ကို အေၾကာင္းၾကားခဲ့ပါတယ္။ ယူရို (၈,၉၀၀,၀၀၀) တိတိဟာ ခ်က္လက္မွတ္မွတစ္ဆင့္ Dane ရဲ႕ ဘဏ္စာရင္းထဲ ဝင္ေနခဲ့တာပါ။
ဇန္နဝါရီလထဲ Dane ရဲ႕ အဖြားဟာ Dane ကို မုန္႕ဖို႕ေပးတဲ့အေနနဲ႕ ယူရို (၈,၉၀၀) ကို ခ်က္လက္မွတ္ေရးၿပီးေပးခဲ့ပါတယ္။ အဲဒီခ်က္လက္မွတ္ကို Dane ဟာ Nationalwide ဘဏ္ရဲ႕ Donegall Place ဘဏ္ခြဲမွာ သြားျပကာ သူ႕ရဲ႕ကိုယ္ပိုင္ဘဏ္စာရင္းထဲ လႊဲေပးဖို႕ ဘဏ္ကိုေျပာခဲ့ပါတယ္။
ပိုက္ဆံထည့္ခိုင္းလိုက္တာ ယူရို (၈,၉၀၀) ကို တကယ္တမ္းဝင္လာတဲ့အခါမွာေတာ့ ယူရို (၈,၉၀၀,၀၀၀) ေတာင္ ဝင္လာခဲ့တာပါ။ မိခင္ျဖစ္သူ Caroline ဟာ ဒီအေၾကာင္းၾကားၾကားျခငး္ပဲ အိမ္သို႕ျပန္
လာခဲ့ရပါတယ္။ အိမ္ေရာက္တဲ့အခါမွေတာ့ သားျဖစ္သူ Dane က Porsche ကားကိုဝယ္ဖို႕ေတာင္ စီစဥ္ေနခဲ့ပါၿပီ Caroline ကေတာ့ သားျဖစ္သူ Dane ဆီဝင္လာတဲ့ပိုက္ဆံေတြဟာ သူမ်ားဟာေတြျဖစ္
တာမို႕ မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္တစ္ခုကို ခ်မွတ္ခဲ့ပါတယ္။ ပိုက္ဆံေတြမွားဝင္လာတာကို သက္ဆိုင္ရာဘဏ္သို႕အေၾကာင္းၾကားခဲ့ပါတယ္။ Dane ကေတာ့ ဆယ္ေက်ာ္သက္ပီပီ ၿပိဳင္ကားတစ္စီးဝယ္ခ်င္ေနခဲ့တာပါ။
ဘယ္လိုပဲျဖစ္ျဖစ္ Dane ရဲ႕ဆယ္ေက်ာ္သက္ဘဝမွာ အခ်ိန္ပိုင္းမီလီယံနာျဖစ္ဖူးသြားတာေပါ့။
Unicode ျဖင့္ဖတ္ရန္
UK, Belfast မှ အ သက် (၁၈) နှစ်အရွယ် ကောင်လေးကတော့ ဘဏ်ရဲ့အမှားကြောင့် ညတွင်းချင်း သန်းကြွယ်သူဌေးတစ်ဦးဖြစ်ကာ Porsche ကားတစ်စီးဝယ်ဖို့တောင် စီစဉ်နေခဲ့ပါတယ်။
Dane Gillespie ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ (၂၀၁၉ ဇန်နဝါရီလ ၃၀ ရက်နေ့) က အိပ်ယာနိုးနိုးချင်း အံ့သြဖွယ်ရာအဖြစ်အပျက်နဲ့ကြုံတွေ့ခဲ့ရပါတယ်။ ဘဏ်မှ ပိုက်ဆံထည့်လိုက်ပြီဖြစ်တဲ့ message တစ်
စောင်ရောက်လာခဲ့လို့ ဖုန်းထဲကနေ ဘဏ်စာရင်းလက်ကျန်ငွေကို စစ်ဆေးခဲ့ရာ လုံးဝမထင်မှတ်ထားတဲ့ ငွေပမာဏကြီးဟာ သူ့ရဲ့ဘဏ်အကောင့်ထဲရောက်နေခဲ့ပါတယ်။
ဒါကြောင့် ဝမ်းသာအားရနဲ့ ဖခင်ဖြစ်သူကို သွားပြောခဲ့ပါတယ်။ Dane ရဲ့ ဖခင်ဟာလည်း ဇနီးဖြစ်သူ Caroline ကို အကြောင်းကြားခဲ့ပါတယ်။ ယူရို (၈,၉၀၀,၀၀၀) တိတိဟာ ချက်လက်မှတ်မှတစ်ဆင့် Dane ရဲ့ ဘဏ်စာရင်းထဲ ဝင်နေခဲ့တာပါ။
ဇန်နဝါရီလထဲ Dane ရဲ့ အဖွားဟာ Dane ကို မုန့်ဖို့ပေးတဲ့အနေနဲ့ ယူရို (၈,၉၀၀) ကို ချက်လက်မှတ်ရေးပြီးပေးခဲ့ပါတယ်။ အဲဒီချက်လက်မှတ်ကို Dane ဟာ Nationalwide ဘဏ်ရဲ့ Donegall Place ဘဏ်ခွဲမှာ သွားပြကာ သူ့ရဲ့ကိုယ်ပိုင်ဘဏ်စာရင်းထဲ လွှဲပေးဖို့ ဘဏ်ကိုပြောခဲ့ပါတယ်။
ပိုက်ဆံထည့်ခိုင်းလိုက်တာ ယူရို (၈,၉၀၀) ကို တကယ်တမ်းဝင်လာတဲ့အခါမှာတော့ ယူရို (၈,၉၀၀,၀၀၀) တောင် ဝင်လာခဲ့တာပါ။ မိခင်ဖြစ်သူ Caroline ဟာ ဒီအကြောင်းကြားကြားခြငး်ပဲ အိမ်သို့ပြန်လာခဲ့ရပါတယ်။ အိမ်ရောက်တဲ့အခါမှတော့ သားဖြစ်သူ Dane က Porsche ကားကိုဝယ်ဖို့တောင် စီစဉ်နေခဲ့ပါပြီ။
Caroline ကတော့ သားဖြစ်သူ Dane ဆီဝင်လာတဲ့ပိုက်ဆံတွေဟာ သူများဟာတွေဖြစ်တာမို့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ပါတယ်။ ပိုက်ဆံတွေမှားဝင်လာတာကို သက်ဆိုင်ရာဘဏ်သို့အကြောင်းကြားခဲ့ပါတယ်။ Dane ကတော့ ဆယ်ကျော်သက်ပီပီ ပြိုင်ကားတစ်စီးဝယ်ချင်နေခဲ့တာပါ။
ဘယ်လိုပဲဖြစ်ဖြစ် Dane ရဲ့ဆယ်ကျော်သက်ဘဝမှာ အချိန်ပိုင်းမီလီယံနာဖြစ်ဖူးသွားတာပေါ့။
Facebook Comments
https://www.isabellaonlinemm.com/16439/?fbclid=IwAR3Wkuo20qTAkTMCSpz4F7_JggHu0ZHdm0Cg1OnD2P5tLCgIjaZcl_HDI4I
No comments:
Post a Comment