Crush က ပြန်ကြိုက်ရင် မကြိုက်ဘူးဆိုတဲ့ ဟန်နာယူရီ

ဒီနေ့မှာတော့ မိန်းကလေးပရိတ်သတ်ရော ယောက်ျားလေးပရိတ်သတ်ပါ အခိုင်အမာ ရရှိထားတဲ့ makeup artistတစ်ယောက်ဖြစ်တဲ့ စကားသံဝဲဝဲလေးနဲ့ ချစ်စရာကောင်းတဲ့ ဟန်နာယူရီရဲ့ လာမယ့်သင်္ကြန်planတွေ ဘယ်လိုရှိလဲ သူမရဲ့အချစ်ရေးကရော ဘာတွေထူးခြားလဲဆိုတော့ကို ပြောပြသွားမှာပဲဖြစ်ပါတယ်

သင်္ကြန်မှာတော့ သူမအနေနဲ့ “အခြားနိုင်ငံကို ရိုက်ကူးရေးအနေနဲ့ ခရီးထွက်ဖို့ရှိပါတယ် သင်္ကြန်ကို ငယ်ငယ်တုန်းကတော့ သဘောကျပါတယ် ဒါပေမယ့် အသက်ကြီးလာတော့ သင်္ကြန်တို့ ပွဲတို့ဆို မသွားဖြစ်တော့ဘူးရှင့် အိမ်မှာပဲ နေဖြစ်တာများပါတယ် သင်္ကြန်နဲ့ ပတ်သက်ပြီး ငယ်ငယ်တုန်းကဆို မိုးကုတ်မှာ ရပ်ကွက်ထဲက ကလေးတွေကို အကသင်ပေးတယ် အကဆရာမအနေနဲ့ပေါ့နော် မဏ္ဍပ်တွေမှာ လိုက်ကတယ် အဲ့ဒါကတော့ မှတ်မှတ်ရရပါပဲ”လို့ သူမရဲ့ငယ်ငယ်က သင်္ကြန်ကို ဖြတ်သန်းခဲ့ပုံ အမှတ်တရကို ပြောပြသွားခဲ့ပါတယ်။ဆက်လက်ပြီး သူမအနေနဲ့”သင်္ကြန်ရောက်တာပဲ ဖြစ်ဖြစ် New yearရောက်တာပဲ ဖြစ်ဖြစ်ပေါ့နော် နှစ်ဟောင်းမှာ ညီမတို့ လုပ်ခဲ့တဲ့အမှားတွေရှိမယ် ကိုယ့်ကိုယ်ကိုယ် မကောင်းတဲ့ အကျင့်ဆိုးတွေ ဘာတွေရှိမယ် အဲ့တော့ နှစ်သစ်မှာ ကိုယ်က ဒီထက်မက ပိုပြီးတော့ အောင်မြင်အောင် ကြိုးစားရမယ် ပိုပြီးတော့ပေါ့နော် ကိုယ်ဘာအကောင်းတွေ လုပ်နိုင်မလဲ အမြဲတမ်း improveလုပ်ပေးနိုင်ဖို့လည်း အချက်အလက်ပေးတဲ့ အချိန်တစ်ခုလို့ သတ်မှတ်ပါတယ်”လို့ သင်္ကြန်နဲ့ပတ်သက်ပြီး သူမရဲ့ခံယူချက်ကို ပြောပြခဲ့ပါတယ်

ရိုက်ကူးရေးအနေနဲ့ သူမက “သင်္ကြန်တွင်းရိုက်ကူးရေးဆိုပြီးတော့ပေါ့နော် ခရီးသွားဗွီဒီယို ပုံစံမျိုးလေးတွေ ဘန်ကောက်မှာ အဲ့လိုမျိုး ရိုက်ကူးဖြစ်တာလေးတွေလည်း ရှိတယ်ရှင့် ဘန်ကောက်သင်္ကြန်မှာ ပြီးရင် EDMပွဲတွေကို သူငယ်ချင်းတွေနဲ့သွားဖြစ်တာတွေရှိပါတယ်ရှင့်”ဆိုပြီး ပြောပြသွားခဲ့ပါတယ်

လောတလော အနုပညာလှုပ်ရှားမှုအနေနဲ့ သူမက” ကြော်ငြာရိုက်ထားတာလေးတွေတော့ ရှိတယ်ရှင့် Magazineတွေဘာတွေမှာ ရိုက်ကူးရေးတွေက ပုံမှန်တော့ ရှိပါတယ် မထွက်သေးတာပါ ထွက်လာရင်လည်း.အားပေးကြပါအုံးလို့” ပြောကြားသွားခဲ့ပါတယ်။ပရိသတ်တွေ စိတ်ဝင်စားနေတဲ့ သူမရဲ့ အချစ်ရေးကတော့ “သူငယ်ချင်းလိုမျိုးပေါ့နော် Friend Zoneလေးက ပိုကောင်းပါတယ် ဘာလို့လဲဆိုတော့ တစ်သက်လုံး လမ်းမခွဲရတော့ဘူးပေါ့ ညီမအနေနဲ့ကကျတော့ ညီမလူတစ်ယောက်ကို သဘောကျရင် အဲ့လူက ကိုယ့်ကိုပြန်သဘောကျတဲ့အချိန်မှာ ညီမသူ့ကို မကြိုက်တော့ဘူး ညီမဘက်က သဘောကျရတာကိုပဲ ကြိုက်တယ် အဲလိုမျိုးပေါ့နော် ဘာလို့လဲဆိုတော့ သူကကိုယ့်ကိုသဘောကျတယ် ကိုယ်ကလည်း သူ့ကိုသဘောကျတယ်ဆိုရင် Relationship တစ်ခုကို ရေရှည်အနေနဲ့ ဒါကြီးကို ထိန်းသိမ်းနိုင်ပါ့မလား ညီမအကျင့်နဲ့က အဲ့ဒါကြောင့် သိပ်အဆင်ပြေမှာ မဟုတ်ဘူးရှင့် အရင်ထဲကလည်း ပြောပါတယ် ညီမမှာ crushရှိတယ် ဒါပေမယ့် ညီမကို ပြန်crushရင် ညီမမကြိုက်တော့ဘူး ဒါက FAတွေရဲ့ ဆောင်ပုဒ်လို့ပဲပြောရမလား”လို့ သူမရဲ့အချစ်ပေါ်ခံယူချက်ကို ပြောပြခဲ့ပါတယ်

အခုလက်ရှိ Singleဘဝနဲ့ပတ်သက်ပြီး သူမအနေနဲ့ ” အခုလို အလုပ်သွားတာ အပြင်သွားတာကအစ ညီမသွားချင်တာသွားလို့ ရတယ် ယောက်ျားလေးသူငယ်ချင်းတွေနဲ့လည်း စကားပြောလို့ရတယ် သူတို့နဲ့ အပြင်မုန့်ထွက်စားတာတွေ ဘာတွေလုပ်လို့ရတယ် သဝန်တိုမခံရတော့ဘူး ပြီးရင် အဲ့လို လူတစ်ယောက်ကို စပြီးချစ်ရင် ညီမအနေနဲ့ ခံယူထားတာက မိခင်လိုမျိုးပေါ့နော် လိုက်ပြီးတော့ ဂရုစိုက်တတ်တယ် အိမ်ပြန်ရောက်ပြီလား ဘာစားပြီးပြီလဲ ဘယ်မှာလဲ အဲ့လိုမျိုးပေါ့နော် လိုက်ပြီးတော့ စိတ်ပူတတ်တဲ့ စိတ်ညီမမှာရှိတယ်ဆိုတော့ အခုဆို ညီမက ကိုယ့်ကိုယ်ကိုယ်ပဲ စိတ်ပူရမယ် ကိုယ်တစ်ယောက်ထဲအတွက်ပဲ ဂရုစိုက်လို့ရတယ် သူများကို ဖဲ့ပြီးတွေးနေစရာ မလိုတော့ဘူး ဒါပေမယ့် ဒီစကားက long timeအနေနဲ့ ပြောတာမဟုတ်ဘူး ညီမမှာလည်း ရှိရင်ရှိလာမှာပေါ့နော်”လို့ သူမစိတ်အေးချမ်းစွာ ဖြတ်သန်းနေရတဲ့ single Lifeအကြောင်းကို ပြောပြခဲ့ပါတယ် ။”ညီမက အခု အသက်၂၅နှစ် ရှိပါပြီ ဒါပေမယ့် အခုထိ ညီစိတ်ကြိုက်မတွေ့သေးဘူး ပြီးတော့ ညီမအလုပ်ကို နားလည်ပေးမယ့်သူမရှိသေးတာကြောင့်ပါ တကယ်လို့ ရှိလာခဲ့ရင်လည်း သေချာတယ်ဆိုရင် ပရိတ်သတ်ကြီးကို အသိပေးမှာပါ”လို့ ချစ်သူမထားဖြစ်သေးတဲ့အကြောင်းရင်းကို ဖြေသွားခဲ့ပါတယ်

အကယ်ဒမီပေးပွဲနဲ့ ပတ်သက်ပြီး သူမက” ညီမတို့က ရိုးရိုး makeup artistဆိုတော့ ဖိတ်စာလည်း မရပါဘူး တကယ်လို့ ဖိတ်စာရခဲ့ရင်တောင် ညီမအနေနဲ့ တက်ဖို့ကို အများကြီးကြိုးစားရဦးမှာပါ”လို့ပြောကြားသွားခဲ့ပါတယ်

အကယ်ဒမီဆုကို ဘယ်ကားရရှိမလဲ သူမအနေနဲ့ ကြားတာကတော့ “အခု ညီမကြားနေတာကတော့ မုန်းစွဲပေါ့နော် တော်တော်ကောင်းတယ်လို့ ပြောတယ်ရှင့် ညီမက ကျတော့ ခရီးသွားနေရတာနဲ့ ရုံချသွားတဲ့ရက်နဲ့ဆိုတော့ မကြည့်လိုက်ရဘူး feedbackတွေဘာတွေပေါ့နော် သူတို့ရဲ့ short videoတွေကိုတော့ ကြည့်ရတယ် ပရိတ်သတ်တွေတော်တော်များများကလည်း ကောင်းတယ်လို့ ပြောကြတယ် အခုနောက်ပိုင်း ဒီရုပ်ရှင်တွေက အသေးစိတ်ကအစ မိတ်ကပ် သရုပ်ဆောင်တာတွေက အစ အာရုံစိုက်လာတယ် quality တွေအကုန်ကောင်းလာကြတယ် အဲ့ဒါက ညီမတို့ makeup artistတစ်ယောက်အနေနဲ့လည်း ဒါကပိုပြီးတော့ အားရှိပါတယ်ရှင့် ပိုပြီးတော့ ကြိုဆိုပါတယ်ရှင်”ဆိုပြီး ရုပ်ရှင်လောက တိုးတက်လာတဲ့အပေါ် သူမအနေနဲ့ ဂုဏ်ယူရကြောင်း ပြေပြခဲ့ပါတယ်
“ပရိသတ်အားလုံးကိုလည်း ကျေးဇူးတင်ပါတယ် ဒီထက်မက ဟန်နာယူရီကို ပိုပြီးတော့ အားပေးပါအုံး”လို့ ပြောကြားသွားခဲ့ပါတယ်
https://nanmalgyi.com/archives/59537?fbclid=IwAR2w2vES_LyonAKTbLxiWQ6IzqjpRy-SSesn6leHbb7S35lupl_dUXWESdY
No comments:
Post a Comment